
ဝယ်သူတွေ ဘယ်လိုဆုံးဖြတ်ကြလဲ
19500 (ကျပ်)
“လူအများစုက ပစ္စည်းတစ်ခုကို ဝယ်တော့မယ်ဆိုရင် ကြောင်းကျိုးဆီလျော်မှုထက် စိတ်ခံစားမှုကိုဦးစားပေးပြီး ရွေးချယ်ကြတာများတယ်”
အခုနောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေမှာ AI အပါအဝင် နည်းပညာကို တအားအာရုံစိုက်လာကြတယ်။ နည်းပညာအရေးကြီးတာမှန်တယ်။ ဒါပေမဲ့ ထုတ်ကုန်တွေကို ဝယ်မယ့်သူတွေက စက်ရုပ်တွေမဟုတ်ဘဲ “လူတွေ” ဖြစ်နေတယ်ဆိုတာကို သတိမမေ့ဖို့လည်းလိုတယ်။ ဆိုလိုတာက လူတွေရဲ့စိတ်၊ လူတွေရဲ့အပြုအမူကို နားလည်ဖို့က မဖြစ်မနေအရေးကြီးတယ်။ လူတွေဟာ ပစ္စည်းတစ်ခုကိုဝယ်တဲ့အခါ အဲဒီပစ္စည်းကိုလိုချင်ရုံသက်သက်မဟုတ်ဘဲ သူတို့ဖြစ်ချင်တဲ့အခြေအနေ၊ သူတို့ခံစားချင်တဲ့ ခံစားချက်တစ်ခုကိုရဖို့အတွက် ဝယ်လိုက်တာဆိုတဲ့ သီအိုရီလည်းရှိတယ်။
Customer တွေရဲ့ ဝယ်ယူမှုဆုံးဖြတ်ချက်နောက်ကွယ်က စိတ်ပညာကို သေချာနားလည်ထားရင် စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် မားကက်တင်းနဲ့ အရောင်းပိုင်းမှာ အများကြီးအသုံးချလို့ရပါတယ်။ ဒီစာအုပ်မှာ ဝယ်သူတွေရဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်ချက်နဲ့ အပြုအမူတွေနောက်ကွယ်က စိတ်ပညာနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပြထားပါတယ်။
• ပစ္စည်းတစ်ခုခုကို ဝယ်တော့မယ်ဆိုရင် ကြောင်းကျိုးဆီလျော်မှုထက် ကိုယ့်စိတ်ထဲကအစွဲကိုအခြေခံပြီး ဆုံးဖြတ်တတ်တဲ့ Confirmation Bias၊
• ဩဇာကြီးတဲ့သူ၊ ကျွမ်းကျင်သူတွေရဲ့ထင်မြင်ချက်နဲ့ ညွှန်ကြားချက်တွေကို မေးခွန်းမထုတ်ဘဲ အလိုလိုယုံကြည်လက်ခံတတ်တဲ့ Authority Bias၊
• လူအများဝယ်တယ်တွေ့တဲ့အခါ တကယ်ကောင်းမကောင်းမစဉ်းစားဘဲ လိုက်ဝယ်တတ်တဲ့ Bandwagon Effect၊
• ငွေသားမပါတဲ့ ငွေပေးချေမှုနဲ့သုံးတဲ့အခါ ပိုက်ဆံပိုသုံးဖို့ဝန်မလေးတတ်တဲ့ Cashless Effect၊
• ပစ္စည်းတစ်ခုကို ကိုယ်တိုင်အားစိုက်ဖန်တီးရ၊ တပ်ဆင်ရလို့ တကယ်ရှိသင့်တာထက်ပိုတန်ဖိုးထားမိတတ်တဲ့ IKEA Effect၊
• ကုန်ပစ္စည်းကြော်ငြာတစ်ခုကို ထပ်ကာထပ်ကာမြင်နေရရင် လူသုံးများမှာပဲ၊ တကယ်ကောင်းမှာပဲလို့ ထင်တဲ့ Illusory Truth Effect၊
စသဖြင့် အတွေးအမြင်လွဲမှားမှု (Psychological Bias)၊ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှု (Psychological Effect) နဲ့ ရွေးချယ်မှုဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်မှု (Illusion of Choice) နဲ့ပတ်သက်တဲ့ ဆောင်းပါးပေါင်း ၇၀ ကို ဖတ်ရှုရမှာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေ၊ မားကက်တင်းနဲ့ အရောင်းသမားတွေအပြင် လူတွေ ဘယ်လိုတွေးခေါ်သလဲ၊ ဈေးဝယ်တဲ့အခါ ဆုံးဖြတ်ချက်တွေဘယ်လိုချကြသလဲ ဆိုတာကို စိတ်ဝင်စားတဲ့သူတိုင်း ဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 236 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာပေလမ်း 2026 စင်တင်ဘာလ (ပထမအကြိမ်) |
18 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ