မသိစိတ်ရဲ့စွမ်းအား
20000 (ကျပ်)
လူသားချင်း အတူတူ၊ တစ်နေ့တာ ပိုင်ဆိုင်ခွင့် အချိန် ၂၄ နာရီချင်း အတူတူ ဖြစ်ပါလျက်နဲ့ လူတချို့က ဘာကြောင့် အတိုင်းအဆမဲ့ ကြွယ်ဝချမ်းသာပြီး၊ လူတချို့ကတော့ ဘာကြောင့် ဆင်းရဲတွင်း နက်နေရသလဲ။လူတချို့က ရောဂါဘယတွေ ကင်းရှင်းပြီး ကျန်းမာရွှင်လန်းနေချိန်မှာ၊ လူတချို့ကတော့ ဘာကြောင့် နာတာရှည်ရောဂါတွေနဲ့ လုံးပန်းနေရသလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို ‘ကံကြမ္မာ’ ဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းအောက်မှာ ပုံချလိုက်တော့မှာလား။တကယ်တော့ ဒီကွာခြားချက်တွေရဲ့ အဓိက သော့ချက်ဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ရှိနေပါတယ်။ အဲဒါကတော့ ‘မသိစိတ်’ပဲ ဖြစ်ပါတယ်။ ( ကမ္ဘာကျော် စာရေးဆရာကြီး Dr. Joseph Murphy ရဲ့ ဂန္ထဝင်လက်ရာတစ်ခုဖြစ်တဲ့ ‘The Power of Your Subconscious Mind’ စာအုပ်မှာ ဒီအကြောင်းအရာကို သေသေချာချာ ရှင်းပြထားပါတယ်။ )
ကျွန်တော်တို့ရဲ့ စိတ်ကို ရေခဲတောင်ကြီးတစ်ခုနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရေပေါ်မှာ ပေါ်နေတဲ့ ၁၀ ရာခိုင်နှုန်းလောက်ကသာ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ ‘သိစိတ်’ ဖြစ်ပြီး၊ ရေအောက်မှာ နစ်မြုပ်နေတဲ့ ၉၀ ရာခိုင်နှုန်းသော အစိတ်အပိုင်းကြီးကတော့ ‘မသိစိတ်’ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ မသိစိတ်ဟာ ၂၄ နာရီလုံး အိပ်စက်ခြင်းမရှိဘဲ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ဘဝဖြစ်စဉ်တွေကို တိတ်တဆိတ် ဖန်တီးနေပါတယ်။
The Power of Your Subconscious Mind’ စာအုပ်ဟာ သီအိုရီ သက်သက် မဟုတ်ပါဘူး။ Dr. Joseph Murphy က ဘာသာရေး၊ သိပ္ပံပညာနဲ့ စိတ်ပညာ ရှုထောင့်ပေါင်းစုံကနေ သုတေသနပြုပြီး လက်တွေ့ကျင့်သုံးနည်းတွေကို လမ်းညွှန်ထားတာပါ။ ကိုယ့်ကိုယ်ကို အပြုသဘောဆောင်တဲ့ စကားတွေ ပြောပေးခြင်း၊ စိတ်ကူးရုပ်လုံးဖော်ခြင်း စတဲ့ နည်းလမ်းတွေကတဆင့် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မသိစိတ်ထဲ ရောက်အောင် ဘယ်လိုထည့်သွင်းရမလဲ ဆိုတာကို အသေးစိတ် ရှင်းပြထားပါတယ်။ ငွေကြေးပြဿနာ ဖြေရှင်းလိုသူတွေ၊ အိမ်ထောင်ရေး သာယာလိုသူတွေ၊ နာတာရှည်ရောဂါကို စိတ်စွမ်းအားနဲ့ ကုစားလိုသူတွေအတွက် လက်တွေ့အသုံးချနိုင်မဲ့ နည်းလမ်းပေါင်းများစွာ ပါဝင်ပါတယ်။
| စာမျက်နှာ | 320(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5× 0.5 ×8.1 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2025 ဒီဇင်ဘာလ (ပထမအကြိမ်) |
13 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ