မပြိုင်ဘဲ နိုင်အောင်လုပ်ပါ
22000 (ကျပ်)
စီးပွားရေးဆိုတာ သူများအပေါ် “စီး” မှ ပွားတာမဟုတ်ဘူး။ သူများမမြင်တာ “See” မှ ပွားတာ။
တရုတ်မှာ လောင်ဇူးဆိုတဲ့ ရှေးပညာရှိကြီးရေးခဲ့တဲ့ ၈၁ ပုဒ်ရှိတဲ့ Tao Te Ching (တောက်တယ်ကျင်း) ဆိုတာရှိပြီး ကမ္ဘာတစ်ဝန်းမှာလည်း စာအုပ်ပေါင်းများစွာ ဘာသာပြန်ထားကြတယ်။ Tao 道 ဆိုတာ “လမ်း” ကို ပြောတာဖြစ်တယ်။ နက်နဲတဲ့ အတွေးအခေါ်ကဗျာအနေနဲ့ ဘဝနေထိုင်နည်းကို တရုတ်မှာ စစ်တွေဖြစ်နေတဲ့အချိန် ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်နဲ့ နေထိုင်နေတဲ့အချိန်မှာ သဘာဝနဲ့ သဟဇာတဖြစ်အောင် နေထိုင်နည်းကို လမ်းညွှန်ခဲ့တဲ့ အတွေးအခေါ်ဖြစ်တယ်။
မပြိုင်ဘဲ နိုင်အောင်လုပ်ဆိုတာ Tao Te Ching ရဲ့ ကဗျာအပုဒ် ၆၈ ကိုဖတ်ရင်း ထွက်လာတဲ့ အတွေးအခေါ်တစ်ခုပဲ။ စီးပွားရေးမှာလည်း အလားတူပဲ။ စီးပွားရေးလို့ပြောလိုက်တဲ့အခါ လူတွေက သူများကို စီးမှ ပွားမယ်၊ အထက်စီးကနေမှ ပွားမယ်ထင်တယ်။ အမှန်တော့ စီးပွားရေးဆိုတာ သူများမမြင်တာကို See မှ၊ ဖောက်သည်ရဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်မှ ပွားမှာဆို မမှားပါဘူး။ စီးပွားရေးမှာ ဖောက်သည်ကိုလုမှ အောင်မြင်မယ်၊ ပြိုင်မှ သာမှ အောင်မြင်မယ်လို့ ထင်ကြတယ်။
မပြိုင်ဘဲ နိုင်အောင်လုပ်လို့ ရနိုင်လား။ First Principle Thinking နဲ့ စဥ်းစားကြည့်ရအောင်။ စီးပွားရေးဆိုတာ ဘာလဲ၊ ပြိုင်ဆိုင်မှု တစ်ခုလား။ ထုတ်လုပ်မှုတစ်ခုလား။ ဝန်ဆောင်မှုတစ်ခုလား။ အခြေခံက ဘာလဲ။ စီးပွားရေးကို တစ်စချင်းစီဖယ်ပြီး မူလအဓိပ္ပာယ်ကို ရှာမယ်ဆိုရင် ဖောက်သည်တွေရဲ့ပြဿနာကို အမြတ်ယူပြီး ဖြေရှင်းပေးတာဖြစ်တယ်။ ဖောက်သည်မတူရင် ပြိုင်စရာမလိုဘူး။ ဖောက်သည်တူရင်တောင် ဖြေရှင်းတဲ့ ပြဿနာမတူရင် ပြိုင်စရာမလိုဘူး။ ဖောက်သည်တူ၊ ဖြေရှင်းတဲ့ ပြဿနာတူရင်တောင် ဖြေရှင်းတဲ့ပုံ မတူရင်လည်း တိုက်ရိုက် ပြိုင်ဆိုင်စရာမလိုပြန်ဘူး။ ဖောက်သည်တူ၊ ပြဿနာတူ၊ ဖြေရှင်းတဲ့ ပုံစံတူရင်၊ ရပ်တည်ချက်မတူရင်လည်း တစ်ပုံစံတည်းပြိုင်ဆိုင်စရာမလိုပြန်ဘူး။ ဘဝမှာ မပြိုင်ဘဲ နိုင်အောင်လုပ်ဖို့ ပြိုင်စရာမလိုတဲ့ ပုံစံနဲ့ ဘဝကို ဖြတ်သန်းနိုင်ဖို့လိုတယ်။
ပြိုင်စရာမလိုတဲ့ ပုံစံဖြစ်ဖို့ လုပ်ငန်းတစ်ခုစတင်တည်ဆောက်ကတည်းက လုပ်ငန်းတစ်ခုရဲ့ အတွေးအခေါ် (Business Philosophy)၊ အမှတ်တံဆိပ်အတွေးအခေါ် (Brand Philosophy)၊ လုပ်ငန်းကို အုပ်ချုပ်မယ့်အတွေးအခေါ် (Management Philosophy)၊ မားကတ်တင်းလုပ်မယ့် အတွေးအခေါ် (Marketing Philosophy)၊ မဟာဗျူဟာတည်ဆောက်ရေးအတွက် (Strategic Narrative တွေ) မတူအောင် တည်ဆောက်ထားဖို့လိုတယ်။
သူ့နောက်ကမှ စနစ်တို့၊ ပေါ်လစီတို့ လိုက်လာတာဖြစ်တယ်။ မပြိုင်ဘဲ နိုင်အောင်လုပ်ဖို့ ကိုယ့်ရဲ့ စီးပွားရေး အတွေးအခေါ်က စတယ်။ ကိုယ့်အိမ်မက်တွေကို မပြိုင်ဘဲ နိုင်အောင်လုပ်ပါ။
Dr. Phyo Paing ရဲ့ “မပြိုင်ဘဲ နိုင်အောင်လုပ်ပါ” စာအုပ်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ မပြိုင်ဘဲနိုင်အောင်လုပ်နိုင်မယ့် စီးပွားရေးဆိုင်ရာအယူအဆတွေ၊ ကိုယ်မပါဘဲ လည်ပတ်လို့ရအောင် ဘယ်လို System ချမလဲ၊ လုပ်ငန်းဦးဆောင်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်တည်ဆောက်ဖို့ ဘာတွေလိုမလဲ၊ လုပ်ငန်းရှင်သန်တိုးတက်ရေးအတွက်အရေးကြီးတဲ့ Business Model နဲ့ Strategy တွေ စသဖြင့် Business Development ဆိုင်ရာအတွေးအမြင်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းမှာ ဦးဆောင်စီမံနေသူတွေ၊ ကိုယ်ပိုင်လုပ်ငန်း စလုပ်နေသူတွေ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တဲ့သူတွေ၊ မန်နေဂျာတွေနဲ့ လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်ဦးဆောင်နေသူတွေ၊ စီးပွားရေးဆိုင်ရာအသိပညာကို လေ့လာလိုသူတွေ ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 146(Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 1 x 7.7 inches |
| ပုံနှိပ်မှတ်တမ်း | စာပေလမ်း 2024 ဩဂုတ်လ (ပထမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 13.10.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 22000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
14 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ