
Single Momအဖြစ်ရှင်သန်ခြင်း
6500 (ကျပ်)
ယခုစာအုပ်ရဲ့ စာရေးသူ အမ်မာဂျွန်ဆင်ဟာ သူရဲ့အိမ်ထောင်ရေးကို အဆုံးသတ်လိုက်တဲ့ အချိန်မှာသူဟာ ကိုယ်ဝန်ရှိနေပြီး ဝင်ငွေမရှိသလို လသားအရွယ် ကလေးတစ်ယောက်ကိုလဲ ပြိုးထောင်နေရပါတယ်။ သူဟာ Single Mom တစ်ယောက်အနေနဲ့ သူ့ဘ၀ကို ကောင်းကောင်းရပ်တည်နိုင်မဲ့ အကြံဉာဏ်တွေကို ရှာနေခဲ့ပေမဲ့ အနည်းငယ်ကိုသာ ရခဲ့ပါတယ်။ ဒါကြောင့် စာရေးသူက သူနဲ့ ဘ၀တူ အမျိုးသမီးတွေကို အကူအညီ ပေးချင်တဲ့အတွက် wealthy single mommy ဆိုတဲ့ Blog ကို ထောင်ခဲ့ပါတယ်။
သူရဲ့ ဒီစာအုပ်မှာ အမ်မာက Single Mom တွေအတွက် ပြီးပြည့်စုံနဲ့ လမ်းညွှန်ချက်တွေကို ပေးထားပါတယ်။ အခြားသူတွေကြောင့်ဖြစ်ဖြစ်၊ ကိုယ်တိုင်ကြောင့်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မဝံ့မရဲဖြစ်နေတဲ့ အမျိုးသမီးတွေကို အာမခံချက်ပေးနိုင်တဲ့ အလုပ်အကိုင်၊ ပုံမှန်ဝင်ငွေလမ်းကြောင်း တစ်ခုရှာရင်း Single Mom တစ်ယောက်အနေနဲ့ ကိုယ့်ဘ၀ရဲ့ အဓိပ္ပာယ်ကို ပြန်ရှာတွေ့နိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။
ဒီစာအုပ်မှာ Single Mom တွေကို
– ကိုယ့်စံနှုန်းနဲ့ ကိုယ့်ဘ၀ကိုယ် ဘယ်လို တည်ဆောက်နိုင်မလဲ
– ကျန်းမာရေး၊ သူငယ်ချင်း၊ ဝါသနယ၊ ယုံကြည်မှုနဲ့ ခရီးသွားခွင့်တွေ အပေါ် ဘယ်လို အချိန်ပေးနိုင်မလဲ
– ပျော်ရွှင်ကျန်းမာနဲ့ အမေ၊ စံနမူနာကောင်းတစ်ယောက် ဖြစ်စေမဲ့ အမေမျိုး ဘယ်လိုဖြစ်အောင်နေမလဲဆိုတဲ့ အချက်တွေအပြင် အမ်မာရဲ့ ဘ၀မှာ အတုယူစရာကောင်းတဲ့ ဇာတ်လမ်းတွေ၊ အခြား အောင်မြင်နေတဲ့ Single Mom တွေဆီက အထောက်အကူ ဖြစ်စေမဲ့ အကြံဉာဏ်တွေ ပါဝင်ပါတယ်။
| စာမျက်နှာ | 104 (𝐖𝐨𝐨𝐝𝐟𝐫𝐞𝐞 𝐏𝐚𝐩𝐞𝐫) |
|---|---|
| စာအုပ်အရွယ်အစား | 5.1 x 0.2 x 7.5 inches |
| ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ 2026 ဧပြီလ (ပထမအကြိမ်) |
6 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ