ရွှေအိုရောင်အုတ်ကွက်တွေထဲမှာ ဒဏ်ရာတစ်ပိုင်းတစ်စရှိတယ်

( 0 မှတ်ချက်)

2000 (ကျပ်)

**သတိပြုရန်**

အလွမ်းဓာတ်ခံရှိသူများကို အလွမ်းဝေဒနာ တိုးစေနိုင်သော စာစုများ ဖြစ်ပါသည်။

ဆရာမမေငြိမ်းရဲ့ အက်ဆေးစာအုပ်အသစ်ဖြစ်တဲ့ ဒီစာအုပ်ထဲမှာ စာစုပေါင်း ၁၂ပုဒ် ပါပါတယ်။ ဒီစာအုပ်ထဲက စာစုတွေဟာ တက္ကသိုလ်နောက်ခံအလွမ်းစာများ၊ ကျောင်းသားဘဝ သူငယ်ချင်းများကို အမှတ်ရချက်များ၊ သီချင်းခံစားမှုများ၊ ရာသီဖွဲ့စာများ ဖြစ်ကြပါတယ်။

ဆရာမ မေငြိမ်းရဲ့ ဒီစာစုတွေဟာ ဖတ်ရှုသူတိုင်းကို ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ လွမ်းစေမှာ ဖြစ်ပါတယ်။ တချို့စာစုတွေမှာ အချစ်အကြောင်းပါတယ်။ တချို့စာစုတွေမှာ မြို့ပြရဲ့ ပြောင်းလဲမှုတွေ၊ တချို့စာစုတွေမှာ သီချင်းတစ်ပုဒ်ကြောင့် သတိရသွားစေတဲ့ ဘဝအဖြစ်အပျက်တွေ … အရသာ အစုံပါပဲ။ ဒီအရေးအသားတွေကို ပံ့ပိုးပေးမှာက သရုပ်ဖော် ပန်းချီ ဝလုံးရဲ့ သရုပ်ဖော်ပုံတွေပါပဲ။

လုံးချင်းဝတ္ထုပေါင်း ၁၅အုပ် ထုတ်ဝေခဲ့တဲ့ ဆရာမ မေငြိမ်းဟာ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ်တို့ရဲ့ မြန်မာစာဌာနတွေမှာ လက်ထောက်ကထိက၊ ကထိက ရာထူးတွေနဲ့ မြန်မာစာ သင်ကြားပြသခဲ့တဲ့ ဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။ လုံးချင်းဝတ္ထုတွေအပြင် အဆိုတော်ဇော်ဝင်းထွဋ်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို  “အသံသစ်ပြတိုက်” ဆိုတဲ့ အမည်နဲ့ စာအုပ်တစ်အုပ် ရေးသားပြုစုခဲ့ပါတယ်။ မြန်မာစာမှာ မှားတတ်တဲ့ စာလုံးပေါင်းအမှားတွေကို စုစည်းပြီး “အများမှားတဲ့ အမှားများ” ဆိုတဲ့ သတ်ပုံလမ်းညွှန်စာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။

စာမျက်နှာ

136

စာအုပ်အရွယ်အစား

5.2 x 0.3 x 6.5 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကေ်ာဝတ်ရည်စာပေ၊ 2019 ဇွန်လ၊ (ပ-ကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရွှေအိုရောင်အုတ်ကွက်တွေထဲမှာ ဒဏ်ရာတစ်ပိုင်းတစ်စရှိတယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မေငြိမ်း စာအုပ်များ