မောင့်တီရှပ်လေးမိုးမမိစေချင်
4000 (ကျပ်)
နောက်ခံ ငယ်ဘဝ ဇာတ်ကြောင်းတွေကြောင့် အရာရာမှာ စိုးရိမ်ပူပန်နေတတ်သူ အရိုးခံမိန်းကလေး တစ်ယောက်ဟာ ဘဝကို ကြိုးစားဖြတ်သန်းရင်း ယုံကြည်လောက်တဲ့ နွေးထွေးကြင်နာတဲ့ချစ်သူနဲ့ တွေ့ဆုံခဲ့ရလို့ ဘဝဟာ အေးချမ်းလာခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ မထင်မှတ်တဲ့ မတော်တဆ ဖြစ်ရပ်တစ်ခု
ကို အကြောင်းပြုရာကနေ သံသယ ဆိုတဲ့ ပြဿနာက ရောက်ရှိလာခဲ့ပါတယ်။ အဲဒီ သံသယ အက်ကြောင်းကစလို့ တည်ဆောက်ထားခဲ့တဲ့ ယုံကြည်မှုတွေ၊ ချစ်ခြင်းတရား အဆောက်အအုံတွေဟာ ပြိုလဲကျသွားခဲ့ပါတယ်။ ဒီဝတ္ထုမှာ လူမှု ဆက်ဆံရေးအပေါ် လက်ခံယုံကြည်ကြမှု စံနှုန်းတွေ ကွာခြားကြတဲ့ မျက်မှောက်ခေတ် မိန်းကလေးတွေရဲ့ အတွေးအမြင်နဲ့ ခံစားချက်တွေကို တစ်စိတ်တစ်ပိုင်းဆိုသလို မြင်ရပါမယ်။ တချို့ မိန်းကလေးတွေမှာ ကျား/မ ဆက်ဆံမှု ဟာ ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းစရာ ဖြစ်နေပေမဲ့ တချို့မှာတော့ ဘဝကြီးတစ်ခုလုံး ဖြစ်နေတာ မျိုးကို ဒီဝတ္ထုက ဖော်ကျူး ထားပါတယ်။
| စာမျက်နှာ | 92 |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.2 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2023 ဇွန်လ ၊ (ပ – ကြိမ်) |
5 in stock








Zar Ga Nar –
အမျိုးသမီးစာရေးဆရာတွေရဲ့ဝတ္ထုတွေဆက်တိုက်ဖတ်မိနေသလို၊ကောင်းလဲကောင်းနေကြတယ်။
ဇာတ်တည်ဆောက်ပုံ၊အရေးအသား တွေပါပြောင်းလာကြတာသတိပြုမိတယ်။
စိတ်ပိုင်းဆိုင်ရာကို ပိုပြီး အလေးထားလာတာ မြင်ရတယ်။
ဆရာမ မြလွှမ်းမိုးဆွေရဲ့မောင့်တီရှပ်လေးမိုးမမိစေချင်ကိုဖတ်ရတယ်။
အခုလဲ သည်ဝတ္ထုဟာ လူ့စိတ်သဘာဝကိုအခြေခံထားတာပဲ။
ကျကွဲမှာစိုးလို့ သတိထားလွန်းတဲ့အခါ ပိုပြီးလွတ်ကျ ကျကွဲသွားတတ်တယ် တဲ့လေ။
ကျော်စည်သူနဲ့ခင်မိုးအေးက မိသားစုရာဇဝင်တူကြတယ်။
အိမ်ထောင်ပြုကြတော့ သဘောကျစရာ။
ကျောင်းတုန်းက သူငယ်ချင်း လဲ့လဲ့အိမ်လာလည်ရာက ဇာတ်ရှုတ်ပါရော။
ခင်မိုးအေးနဲ့လဲ့လဲ့ကဝိုင်သောက်ကြတယ်။
နှစ်ယောက်လုံးနည်းနည်းမူးသွားတော့လဲ့လဲ့က ခင်မိုးအေးတို့အိမ်မှာအိပ်တယ်။
ညသန်းခေါင်မှာ ခင်မိုးအေးနိုးလာတော့ လဲ့လဲ့ကုတင်ပေါ်မှာ ကျော်စည်သူ။
ခင်မိုးအေးတို့အိမ်ထောင်ရေးဟာ အဲဒီကစလို့ လှိုင်းထန်တာ။
သူ့အဖေတုန်းက.မိန်းမတွေအိမ်ခေါ်ခေါ်လာတတ်လို့ ခင်မိုးအေးရှက်ခဲ့ဖူးတယ်။
အခု သူ့အမျိုးသား၊သူသိတ်ချစ်ရတဲ့ကျော်စည်သူ။
ဘယ်လိုရှင်းရှင်းမယုံတော့ဘူး။
ကျော်စည်သူက လဲ့လဲ့မူးလဲလို့ကုတင်ပေါ်ပွေ့တင်ရတာပါလို့ရှင်းပြလဲမရဘူး။ခင်မိုးအေးမယုံဘူး။
ဘာကိုမှမယုံတော့ဘူး။
ဘယ်သူနဲ့မှမယုံတော့ဘူး။
လမ်းခွဲလိုက်ကြမလားဆိုတော့လဲ မဟုတ်ပြန်ဘူး။
လဲ့လဲ့ကတော့ရှင်းတယ်။
အိပ်ယာပေါ်က ကိစ္စကို ဘဝလို့ထင်နေကြတာလား.တဲ့။
ကျန်တာတော့ စာဖတ်ပရိသတ်ကိုယ်တိုင်ဖတ်ကြည့်စေချင်ပါတယ်။
မောင့်တီရှပ်က ဘာအရောင်လေးလဲ။
အပြာလား
အနက်လား။
မိုးစိုသွားတော့ ဘာဖြစ်လဲ။
ဓါးတွေတုံးပေမဲ့ သွေးထွက်စေတတ်ပါတယ်။