ဒေးလ် ကာနတ်ဂျီ၏ ခေါင်းဆောင်လုပ်နည်း

( 0 မှတ်ချက်)

9000 (ကျပ်)

စီးပွားရေးဆိုင်ရာအကြံပေးနဲ့ ဘဝတိုးတက် အောင်မြင်ရေး လုပ်နည်းကိုင်နည်းတွေကို ချမှတ်ပေးခဲ့သူ ဒေးလ်ကာနတ်ဂျီရဲ့ ဖောင်ဒေးရှင်းက ကမကထပြုကာ ယနေ့ခေတ်နဲ့ လျော်ညီစွာ ပြုစု ရေးထားတဲ့စာအုပ် ထွက်လာပါတယ်။ စာအုပ်မှာအခန်း သုံးခန်းခွဲပြီး ဖော်ပြထားရာမှာ

ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်မှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ အခြားသူများကို အာရုံစိုက်ခြင်း စတဲ့ ခေါင်းစဉ်ငယ်လေးတွေနဲ့ အခန်း(၁)အဖြစ်၊

လူမှုဆက်ဆံရေး နိယာမများကို အသုံးချခြင်း၊ သင့်လျော်သည့် ကိရိယာများနှင့် လုပ်ငန်းစဥ်များကို အသုံးပြုခြင်း ဆိုတဲ့ ခေါင်းစဉ်ငယ်တွေနဲ့ အခန်း(၂)အဖြစ်၊

ယုံကြည်မှုနဲ့ ပုဂ္ဂိုလ်ရေးတိုးတက်မှု၊ အကောင်းမြင်ပြောင်းလဲမှုနှင့် အဖွဲ့အစည်းဆိုင်ရာကြီးထွားမှု၊ ဘုံဦးတည်ချက်နှင့် ဆန်းသစ်တီထွင်မှု အစရှိတဲ့ ခေါင်းစဉ်လေးတွေနဲ့ အခန်း(၃) အဖြစ် ရေးသားထားပါတယ်။

ဒေးလ်ကာနတ်ဂျီလေ့ကျင့်ရေး အမှုဆောင်အရာရှိချုပ်ဂျိုးဟတ်ရဲ့ စာအုပ်နိဒါန်းတစ်နေရာမှာ

“ထိရောက်မှုအရှိဆုံး ခေါင်းဆောင်တွေကို ဘယ်အရာတွေက တွန်းအားပေးသလဲ ဆိုတာကို   ကျွန်တော်တို့ ရှာဖွေချင်ခဲ့ပါတယ်။ တခြားသူတွေကို လှုံ့ဆော်ပြီး သူတို့ရဲ့အကောင်းဆုံး  အရည်အချင်းတွေကို ထုတ်ဖော်နိုင်အောင် ဒီခေါင်းဆောင်ကို ဘာကခွင့်ပြုပေးသလဲ။ အဖြေတွေရဖို့ ကျွန်တော်တို့ နိုင်ငံ ၁၃ နိုင်ငံက   လူပေါင်းထောင်ချီ ပါဝင်တဲ့ သုတေသနတစ်ခု လုပ်ခဲ့ပါတယ်။ တွေ့ရှိတဲ့အရာက တကယ်ကို   စိတ်ဝင်စားစရာကောင်းပါတယ်။ အကြီးကျယ်ဆုံး  ခေါင်းဆောင်တွေကို တွန်းအားပေးတဲ့ အရည်အချင်း လေးမျိုးရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

အဲဒီ အရည်အချင်းတွေက R.E.A.L ဆိုတဲ့   စကားလုံးကို ဖြစ်ပေါ်စေပါတယ်။

R: Reliable(ယုံကြည်စိတ်ချရသူ)
E: Empathetic(စာနာ နားလည်သူ)
A: Aspirational(အတုယူအားကျစရာကောင်းသူ)
L: Learner(အမြဲသင်ယူနေသူ)။

တစ်နည်းအားဖြင့်တော့ ကြီးမြတ်တဲ့ခေါင်းဆောင်တွေကို သူတို့ ပြောတဲ့အတိုင်း လုပ်ဆောင်သူအဖြစ် မြင်ကြပါတယ်။ သူတို့ဟာ တခြားသူတွေကို စာနာနားလည်ကြပါတယ်။ ကြီးမြတ်တဲ့ ခေါင်းဆောင်မှုရဲ့ တခြား အစိတ်အပိုင်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ အရာအားလုံးရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ ယုံကြည်မှု(Trust) ပါပဲ “

လို့ ဖော်ပြထားတယ်။

နည်းလမ်းမှန်ကန်တဲ့ ဘဝအောင်မြင်ရေးလမ်း လျှောက်လှမ်းလိုသူတိုင်း လက်စွဲပြု ဖတ်ရှုသင့်တဲ့ စာအုပ်မျိုးပါ။

စာမျက်နှာ

254 (WoodFree Paper)

စာအုပ်အရွယ်အစား

5.4 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2026 ၊ ဧပြီလ (ပထမအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဒေးလ် ကာနတ်ဂျီ၏ ခေါင်းဆောင်လုပ်နည်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

စံမြတ်ကျော် စာအုပ်များ