ကိုယ်ဝန်ဆောင်မိခင်အတွက်အကောင်းဆုံးအစားအစာများ

( 0 မှတ်ချက်)

4000 (ကျပ်)

ကိုယ်ဝန်ဆောင်မိခင်လောင်းတို့သည့် ကိုယ်ဝန်ဆောင်ချိန်မှစ၍ မီးဖွားချိန်အထိနေ့စဉ် အစစအရာရာသတိကြီးကြီးထားပြီး နေထိုင်ဖြတ်သန်းကြရလေ့ရှိသည်။ ပမာဆိုရလျှင်ကြိုးတန်းလမ်းလျှောက်သူတစ်ဦးနှင့်ပင် တူနေပါသေးသည်။ ကြိုးတန်းလမ်းလျှောက်သူသည် လိုရာပန်းတိုင်ဆီ ချောချောမွေ့မွေ့ရောက်ရှိနိုင်ရေးအတွက်၊ မယိမ်းမယိုင်တည်ငြိမ်စေရေးအတွက် စိတ်ရောကိုယ်ပါ ဟန်ချက်ညီညီရှိနေရပါမည်။ ဆိုရလျှင် ကိုယ်ဝန်ဆောင်တစ်ယောက်သည်လည်း လိုက်နာကျင့်ကြံသင့်သည့် အချက်များကို နေ့စဉ်နှင့်အမျှ အချိုးညီကျနစွာ ပြုမှုဆောင်ရွက်ရမည်ဖြစ်သည်။ ကျန်းမာရေးအတွက် သင့်လျော်သည့် ကိုယ်လက်လှုပ်ရှားမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ လိုအပ်သည့် အာဟာရနှင့် ဆေးဝါးထောက်ကူမှု၊ စိတ်ခွန်အားပြည့်၀မှု စသည့်အကြောင်းခြင်းရာများကို သတိပြုလုပ်ဆောင်ဖြည့်ဆည်းကြရပါမည်။ ယခုစာအုပ်တွင် ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ စားသုံးမှီဝဲသင့်သည့်အကောင်းဆုံး အစားအစာများကို အထူးပြုညွှန်းဆိုရေးသားထားပြီး သီးပင်စားပင်များ စိုက်ပျိုးခြင်းနှင့် အသီးအနှံများမှရရှိသော အာဟာရဓာတ်များ၏ အာနိသင်ကိုပါ ပြည့်ပြည့်စုံစုံဖော်ပြထားသည်မို့ မိခင်လောင်းတို့ ကိုယ်ဝန်ဆောင်ကာလဖြတ်သန်းမှု ဟန်ချက်ညီစေရေးကို များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။

စာမျက်နှာ

233(Woodfree Paper)

စာအုပ်အရွယ်အစား

6 x 0.4 x 8.9 inches

ပုံနှိပ်မှတ်တမ်း

တူဒေးစာပေ၊ 2020 ဩဂုတ်လ၊ (ပထမ-ကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကိုယ်ဝန်ဆောင်မိခင်အတွက်အကောင်းဆုံးအစားအစာများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာကေ စာအုပ်များ