မသိန်းရှင်ဆီပို့ပေးပါ

( 5 မှတ်ချက်)

13500 (ကျပ်)

…

စာမျက်နှာ

235

စာအုပ်အရွယ်အစား

5.2 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုအနုပညာ၊2016 ဒီဇင်ဘာလ

စျေးနှုန်းအပြောင်းအလဲ

23.11.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 13500 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

13 in stock

မသိန်းရှင်ဆီပို့ပေးပါ အား ဝေဖန်သုံးသပ်မှု 5 ရှိပါသည်။

  1. Yaminn –

    မသိန်းရှင် တဲ့
    နောက်တစ်ခေါက်ဖတ်ဖို့ ဆိုတာကို တော်တော်ကြီး အားတင်းလိုက်ရတဲ့စာအုပ်ပါ။
    လောကဓံကြီးက ငါ့အတွက် ဆိုးလိုက်တာ၊ ဘဝကြီးက မတရားလိုက်တာ၊ စိတ်ဓာတ်တွေ ကျလိုက်တာ ဆိုတဲ့လူတွေ ဒီစာအုပ်ကို ဖတ်မိရင် ဘာတွေဖြစ်သွားမလဲဆိုတာ တော်တော် သိချင်တာရှင့်။

    နောက်ပြီးတော့ မီးရထားစီးတိုင်း သတိရမိတဲ့၊ ဘယ်တော့မှ တဖန်ပြန်ပြီး သမိုင်းတစ်ပတ်ပြန်မလည်ချင်တော့တဲ့ စာအုပ်ပါပဲ။
    ၁၉၆၄ ဝန်းကျင် အာဏာသိမ်းစစ်ခေါင်းဆောင် ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီခေတ်၊ တောင်းတွင်း-ကျောက်ပန်းတောင်း ရထားလမ်းက ဘဝတွေအကြောင်းကို ထဲထဲဝင်ဝင် အသေးစိတ် ရေးထားတဲ့ မသိန်းရှင်ဆီပို့ပေးပါ ဆိုတဲ့စာအုပ်ဟာ ဒီနေ့အထိ လူထုအပေါ်လွှမ်းမိုးခဲ့ လွှမ်းမိုးဆဲပါ။

    မသိန်းရှင် ဆိုလို့ မသိန်းရှင် ဘယ်ကနေ ပေါ်လာမှာပါလိမ့်လို့ ထင်နေမိပေမယ့် တစ်အုပ်လုံးမှာမှ ၂ နေရာသာ ပါခဲ့တဲ့ ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ အသက် တောင်တွင်းက မသိန်းရှင်ဟာ ဒီစာအုပ်ကို ဖတ်ဖို့ စာမတတ်ရှာလေတော့ ဘေးလူကိုဖတ်ပြခိုင်းရင်းနဲ့ ငိုပါသတဲ့။

    မိဘကိုလုပ်ကျွေးနေရတဲ့ လက်မှတ်စစ်ကလေး ကိုရင်မောင်ကနေပြီး ဇာတ်အိမ်တည်ထားပေမယ်လို့ ရထားတစ်စီးလုံးမှာပါတဲ့ ဇာတ်ကောင်တွေသာမက သူတို့ရဲ့မိသားစုတွေဆီက အပူတွေကိုပါ ခံစားရ၊ စာနာရပါတယ်။
    ထန်းလျက်တောင်းကလေးကိုတောင် နယ်ကျော်ပြီး သယ်ခွင့်မပြုတဲ့ခေတ်မှာ ငါ့ဝမ်းပူဆာ မနေသာဆိုတာတင်မက ငါ့မိသားစုတွေရဲ့ဝမ်းတွေပါ ပူဆာလာပြန်တော့ အမျိုးကောင်းသမီးကလေးတွေ မှောင်ခိုသမားဖြစ်မှန်း မသိ ဖြစ်ရ။
    ဘဝတွေ နွံနစ်ရ။
    ကိုယ်ဝန်ရှိလာတာ ဘယ်သူ့လက်ချက်မှန်း မသိတာတောင် လွမ်းရေးထက်ဝမ်းရေးခက်တာမို့ ဂရုမထားနိုင်အားတဲ့ မိန်းကလေးနုနုငယ်ငယ်လေးတွေ။
    တောင်မင်းကို မြောက်မင်းမကယ်နိုင်ကြတဲ့ မိသားစုတွေ။
    အာဏာနှမ်းစေ့လောက်ရတာနဲ့ ရေနစ်သူဝါးကူထိုးကြတဲ့ လူတွေ။
    ဒီလို ဘဝတွေကြားထဲက ဖြူစင်တဲ့ မေတ္တာတွေကို ကွက်ကွက်ကွင်းကွင်း မြင်ရအောင် ရေးထားတာပါ။
    တစ်အုပ်လုံးကို မောနေအောင် ဖတ်ခဲ့ရတဲ့နောက် အဆုံးသတ်မှာ မိအို ဖအိုကြီးနဲ့ မောင်လေးကို ရှာဖွေးကျွေးနေရတဲ့ မှောင်ခိုသမလေး ညိုညို ပြောသွားတဲ့ စကားလေးမှာ အသက်ရှုရပ်မတတ်ပါပဲ။

    ခေတ်စနစ်ဆိုးကြီးကို ကိုယ်တိုင်ဖြတ်သန်းနေရသလို မျက်ဝါးထင်ထင် မြင်ရမှာမို့ စိတ်မောလူမော ခံစားရမှာပါ။ ဒါပေမယ့် ဒီနိုင်ငံကြီးဟာ တစ်ချိန်က ဒီလို ဖြစ်ခဲ့ပါလားဆိုပြီး သမိုင်းအစစ်ကိုသိဖို့ ဘဝမှာ တစ်ခါတော့ ဖတ်သွားရမယ့်စာအုပ်တစ်အုပ် ဖြစ်တာကြောင့် ဖတ်ကိုဖတ်ကို တိုက်တွန်းချင်ပါတယ်။

  2. Elliah Wayy –

    ဘဝမှာ အကြိုက်ဆုံးနဲ့ အမှတ်ရဆုံး စာအုပ်လေး တစ်အုပ်ဆိုလည်း မမှားပါဘူး..ရထားကြီးတစ်စင်းကို အကြောင်းပြုရင်း ဝမ်းရေးရှာသူတွေက ရှာ..အမြတ်ထုတ်သူတွေက ထုတ်..ဆင်းရဲမွဲတေမှုကို အံကြိတ်ခံသူတွေနဲ့ လောကဓံကို ဖြတ်ခနဲ ဖြတ်ခနဲ စိတ်ကုန်သွားစေတာတောင် မငတ်အောင် ရှင်သန်နေထိုင်တတ်ကြတဲ့ ရထားပေါ်က ကုန်ရောင်းဝယ်သူတွေ..အတိအလင်းရောင်းချလို့ ရတဲ့ကုန်ဆိုတာ ရောင်းလို့သာရ..ပိုက်ဆံပေါပေါများများမရဘဲ စစ်ဆေးရေးနဲ့တွေ့ရင် ပေးရကမ်းရ..ရထားလက်မှတ်ခ မတတ်နိုင်လို့ ခိုးစီးသူက စီးနဲ့ပေါ့…ဒီစာအုပ်ထဲမှာ လက်မှတ်စစ်ကလေး ကိုရင်မောင်နဲ့ ဈေးသည်မလေး ညိုညိုတို့ ရဲ့ အချစ်ခရီးလမ်း ကြမ်းတမ်းပုံတွေ…ညိုညိုရဲ့ ဆင်းရဲမာနကြီးပုံတွေဟာ အံ့ြသလေးစားဖွယ်ရာပါပဲ.. (ခေါင်းလိမ်းစရာ အုန်းဆီမရှိလို့ ပဲဆီဆွတ်လာတဲ့နေ့မှာ ရင်မောင်ရှေ့မှာ ရှက်နေတဲ့ ညိုညိုဟာ တမူချစ်စရာ..)
    ရထားပေါ်က တခြားသော မိန်းကလေးများရဲ့ဘဝပျက်စီးမှုတွေဟာလည်း ဆင်းရဲခြင်းကသာ တရားခံဖြစ်နေမလား မပြောတတ်..
    မသိန်းရှင် ဟာ ဘယ်တော့ပေါ်လာမှာလဲ..ဘယ်သူလဲလို့ စိတ်တသသဖြစ်ရတဲ့အထိ ဇာတ်လမ်းလမ်းကြောင်းကောင်းမှုတွေကြောင့်
    နိုင်ဝင်းဆွေ ရဲ့ မသိန်းရှင်ဆီ ပို့ပေးပါ စာအုပ်ဟာ ရင်ထဲမှာ မြေ့ကနဲ ခံစားရစေတဲ့ ရသစာအုပ်ကောင်းတစ်အုပ်ဖြစ်လာပါတော့တယ်..
    ခေတ်မကောင်းတော့ ထန်းလျက်တောင် မှောင်ခိုရောင်းယူရတဲ့ ၁၉၆၀-၇၀ ဝန်းကျင်ကာ‌လတွေဟာ အတိတ်မှာ ရထားတစ်စင်းထဲ ကျန်ရစ်ခဲ့ပြီး စာဖတ်သူရင်ထဲလည်း ကျန်ရစ်ခဲ့သော စာအုပ်ကောင်းတစ်အုပ် ဖြစ်နေပါတော့တယ်..

  3. Aye Myint Han (verified owner) –

    #မသိန်းရှင်ဆီပို့ပေးပါ
    နိုင်ဝင်းဆွေ
    ဤဝတ္ထုနှင့်ပတ်သက်၍ရှုမဝဦးကျော်နှင့်နိုင်ဝင်းဆွေတို့
    အပြန်အလှန်ပေးစာများပါသည်ဆိုလေတော့
    ဘာလဲပေါ့၊အဒီ့ခေတ်ကာလတုန်းကဒီစာအုပ်နဲ့ပတ်သက်ပြီးဘာတွေဖြစ်ခဲ့သလဲနဲ့စိတ်ဝင်စားသွားခဲ့ပြီး…အိတ်ဖွင့်ပေးစာကနေ…စ..ဖတ်ဖြစ်တော့…
    ပထမတွေးမိတာလေးက
    မှန်ရာကိုမှန်တဲ့အတိုင်းကလောင်စွမ်းနဲ့ပြောထားကြတာပါလား၊တဖက်နဲ့တဖက်ထေ့လုံးငေါ့လုံးလေးတွေနဲ့ပြောရေးလေးတွေရေးထားတာမြင်ရတော့
    နည်းတဲ့ပညာသတ္တိလားပေါ့။
    ဒါပေသိဖတ်ရင်းက
    #မသိန်းရှင်ဆီပို့ပေးပါ…ကိုအကြောင်းတည်လို့
    လူမှုရေးပွတ်တိုက်မှုလေးတွေ၊ပုဂ္ဂလခံစားချက်လေးတွေ၊
    သဘောထားအမြင်အံချော်နေကြတာလေးတွေခံစားမြင်မိပြီးအာရုံနောက်လာခဲ့တော့…အချို့ အမှာစာတွေကျော်ဖတ်ပလိုက်မိတော့တယ်😁
    အချိန်မရ၊အကြောင်းမသင့်ဖြစ်ပြီးစာဖတ်ရက်ရှည်သွားခဲ့တယ်၊
    ဇာတ်လမ်းကစွဲဆောင်နိုင်ပေမယ့်ဖတ်ရတာလူကအီလည်လည်ခံစားချက်ကြီး
    ငါစာကိုအချိန်ဆွဲဖတ်မိလို့များလားနဲ
    အတွေးမပေါက်နေခဲ့ဘူး။
    ခု…အဆုံးသတ်ဖတ်ပြီးချိန်မှာတော့
    ခေတ်
    စနစ်
    ဆင်းရဲ့မွဲတေမှု
    မှောင်ခိုသမားဘဝ
    ချစ်ခြင်းမေတ္တာ
    ရက်စက်ကြမ်းကြုတ်မှု
    လူသားဆန်တဲ့နှလုံးသားရှိပြီး
    တာဝန်နဲ့မေတ္တာကြားလွန်ဆွဲနေခဲ့ရတဲ့ပင်ပန်းဆင်းရဲမှု၊
    လောကဓံရဲ့ပြင်းထန်တဲ့ရိုက်ချက်နဲ့
    ရက်ရက်စက်စက် အဆုံးသတ်ပေးခဲ့တဲ့
    ဆရာနိုင်ဝင်းဆွေရဲ့
    #မသိန်းရှင်ဆီပို့ပေးပါ…က
    တကြောင်းကနေတရွက်
    တရွက်ကနေတပိုဒ်ဆီ…..
    ဖတ်ရင်းဖတ်ရင်းကနေ
    အဒီ့ခေတ်ဆီကိုယ့်မသိစိတ်ကအချိန်ခရီးသွားသလိုသွားနေမိရင်းကိုယ်တိုင်ညိုညိုတလှည့်ရင်မောင်တလှည့်ဖြစ်လိုက်
    ကြည်နူးဆွတ်ပျံ့လာလိုက်
    ပူဆွေးသောကတွေနဲ့ကြောက်ရွံတုန်လှုပ်လာလိုက်နဲ့
    ထွက်ပေါက်ပိတ်ရင်း…
    တကြောင်း ကနေ…တပိုဒ်ချင်းဆုံးသတ်သည်ထိစာဖတ်ရင်း
    စိတ်ဆင်းရဲနေခဲ့ရတာကို😢
    မသိန်းရှင်ဆီပို့ပေးပါ…လို့ ညိုညို့အမှာစကားလေးကြားလိုက်တော့မှ
    အသိကပ်နိုင်ခဲ့တော့တယ်။

  4. Ko myo –

    မသိန်းရှင်ဆီ ပို့ပေးပါတဲ့လား
    တကယ်ဆို သေမင်းဆီပို့ပေးပါလို့ ဖြစ်ရမှာ အာဏာကို အလွဲသုံးစားလုပ် နှမသားခြင်းမစာနာတဲ့ လူတချို့သေမင်းဆီသာပို့ပေးလိုက်ရမှာ ဝမ်းစာကို သိက္ခာနဲ့လဲကျရတဲ့ မိန်းမပျိုတွေ သူယုတ်မာလက်တွင်း ဘယ်နှစ်ယောက်များ ရှိနေမလဲ လူတေလူတေ ရိုးသားမှုနဲ့နေလို့မရအောင် ကောက်ကျစ်ကြပါလား ညိုညိုလေး ဘယ်လောက်ထိနာကျင်မှုမျိုးနဲ့ အဆုံးသတ်သွားရရှာမလဲ ကိုရင်မောင်ရော ဘယ်လိုခံစားမှုမျိုးနဲ့ အသက်ဆက်ရှင်မလဲတွေးမိရင် မျက်ရည်တွေ စို့နင့်မိတယ်ဗျာ
    ကျေးဇူးအထူးပါ ကလောင်ရှင်

  5. Khaing Khant –

    မသိန်းရှင် ဆီ ပို့ပေးပါတဲ့ လား အခု ဒီစာကိုရေးနေခဲ့တာ ၂၀၂၆ ၆လပိုင်း ၂ရက်နေ့ ပေါ့။ ဘဝမှာ ရထားကြီးများ နှင့် မစိမ်းခဲ့ပါ။ တောင်တွင်းကြီးဘက်မဟုတ်ပေမဲ့ ငယ်စဥ် ကတည်းက မန်းလေး မြစ်ကြီးနား ရထားလမ်းတလျှောက်သွားလာခဲ့သူမို့ ရထားလောက ကို အတန်သင့် ရင်းနှီးနေခဲ့ပါတယ်။ ငယ်ငယ်က ရထားလက်မှတ်တစောင် ရဖို့ ဘယ်လောက် ခက်ခဲရတဲ့ အကြောင်းတွေ။ ရထားစုံလို့ နားတာဟာ ၃နာရီ ၄နာရီ။ မန်းလေးနဲ့ အထက်ပိုင်း ကုန်ကူးကြသူမျာအမျိူးသမီးတွေဟာ စရိုက်ကြမ်းကြတယ်လို့ သတ်မှတ်ခဲ့ဖူးပါတယ် *ကိုယ်တွေ့အရ။ ဒီစာအုပ်ဖတ်ပြီး ထမင်းတလုတ်စားရဖို့ ခက်ခဲရတဲ့ ဘဝများအကြောင်း။ ကိုယ့်အဖေ ကိုယ့်အမေတို့ ဖြတ်သန်းခဲ့ရတဲ့ မှောင်မိုက်လှစွာသော ခေတ်ဆိုးကြီးကြောင်းကို ရိပ်မိသလိုလိုပါ။ အခုတော့ အဲ့ဒီ ခေတ်ရထားကြီး ဟာ အမှောင်ထဲကို ထပ်ပြီး တိုးဝင် ဖို့ အတွက် အရှိန်ယူ ခုတ်မောင်းရင်း၊ ညိုညို့ လို အမျိူးသမီးနုနုငယ်ငယ်လေးတွေဟာ ခေတ်ဆိုး ခေတ်ပျက်ကြီးရဲ့ အောက်မှာ ကွဲပြားသော ပုံစံများဖြင့် အတုံးအရုံး

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

နိုင်ဝင်းဆွေ စာအုပ်များ