ကိုယ့်ကိုယ်ကိုယ် အောင်ပွဲခံခြင်း

( 0 မှတ်ချက်)

14000 (ကျပ်)

“လောကကို ဗိုလ်စွဲဖို့ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်အောင်ပွဲခံလိုက်ပါ”

သင် အလုပ်ပြောင်းချင်နေပါသလား။ ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်ချင်နေလား။ ဒါမှမဟုတ် စိတ်ဖိစီးမှုကင်းပြီး ရည်မှန်းချက်ပြည့်ဝတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ချင်နေတာလား။

လူတိုင်းမှာ ဘဝရည်မှန်းချက်ကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အများစုဟာ “ကြောက်ရွံ့မှု” (Fear) နဲ့ “မိမိကိုယ်ကိုယုံကြည်မှုအားနည်းခြင်း” (Lack of Confidence) ဆိုတဲ့ အတားအဆီးနှစ်ခုကြောင့် ကိုယ်တကယ်လိုချင်တဲ့ ခရီးကို မလျှောက်လှမ်းနိုင် ဖြစ်နေကြတယ်။ ဒါဆိုရင်တော့ “ကိုယ့်ကိုယ်ကိုယ်အောင်ပွဲခံခြင်း” စာအုပ်က သင့်အတွက်ပါပဲ။

ဒီစာအုပ်က သင့်ကို ..
• ကြောက်ရွံ့မှုကို သတ္တိအဖြစ် ပြောင်းလဲပေးမယ်။
• သံသယတွေကို ယုံကြည်မှုအဖြစ် တည်ဆောက်ပေးမယ်။
• တွေဝေနေမှုတွေကို ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေဖြစ်လာအောင် ကူညီပေးမယ်။

ရိုးရှင်းတယ်၊ ထိရောက်တယ်၊ လက်တွေ့ကျတယ်။ သာမန် စိတ်ခွန်အားဖြည့်စာအုပ်တွေနဲ့မတူဘဲ သင့်ဘဝရဲ့ ထိန်းချုပ်မှုကို သင့်လက်ထဲ ပြန်လည်ရောက်ရှိစေမယ့် လက်စွဲစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

“သင့်စိတ်ကို သင် အောင်ပွဲခံနိုင်ပြီဆိုရင် ကမ္ဘာကြီးကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပါပြီ”

စာမျက်နှာ

147 (woodfree papaer)

စာအုပ်အရွယ်အစား

5.5 x 0.2 x 8.5 inches

ပုံနှိပ်မှတ်တမ်း

ဉာဏ Publishing House ၊2026 ဇွန်လ (ပထမအကြိမ်)

12 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကိုယ့်ကိုယ်ကိုယ် အောင်ပွဲခံခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သုခကျော် စာအုပ်များ