ကိုကိုရို: စိတ်ဝိညာဉ်လူးလွန့်ရှင်သန်ရာအရပ်

( 0 မှတ်ချက်)

18500 (ကျပ်)

– ရုန်းရင်းဆန်ခတ်မှုတွေကြားမှာ တည်ငြိမ်မှုကို ဘယ်လိုရှာဖွေမလဲ?
– အမှောင်ထုထဲမှာရော အလှတရားကို ဘယ်လိုမြင်အောင်ကြည့်မလဲ?
– အတိတ်ကို ဘယ်လိုစွန့်လွှတ်ပြီး အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုရပ်တန့်မလဲ?
– “မမြဲခြင်းတရား” ကို သိမြင်နားလည်ခြင်းက ကောင်းမွန်စွာရှင်သန်နေထိုင်နိုင်ဖို့ ဘာတွေသင်ကြားပေးနိုင်သလဲ?

“ကိုကိုရို” (Kokoro – စိတ်ဝိညာဉ်) ရဲ့ အဆုံးအမကို နားစွင့်တတ်တဲ့ ဂျပန်ရိုးရာအစဉ်အလာဟာ လောကကြီးကို နိုးကြားစွာနဲ့ ထိတွေ့ခံစားတတ်ဖို့နဲ့ ကြီးမားတဲ့ မရေရာမှုတွေကြားမှာတောင် စိတ်တည်ငြိမ်မှုကို ပျိုးထောင်ဖို့အတွက် ဘယ်လောက်အရေးကြီးကြောင်း စူးစမ်းရှာဖွေကြည့်လိုက်ပါ။

ဘက်သ် ကမ်ပ်တန် (Beth Kempton) နဲ့အတူ ဂျပန်နိုင်ငံရဲ့ ကျေးလက်ဒေသတွေဆီ ဘုရားဖူးခရီးစဥ်တစ်ခု ထွက်ကြရအောင်။ ရှေးဟောင်းသစ်တောကြီးတွေထဲမှာ လမ်းလျှောက်ရင်း၊ ဒဏ္ဍာရီလာတောင်တန်းတွေပေါ်က လထွက်လာတာကို ငေးမောရင်း၊ လမ်းခရီးတစ်လျှောက်မှာ ပညာရှိဆရာသခင်များစွာနဲ့ ဆုံတွေ့ရင်း ဘဝရဲ့ အကြီးမားဆုံးသော မေးခွန်းတွေအတွက် အဖြေတွေကို သူမ ရှာဖွေခဲ့ပါတယ်။

သင့်ရဲ့ “ကိုကိုရို” ထဲက အလင်းရောင်အတိုင်း လမ်းညွှန်မှုကိုခံယူပြီး နေထိုင်တတ်လာတဲ့အခါ အရာအားလုံးဟာ ပြောင်းလဲသွားမှာဖြစ်သလို ဘယ်အရာမဆို ဖြစ်နိုင်လာကြောင်းကို  စာအုပ်ထဲမှာ ပါဝင်ပါတယ်။

စာမျက်နှာ

280 (Woodfree paper)

စာအုပ်အရွယ်အစား

5.6 × 0.5 × 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2026 ဧပြီလ (ပထမအကြိမ်)

21 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကိုကိုရို: စိတ်ဝိညာဉ်လူးလွန့်ရှင်သန်ရာအရပ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆုအဲမိ စာအုပ်များ