Strategic Marketing

( 0 မှတ်ချက်)

18000 (ကျပ်)

စီးပွားရေးလောကမှာ မားကက်တင်းသမားတွေနဲ့ လုပ်ငန်းရှင်တွေအနေနဲ့ (အထူးသဖြင့် အသေးစားလုပ်ငန်းရှင်တွေမှာ) တစ်ယောက်တည်းကပဲ တာဝန်တွေအများကြီးယူကြရလေ့ရှိပါတယ်။ အဲဒီအတွက် အများကြီးအာရုံမစိုက်နိုင်တဲ့အခါ ကိုယ်လိုချင်တဲ့ ရလဒ်တွေရရှိဖို ခက်ခဲလေ့ရှိပါတယ်။

စာအုပ်မှာပါဝင်တဲ့ အကြောင်းအရာအားလုံးဟာ ဝယ်သူတွေရဲ့ အပြုအမူအခြေခံတွေနဲ့ ထိရောက်နိုင်တဲ့ မားကက်တင်းနည်းလမ်းတွေကို အခြေခံထားပြီး မေးခွန်းတစ်ခုစီတိုင်းအတွက် ကိုက်ညီမယ့်အဖြေတွေကို စုစည်းပေးထားတာ ဖြစ်ပါတယ်။ ဆွေးနွေးချက်တွေက အတွေ့အကြုံ၊ ရာထူး၊ လုပ်ငန်းနယ်ပယ်၊ အရွယ်အစားမရွေး ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲတွေကို ကူညီဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

အခန်းတစ်ခုစီကို ဘယ်လုပ်ငန်းအဖွဲအစည်းကမဆို လက်တွေ့အသုံးချနိုင်မှာဖြစ်ပြီး မားကက်တင်းနဲ့လုပ်ငန်းတစ်ခုကို လူတွေ ရင်ထဲရောက်ဖို ကုန်ကျစရိတ်သက်သက်သာသာနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ မားကက်တင်းသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ ဆက်နွှယ်နိုင်တဲ့ပြဿနာတွေကို အခန်းလိုက် ဖြေရှင်းချက်တွေနဲ့အတူ ဒီစာအုပ်မှာ ဖတ်နိုင်မှာပါ။

ခေါင်းစဉ်တစ်ခုစီခွဲထားတဲ့အတွက် စာဖတ်သူက အစအဆုံးဖတ်စရာမလိုဘဲ သိချင်တဲ့အပိုင်းကို ဖတ်နိုင်ပါတယ်။။ မားကက်တင်းဆိုတာ တစ်ကိုယ်ရေဉာဏ်အားတစ်ခုတည်း သုံးတာမဟုတ်ဘဲ ဝယ်သူရဲ့ လိုအပ်ချက်နဲ့ နှစ်သက်မှုတွေကိုပါ နားလည်ပြီး အသုံးချနိုင်ဖို့ပဲ ဖြစ်ပါတယ်။

စာမျက်နှာ

191

စာအုပ်အရွယ်အစား

6 x 0.5 x 8.5 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2025 ဇန်နဝါရီလ တတိယအကြိမ်

17 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“Strategic Marketing” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

အဲလက်စ်ခိုင် စာအုပ်များ