
အိုရှိုး၏ဓမ္မပဒ (အတွဲ ၄)
12000 (ကျပ်)
စိတ်ဝိညာဉ်ရဲ့ စင်ကြယ်ခြင်းခရီးဟာ ဤမှာဖက်ကမ်းကို ခွာလိုက်ချိန်မှာ စတင်ပါတယ်။ ဤမှာဖက်ရဲ့အမိုးအကာ လုံခြုံစိတ်ချခြင်း၊ သက်တောင့်သက်သာ အခြေအနေ၊ ဂုဏ်သိက္ခာ၊ ပါဝါအာဏာ
အဲ့ဒါတွေအားလုံး ချန်ထားခဲ့ရမှာပါ။ မုန်တိုင်းဆန်နေတဲ့ ပင်လယ်ပြင်ကြီးသနားမှ ခင်ဗျားနာဝါလှေငယ်လေး အသက်ချမ်းသာရာ ရမှာပါ။ ခင်ဗျားမှာ ယုံကြည်ချက်တစ်ခုပဲရှိပါတယ်။ ဟိုမှာဖက်ကမ်း ရှိကိုရှိရ ပါလိမ့်မယ်။ ကမ်းဆိုတာ တစ်ဖက်ထဲ မရှိနိုင်တာကြောင့်ပါ။
အဲ့ဒီလို ယုံကြည်ချက်ကို ဆုပ်ကိုင်ပြီး ဟိုမှာဖက်ကမ်းခြေသို့ ရွက်လွှင့်လိုက်တာနဲ့ စစ်မှန်သောဘဝ အစပြုခဲ့ပါပြီ။ အစစ်အမှန်ဘဝဆိုတာ ကျုပ်တို့ပြောနေတဲ့ ‘စင်ညာ’ပါ။ သတိနှင့် ရှင်သန်ခြင်းသည်သာ တစ်ခုတည်းသောဘဝပါ။ သတိကင်းခဲ့ပြီး အမှတ်တမဲ့ ရှင်သန်နေတဲ့ဘဝဟာ ဖြစ်တည်ခြင်းသက်သက်ပါ။ တိရစ္ဆာန်တွေဟာအဲ့ဒီလို ဖြစ်တည်နေတာပါ။ လူသာလျှင် ရှင်သန်နေတာပါ။ ဒါပေမဲ့ လူတိုင်းမဟုတ်၊ သတိနဲ့ နိုးထနေသူ အနည်းငယ်ပါ။
ခင်ဗျားလုပ်ကိုင် ဆောင်ရွက်နေတာတွေကို အသိရှိရှိနဲ့ လုပ်ကိုင်ရပါလိမ့်မယ်။ ခြေလှမ်းတိုင်းခြေလှမ်းတိုင်း ဘယ်ကိုသွားနေတာလဲ၊ ဘာ့ကြောင့်သွားနေတာလဲဆိုတာ ချင့်ချိန်စဉ်းစားပြီး လျှောက်လှမ်းနေပါသလား (သို့) အခြားသူတွေလုပ်တာ လိုက်လုပ်နေတာလား။ သူတို့ပြေးနေတာမြင်ပြီး ခင်ဗျားလည်း ပြေးနေတာလား။ ပိုက်ဆံနောက်လိုက်နေကြလို့ ခင်ဗျားလည်း လိုက်နေတာလား။ အဲ့ဒီလို
လုပ်နေမယ်ဆိုရင် ခင်ဗျားရဲ့ ကိုယ်ပိုင်မျက်နှာကိုဘယ်တော့မှ မြင်ရမှာမဟုတ်ဘဲ ခင်ဗျားဘဝဟာ ကာဗွန်ကော်ပီတစ်ခု ဖြစ်ပါလိမ့်မယ်။
ခင်ဗျားရဲ့ မူလမျက်နှာဆိုတာ ထာဝရဘုရားရဲ့မျက်နှာပါ။ ဒါပေမဲ့ အဲ့ဒီ မျက်နှာကိုရှာဖွေတွေ့ရှိဖို့ အားထုတ်ရပါလိမ့်မယ်။ စွန့်လွှတ်စွန့်စားမှုတွေနဲ့အတူ ခင်ဗျားအတွင်းထဲက မျိုးစေ့ကိုသဘောပေါက်နိုင်ပါတယ်။ ရှိပြီးသား အလားအလာတွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်နိုင်ပါတယ်။ အဲ့ဒီလိုနဲ့ လူသားဟာ အရာရာကို ကျော်လွှားနိုင်ပါတယ်။
သတိလက်လွတ် ရှင်သန်နေသော ဘဝမှာ အလှတရားမရှိ၊ လွတ်လပ်ခြင်း မရှိ။ လွတ်လပ်ခြင်းမရှိဘဲ ဘယ်လိုလှနိုင်မှာလဲ။ အလှတရားဟာ လွတ်လပ်ခြင်းရဲ့ အရိပ်တစ်ခုပါ။ သတိလက်လွတ် ရှင်သန်နေတဲ့ဘဝဟာ အပေါ်ယံပါ။ သတိနဲ့ သိနေခြင်းဖြင့်သာ ဘဝကို နက်ရှိုင်းစေပါတယ်။ နက်ရှိုင်းတဲ့ ရှုထောင့်သစ်တစ်ခု ရလာပြီး အဲ့ဒီရှုထောင့်မှတဆင့် အထွဋ်အမြတ် စင်ကြယ်ခြင်းကို တွေ့မြင်နေရပါတယ်။ ထာဝရဘုရား ကိန်းအောင်းနေတဲ့နေရာဟာ အခြားမဟုတ်။ ခင်ဗျားကိုယ် ပိုင် အန္တိမနက်ရှိုင်းမှုထဲမှာပါ။ အမှန်တရားကို အခြားနေရာမှာ မတွေ့နိုင်။ ခင်ဗျားအတွင်းထဲမှာပဲ ရှာဖွေရမှာပါ။ အမှန်တရားဆိုတာဟာ စိတ်နဲ့သက်ဆိုင်တဲ့ တစ်စုံ တစ်ရာမဟုတ်၊ ဟုတ်တယ်ဆိုရင် အဲ့ဒီအမှန်တရားကို လွယ်လွယ်ကူကူ ရနိုင်ပါတယ်။ စိတ်ဆိုတာ စက်ယန္တရားတစ်ခုပါ။
အနောက်တိုင်း ဒဿနိကဗေဒဖခင်ကြီး အရစ္စတိုတယ်’က လူကို အကြောင်းအကျိုးဆင်ခြင်နိုင်တဲ့ သတ္တဝါအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပေမယ့် အနည်း ငယ်အတွက်ပဲ မှန်နိုင်ပါတယ်။ ပြောရရင် သူ့အတွက်တောင် အကျုံးမဝင်တာပါ။ အကြောင်းကတော့ သူဟာ ‘ဗုဒ္ဓ’မဟုတ်လို့ပါ။ အင်မတန် ပါးနပ်လိမ္မာပြီး ယုတ္တိကျ ပေမယ့် သိစိတ်မရှိသူပါ။ သူ့ဘဝဟာ အခြားဘဝတွေလို သတိလက်လွတ် အသက် ရှင်ခဲ့တာပါ။
အမှန်အားဖြင့်သိစိတ်ရှိမှသာ အကြောင်းအကျိုး ဆင်ခြင်နိုင်ပါလိမ့်မယ်။ အကြောင်းအကျိုးနှင့်တကွ ရှင်သန်ခြင်းဆိုသည်မှာ အသိစိတ်ရှိရှိနဲ့ အသက်ရှင်နေ တာပါ။ ကမ္မဋ္ဌာန်းစိတ်နဲ့ အသက်ရှင်နေတာပါ။
| စာမျက်နှာ | 271(burma paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3x 0.5 x 8 inches |
| ပုံနှိပ်မှတ်တမ်း | ယဉ်မျိုးစာပေ၊ 2025 နိုဝင်ဘာလ (ပထမအကြိမ်) |
4 in stock
နိုင်ဦး စာအုပ်များ
-
နိုင်ဦးအကြောက်တရားမှလွတ်မြောက်ရေး
15000 (ကျပ်)Rated 5.00 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
နိုင်ဦးအိန္ဒိယကိုခွဲစိတ်ခြင်း
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးကြောက်စိတ်
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးစိတ်လေ့ကျင့်ခန်းကမ္မဋ္ဌာန်း
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးရှင်ခြင်း နှင့် သေခြင်း အနုပညာ
10000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးတရုတ်ရာစုနှစ် နိဂုံးလား
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးအိုရှိုး၏ဓမ္မပဒ (အတွဲ ၁)
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးအိုရှိုး၏ဓမ္မပဒ (အတွဲ ၃)
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးအိုရှိုး၏ဓမ္မပဒ (အတွဲ ၄)
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးအိုရှိုး၏ဓမ္မပဒ (အတွဲ ၂)
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးအိုရှိုး၏ဓမ္မပဒ (အတွဲ ၅)
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နိုင်ဦးမျှော်လေတိုင်းရွှေကမ်းသောင်သာ
35000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ