အလွမ်းသင်္ကြန်မန်းသင်္ကြန်
7500 (ကျပ်)
ခေတ်တွေ စနစ်တွေဆိုတာ သူ့အလိုအလျောက် စီးမျောပြောင်းလဲနေတဲ့အတွက် တားဆီးပိတ်ပင်လို့တော့ မရနိုင်ပါဘူး။ ဒီတော့ ခေတ်သစ်ကိုလည်း လက်ခံ ရှေးမူလဲ မပျက်ပြန်ရအောင် ဘယ်လိုကြံကြမလဲ ဆိုတာကိုတော့ အဖြေရှာဖို့ လိုအပ်နေပါပြီ။
ဘာတွေပဲပြောပြော မန္တလေးသင်္ကြန်မှာ ကျွန်တော့ကို ရင်ခုန်တမ်းတစေတဲ့ တူးပို့ တူးပို့ အသံကလေးကိုတော့ လွမ်းနေဆဲ…။ သင်္ကြန်မဏ္ဍပ်တိုင်းမှာ မဖွင့်တော့ပေမဲ့ နားထဲမှာ တူးပို့သံကို ကြားနေဆဲ..။
မြန်မာ့နှစ်သစ်ကူး ရိုးရာသင်္ကြန် ပွဲတော် ဆိုတာ ကလေးငယ်က အစ ဖိုးဖိုးဖွားဖွား အဆုံး ပါဝင်ဆင်နွှဲကြတဲ့ ပွဲတော် ဆိုတာ မြန်မာတို့ရဲ့ ရင်ထဲ၊ အသည်းထဲမှာ သိမှတ်ပြီး ဖြစ်မှာပါ။
ဆရာ ကိုပေါက် (မန္တလေး)ရဲ့ အလွမ်းသင်္ကြန် မန်းသင်္ကြန် စာအုပ်လေးထဲမှာ ဆရာ ကိုပေါက် (မန္တလေး) ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့၊ သင်္ကြန်မြို့တော်လို့ သညာတွင်တဲ့ မန္တလေး သင်္ကြန် အမှတ်ရချက်များကို ဖတ်ရှုရမှာပါ။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ရဲ့ ရနံ့များ၊ အရိပ်အငွေ့များကို လှလှပပကြီး ထိတွေ့ခံစားရမယ့် စာအုပ်လေး ဆိုရင်လဲ မမှားပါဘူး။
နှစ်သစ်ကူးမှာ ပိတောက်ဝါလေးတွေ ပွင့်တော့မည်…
ဥဩငှက်တွေ တွန်သံကြားရင် လွမ်းသံသရာ ရှည်… ဆိုတဲ့ သင်္ကြန်မင်းသားကြီး ဇော်ဝမ်းရဲ့ တေးသီချင်းလေးကို နားဆင်ရင်း အလွမ်းသင်္ကြန် မန်းသင်္ကြန် စာအုပ်လေးထဲမှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ အလွမ်းတွေကို ရှာပုံတော် ဖွင့်ကာ ဖွေရှာလိုက်ပါတော့လို့…။
| စာမျက်နှာ | 120 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5× 0.2×8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ 2025 ဧပြီလ၊ (ပထမအကြိမ်) |
1 in stock








Zar Ga Nar –
ဆရာကိုပေါက် (မန္တလေး)က အလွမ်းသင်္ကြန် မန်းသင်္ကြန်တဲ့။အခုနှစ် ပိုလွမ်းရမယ်ထင်တယ်။ကျွန်တော့တသက် ဒီနှစ်သင်္ကြန်ဟာ နာကျင်လွမ်း။
ဆရာကိုပေါက် က သူငယ်ကထည်းက ကြုံခဲ့ရတဲ့ မန္တလေးရဲ့ သင်္ကြန်ကို တဆင့်ဆီပုံဖော်ဖွဲ့ရေးသွားလေတယ်။ကလေးဘဝကသင်္ကြန်၊စျေးသည်ဘဝကသင်္ကြန်စသဖြင့်အပိုင်းကိုးပိုင်းခွဲတင်ပြသွားတယ်။မန္တလေးသင်္ကြန်ကိုကြုံဖူးခဲ့သူတစ်ယောက်အနေနဲ့ဆိုရင် အဆိုအကတွေနဲ့မန်းသင်္ကြန်ကို လွမ်းမိမှာပါ။
ဦးဝင်းဦး မန္တလေးရောက်တိုင်းတည်းနေကြ လေးလေးပါ တို့အိမ်ကနေ စျေးချိုရှေ့က ရေပက်မဏ္ဍပ်ဆီသွားခဲ့ရတဲ့ကာလတခုကို ဖျတ်ကနဲ သတိရမိရဲ့။မောင်ခေါ်ရင် မယ်ထူးမလေ ၊မယ် ခေါ်ရင် မောင်ထူးမယ်.ဆိုတဲ့ ဦးဝင်းဦးရဲ့ သင်္ကြန်အဆိုနဲ့ မမမော်(သီတာဝင်း)ရဲ့အက။မြင်းလှည်းချင်းဝင်တိုက်ကြတဲ့အထိ အားပေးကြမ်းတဲ့ မန်းသင်္ကြန်။
သင်္ကြန်မိုးရုပ်ရှင်ဘာကြောင့်အောင်မြင်တာလဲ။မန္တလေးသားတွေ လုပ်လို့ပါ။မန္တလေးသင်္ကြန်ဟာ မန္တလေးသားတွေရဲ့ သွေးထဲသားထဲမှာ စီးဆင်းနေတာ။ဆရာကိုပေါက် လွမ်းလောက်ပါတယ်လေ။သင်္ကြန်ပြီးမှ ဖတ်ရလဲ မန်းသင်္ကြန်ကိုတော့ အမြဲအမှတ်ရနေမှာပါ။
အေးချမ်းပါစေလေ သင်းရနဲ့တွေချိုအီနေ၊သူသူငါ ရင်တွင်းထိအေးစေ၊သယ်ဆောင်လာ လူတိုင်းအတွက် တန်ခူးလေ၊သာယာစေ အိပ်မက်အသစ်ဖူးပွင့်ဝေ တဲ့ ။
ကိုနိုင်မင်းရဲ့ သီချင်းလေး ဖြတ်ပြေးသွားလေတယ်။