
စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာ
30000 (ကျပ်)
ဒီစာအုပ်မှာ –
▪️ စာချုပ်ချုပ်ဆိုခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ အခြေခံလုပ်ထုံးလုပ်နည်းများ
▪️ စာချုပ်ကို တရားဝင်ချုပ်ဆို၊ မှတ်ပုံတင်ပေးစေလိုမှုနှင့် သက်ဆိုင်သော တရားစွဲဆိုမှုများ
▪️ စာချုပ်ချုပ်ဆိုသူ မှတ်ပုံမတင်မီ ကွယ်လွန်သွားသည့် အခြေအနေများ
▪️ ကိုယ်စားလှယ်လွှဲစာများ မှတ်ပုံတင်ခြင်း
▪️ အမှားပြင်စာချုပ်၏ သဘောသဘာဝ
▪️ လယ်ယာမြေဥပဒေအရ မှတ်ပုံတင်ခြင်းနှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းတို့၏ ကွာခြားချက်များ
▪️ လက်ဗွေနှိပ်ယူခြင်း၊ ကော်မရှင်ဖြင့် နေအိမ်အထိ သွားရောက်စစ်ဆေးဆောင်ရွက်ခြင်း
စတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ရှင်းလင်းတင်ပြထားပါတယ်။
ဒီစာအုပ်ရဲ့ ထူးခြားချက်က စာရေးသူရဲ့ လက်တွေ့အတွေ့အကြုံပါပဲ။
>>> စာရေးသူ ဦးဇော်မင်း (နတ်မောက်) ဟာ စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်းနဲ့ နှစ် ၄၀ နီးပါး ထိတွေ့ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
>>> မြို့နယ်စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိ (Sub-Registrar) အဖြစ်မှစပြီး ခရိုင်၊ ပြည်နယ်/တိုင်းအဆင့်အထိ မှတ်ပုံတင်လုပ်ငန်းတွေကို ကြီးကြပ်စစ်ဆေးခဲ့သူဖြစ်တဲ့အပြင် ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူးတာဝန် ထမ်းဆောင်စဉ် ရန်ကုန်မြို့တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကိုပါ ကြီးကြပ်ကွပ်ကဲခဲ့သူ ဖြစ်ပါတယ်။
>>> ဒါကြောင့် ဒီစာအုပ်ဟာ ဥပဒေသဘောတရားတွေကိုသာ ဖတ်ရှုရမဲ့ စာအုပ်မျိုးမဟုတ်ဘဲ လက်တွေ့မှာ ဘယ်လိုဆောင်ရွက်ရမယ်၊ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နိုင်တယ်ဆိုတာကိုပါ လေ့လာနိုင်မယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဘယ်သူတွေ ဖတ်သင့်သလဲ။
📌 ရှေ့နေများနှင့် ဥပဒေပညာရှင်များ
📌 မြေယာ၊ အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်သူများ
📌 စာချုပ်စာတမ်းများ ချုပ်ဆို၊ မှတ်ပုံတင်ရသူများ
📌 အိမ်ခြံမြေနှင့် ပိုင်ဆိုင်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်သူများ
📌 ဥပဒေကို စိတ်ဝင်စားပြီး လက်တွေ့အသုံးချလိုသူများ
အတွက် အထူးအသုံးဝင်မယ့် စာအုပ်တစ်အုပ်ပါ။
| စာမျက်နှာ | 236 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 7.4 x 0.4 x 10.3 inches |
| ပုံနှိပ်မှတ်တမ်း | Wisdom House ၊ 2026 နိုဝင်ဘာလ (ပထမအကြိမ်) |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ