ZERO STRESS

( 0 မှတ်ချက်)

4000 (ကျပ်)

“စိတ်ညစ်စရာက လာရင်တစ်ခုတည်း ဘယ်တော့မှမလာဘူးအုံနဲ့ကျင်းနဲ့ ရောက်လာတတ်တယ်။ဒါကြောင့်….စိတ်ညစ်စရာဆိုရင်အသေးအမွှားကလေးက စပြီးမင်း လက်မခံပါနဲ့”လို့ဆရာမခူးက ဆိုထားပါတယ်။ ZERO STRESS စာအုပ်မှာ ဆရာမခူးက ကိုယ်တိုင်အမှာစာရေးသားထားပြီး “ဒီစာအုပ်ဖတ်လို့ စိတ်ဖိစီးမှုတွေ လုံးဝကင်းစင်သွားမယ်လို့ ဆိုလိုတာမဟုတ်ကြောင်း ဒီစာအုပ်ဖတ်ပြီး စိတ်ဖိစီးမှုတွေ ကင်းစင်သွားစေချင်တဲ့ စေတနာနဲ့ ရေးသားခဲ့တာပါ.. လမ်းစတစ်ခုဖြစ်စေ အကူအညီတစ်ခုဖြစ်စေ အထောက်အပံ့ကောင်းတစ်ခုဖြစ်စေ ရရှိစေလိမ့်မယ်လို့တော့ ခူးက ယုံကြည်ပါတယ်…”လို့ ဆိုထားပါတယ်။ ဒီစာအုပ်မှာ စိတ်ဖိစီးမှုတွေကိုလျော့ချနည်း စာစုအပုဒ်(၁၀၀) ပါဝင်ပါတယ်။ တကယ်တော့ စိတ်ဖိစီးမှုတွေကို ခံစားရတဲ့အခါမှာ အကောင်းဆုံးဖြေရှင်းနည်း(၁၀၀)လို့ ဆိုရမှာပါ။ ရိုးရှင်းသော ရေးသားတင်ပြပုံနဲ့ လူငယ်စာရေးသူတစ်ယောက်ရဲ့ခေတ်အမြင်ခေတ်အတွေးတွေဟာ စာဖတ်သူတွေ နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်တိုင်ဖတ်ဖို့ဖြစ်စေ ချစ်ခင်ရသူတွေကို လက်ဆောင်ပေးဖို့ဖြစ်စေ အမှန်ကန်ဆုံးရွေးချယ်မှုလို့ဆိုရမယ့် စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်ပါတယ်။

စာမျက်နှာ

110

စာအုပ်အရွယ်အစား

5.2 x 0.3x 7.9 inches

ပုံနှိပ်မှတ်တမ်း

ဆောင်းစုရတီစာပေ၊ 2023 ဖေဖော်ဝါရီလ (ပထမအကြိမ်)

13 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ZERO STRESS” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ခူး စာအုပ်များ