ကောင်းကင်ဘုံတွင်ရေစက်ဆုံကြသူများ
20000 (ကျပ်)
လူသားများအပေါ် ဘုရားသခင်၏ အကြီးမြတ်ဆုံး လက်ဆောင်သည် ဘာများ ဖြစ်ပေလိမ့်မည်နည်း။
ဤကမ္ဘာမြေပြင်ပေါ်တွင် ကျွန်ုပ်တို့ အသက်ရှင်သန်နေစဉ်အတွင်း မိမိ၏ ဘဝတွင် ဖြစ်ပျက်လာသမျှ အကြောင်းအကျိုး တရားများကို သဘောပေါက် နားလည်နိုင်စွမ်းသည်ပင် ဘုရားသခင်၏ အကြီးမြတ်ဆုံး လက်ဆောင် ဖြစ်ပါလိမ့်မည်။
သို့မှသာလျှင် ဘဝတစ်လျှောက်လုံး မျှော်လင့် ရှာဖွေခဲ့ကြသော ငြိမ်းအေးမှုကို ကျွန်ုပ်တို့ တွေ့ရှိနိုင်ကြလိမ့်မည် ဖြစ်ပေသည်။
* * *
ဤဇာတ်လမ်းသည် အဓိက ဇာတ်ကောင်ဖြစ်သူ၏ ကမ္ဘာမြေမှ ဘဝနိဂုံးဖြင့် အစပြုထားပါသည်။ တိတိကျကျ ဆိုရလျှင် အဓိက ဇာတ်ကောင် အက်ဒီတစ်ယောက် ကမ္ဘာမြေမှ ကွယ်လွန်ပြီးနောက် ကောင်းကင်ဘုံသို့ ရောက်ရှိသွားရာတွင် ဤဇာတ်လမ်း အစပြု ဖြစ်ပေါ်လာပါသည်။
သေခြင်းတရား၊ တမလွန် ဘဝ စသည်တို့နှင့် ပတ်သက်၍ လူတိုင်း လူတိုင်းတွင် ကိုယ်စီ ယုံကြည်မှုများ၊ အယူအဆများ၊ သီအိုရီများ ရှိတတ်ကြပါသည်။ ဤဇာတ်လမ်းကို သင် ဖတ်ရှုပြီးလျှင် အက်ဒီ၏ အတွေ့အကြုံ အဖြစ်အပျက်များနှင့် သင်တို့၏ စိတ်ကူး အယူအဆများကို နှိုင်းယှဉ်ကြည့်ပါလေ။
ကျွန်ုပ်တို့ ကွယ်လွန်ပြီးနောက် မည်သည့် ဘုံဘဝများသို့ ရောက်ရှိပါလိမ့်မည်နည်း။ ကောင်းကင်ဘုံ ဟူသည် တကယ် ရှိပါသလား။ ဤကမ္ဘာမြေမှ ကွယ်လွန်ပြီးနောက် တကယ်ပင် ကောင်းကင်ဘုံသို့ ရောက်ရှိနိုင်ပါသလား။ ကောင်းကင်ဘုံတွင် မည်သည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့် ရပါလေမည်လဲ။ ထိုပုဂ္ဂိုလ်များက သင့်ကို ဘာများ ပြောကြပါလိမ့်မည်နည်း။
ဤဇာတ်လမ်းတွင်တော့ အက်ဒီသည် ကောင်းကင်ဘုံသို့ ရောက်ရှိသွားပြီးနောက်မှ သူ၏ ဘဝသည် အဓိပ္ပါယ် ရှိလာခဲ့သည်။ ဘဝ အသက်ရှင်ခြင်း၏ အဓိပ္ပါယ်ကို သူ စတင် သဘောပေါက် နားလည်လာခဲ့သည်။ သူ့ဘဝတွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအကျိုး တရားများကို သိရှိသွားခဲ့သည်။ အက်ဒီ၏ ဘဝဇာတ်လမ်းကို ဖတ်ရှုရင်းဖြင့် ကျွန်ုပ်တို့သည်လည်း မိမိ ဘဝ ရှင်သန်ခြင်း အဓိပ္ပါယ်ကို ပိုမို သတိပြုမိလာပါလိမ့်မည်။ စိတ်လှုပ်ရှားဖွယ် စူးစမ်းရှာဖွေရေး စွန့်စားခန်းကြီးတစ်ခုကို ကျွန်ုပ်တို့ စတင်လိုက်မိပြီးလည်း ဖြစ်ပေလိမ့်မည်။ လူသားတစ်ဦး၏ ဘဝတွင် အရေးအကြီးဆုံးသော စွန့်စားခန်း ခရီးစဉ်ကြီးဟုလည်း ဆိုနိုင်ပေသည်။ မိမိ ဘဝ ရှင်သန်ခြင်း အဓိပ္ပါယ်ကို ကောင်းစွာ နားလည် သဘောပေါက်ရေးအတွက် လျှောက်လှမ်းရသော ခရီးရှည်ကြီးလည်း ဖြစ်ပါသည်။
စာရေးသူ မစ်ချ်သည် သူ၏ ကွယ်လွန်သူ ဦးကြီး အက်ဒီ၏ ဘဝအတွေ့အကြုံများကို အခြေခံကာ ဤစာအုပ်ကို ဖန်တီး ရေးသားထားပါသည်။ သူ့ဦးကြီး အက်ဒီသည် ဒုတိယ ကမ္ဘာစစ် စစ်ပြန်တစ်ဦး ဖြစ်ကာ ကိုယ့်ဘဝကိုယ် အရေးမပါ၊ အရာမရောက်သော အချည်းနှီး အသက်ရှင်မှုအဖြစ် ခံစားရင်း နေထိုင်သွားခဲ့ရသည်။ ထိုသို့ ခံစားချက်မျိုး သူသူကိုယ်ကိုယ် ရှိတတ်ကြပါသည်။ မိမိ၏ ဘဝသည် အလကား ဘဝ၊ အဓိပ္ပါယ် မရှိသော အသက်ရှင်မှု အဖြစ် သူသူကိုယ်ကိုယ် နောင်တဖြင့် ကြွေကွဲမှု ရှိတတ်ကြသည်သာ။ သို့သော် ထိုအညတရ လူသားများ၏ ဘဝသည်လည်း ရှင်သန်မှု အဓိပ္ပါယ် တစ်စုံတရာ ရှိကြောင်း၊ ဤကမ္ဘာမြေအတွက် အတိုင်းအတာ တစ်ခုအထိ အရေးပါကြောင်း၊ ကောင်းကင်ဘုံသို့ ရောက်ရှိသွားပြီးမှသာ လူသားတို့သည် ထိုဘဝအဓိပ္ပါယ်ကို နားလည် သဘောပေါက်သွားတတ်ကြကြောင်း စာရေးသူက ဇာတ်လမ်းဆင် ရေးဖွဲ့ထားပါသည်။
သေခြင်းတရား ဟူသည် သက်ရှိသတ္တဝါများ အားလုံး မလွဲဧကန် တစ်နေ့ ကြုံတွေ့ရမည် နိဂုံး ဖြစ်သည်။ ထိုသေခြင်းတရား အလွန်တွင် ဘာတွေများ ဖြစ်ပေါ်လာလိမ့်မည်နည်း။ ကျွန်ုပ်တို့အတွက် အတွေးပွားဖွယ်ပင် ဖြစ်ပါသည်။ ထိုတမလွန်ဘဝကို ကျွန်ုပ်တို့ တွေးရဲ၊ ရင်ဆိုင်ရဲရန် ဤဇာတ်လမ်းက အားပေးထားပါသည်။ သေခြင်းတရားကို နားလည် သဘောပေါက်သည့် နည်းတူ၊ ဤကမ္ဘာမြေပေါ်တွင် ကျွန်ုပ်တို့ နေထိုင်နေစဉ် ကာလအတွင်း ဘဝ ရှင်သန်ခြင်း၏ အဓိပ္ပါယ်ကိုလည်း အလေးအနက် ဂရုပြုမိစေရန် ရည်ရွယ်ပါသည်။
နန်စီ တေလာ (Nancy Taylor)
The Five People You Meet in Heaven စာအုပ်ကို ကျောင်းသားလူငယ်များအတွက် သင်ကြားရေး စာစဉ် အဖြစ် ပြန်လည် ရေးသားထားသည့် Pearson English Readers Series စာအုပ်မှ ကောက်နုတ်ချက်။
| စာမျက်နှာ | 337 ( Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3× 0.5×8.2 inches |
| ပုံနှိပ်မှတ်တမ်း | The Book Town၊ 2025 ဩဂုတ်လ (ပထမအကြိမ်) |
16 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ