ပြောင်းလဲခြင်းရဲ့အလွန်

( 0 မှတ်ချက်)

7000 (ကျပ်)

✳️ဘီလ်ဂိတ်ရဲ့ဇနီးဟောင်း မယ်လင်ဒါ ဖရန့်ချ် ဂိတ်စ်ဟာ သူ့ဘဝရဲ့ အရေးကြီးပြီး ဘယ်သူမှ မသိသေးတဲ့ အကြောင်းအရာတွေ နဲ့ယှဉ်ပြီး အပြောင်းအလဲတွေနဲ့ ကြုံလာရတဲ့အခါ ရှုထောင့်အသစ်တွေကနေ ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို ဒီစာအုပ်မှာ ပြောပြထားပါတယ်။

✳️အပြောင်းအလဲတွေဆိုတာ ရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို ချန်ခဲ့ပြီး ဆန်းသစ်တဲ့ ရပ်ဝန်းတစ်ခုကို ရောက်လာတဲ့အခါမှာ ဖြစ်လာပါတယ်။ လူတော်တော်များများအတွက် အပြောင်းအလဲတွေက ရှုပ်ထွေးခြင်း၊ ကြောက်ရွံ့ခြင်း၊ မသေချာခြင်း စတဲ့ ခံစားချက်တွေကို ယူဆောင်လာပေးပါတယ်။ ဒီစာအုပ်မှာတော့ စာဖတ်သူတွေကို ဆန်းသစ်တဲ့ရပ်ဝန်းမှာ ဘယ်လို လိုက်လျောညီထွေနေပြီး ရှေ့ဆက်ရမလဲဆိုတာကို လမ်းညွှန်ထားပါတယ်။

✳️မယ်လင်ဒါက သူ့ဘဝမှာ အရေးကြီးတဲ့ အပြောင်းအလဲတွေကို ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ သူ အမေတစ်ယောက် ဖြစ်ခဲ့ရပုံ၊ ချစ်ရတဲ့ သူငယ်ချင်းကို ဆုံးရှုံးခဲ့ရပုံ၊ ဂိတ်စ်ဖောင်ဒေးရှင်းကနေ ထွက်ခွာလာပုံတွေကိုပါ ပြောပြထားပါတယ်။ သူပြောပြထားတဲ့ အကြောင်းအရာတွေမှာ လောကကြီးက သင်ပေးတဲ့ သင်ခန်းစာတွေဖြစ်တဲ့ အရာရာမှာပြီးပြည့်စုံချင်တဲ့စိတ်ကို လက်လွှတ်တတ်ဖို့ရယ်၊ ခက်ခဲတဲ့အချိန်မှာ ချစ်ခင်ရသူတွေကို အကူအညီပေးတတ်ဖို့ရယ်၊ မသေချာခြင်းကို လက်ခံတတ်ဖို့ရယ် ပါဝင်ပါတယ်။

✳️မယ်လင်ဒါရဲ့ ပုံရိပ်ဖြစ်တဲ့ နွေးထွေးမှု၊ ကျက်သရေရှိမှုတွေနဲ့ အတူ သူ့ဘဝမှာ အသိပညာကို လိုအပ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြောပြထားပြီး မသေချာတဲ့ အခြေအနေတွေကနေတစ်ဆင့် ဘဝကို ဘယ်လို ‌ရှေ့ဆက်ရမလဲဆိုတာ လမ်းညွှန်ထားပါတယ်။

စာမျက်နှာ

106(Woodfree Paper)

စာအုပ်အရွယ်အစား

5.8 × 0.2 × 8.3 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာပေ၊ 2025 အောက်တိုဘာလ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပြောင်းလဲခြင်းရဲ့အလွန်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မြတ်နေခြည် စာအုပ်များ