ယနေ့ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေရဲ့ ၈ပုံ ၁ပုံဟာ တရုတ်လူမျိုးဖြစ်တယ် ၊ ဆိုလိုတာက ကမ္ဘာ့လူဦးရေ စုစုပေါင်း ၈ ဘီလီယံခန့်ရှိနေတဲ့အချိန်မှာ တရုတ်လူမျိုးက ၁.၄ ဘီလီယံလောက်ရှိတယ်လို့ စစ်တမ်းတွေအရ သိရတယ်
တရုတ်တွေ ထိုးဖောက်၀င်ရောက်နိုင်စွမ်းအား ဘယ်လောက်ကောင်းလဲဆို နိုင်ငံတော်တော်များများမှာ China Town တွေရှိနေတာပဲကြည့်လေ
အမေရိကန်လို နိုင်ငံမျိုးကိုတောင် တရုတ်နဂါးကြီးက စိန်ခေါ်နိုင်လာတာကို ဒီနောက်ပိုင်းနှစ်တွေမှာ ပိုသတိထားမိတယ်
အတိတ်က တရုတ်ဟာ ပြည်တွင်းစစ်တွေ ၊ တရုတ်ဖြူ တရုတ်နီတွေနဲ့ မသင့်တင့်မှုတွေကြောင့် ငတ်ခဲ့ဖူးတယ် ၊ အဲ့လိုအချိန်မှာ မော်စီတုန်းက အကွဲကွဲအပြားပြားဖြစ်နေတဲ့ တရုတ်ပြည်ကြီးကို စုစည်းပေးခဲ့ပြီး တိန်ရှောင့်ဖိန်က တရုတ်ပြည်ကြီးကို ချမ်းသာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်
မြန်မာနိုင်ငံကို တရုတ်တွေအများအပြား ၀င်ရောက်လာတာက ကိုလိုနီခေတ်နဲ့ န၀တ ခေတ်မှာဖြစ်တယ် ၊ နောက်ပိုင်းတော့ တရား၀င်ကော တရားမ၀င်ကော တဖွဲဖွဲ ၀င်ရောက်လာကြတယ်
မြန်မာနိုင်ငံဟာ သယံဇာတ ပစ္စည်းပေါကြွယ်၀လို့ တရုတ်အတွက် မျက်စိကျစရာ ဒေသတစ်ခုဖြစ်တယ် ၊ စစ်အစိုးရနဲ့ပေါင်းပြီး လုပ်ပိုင်ခွင့်တွေယူတယ် ၊ တစ်ဖက်လှည့်နဲ့ ပြည်တွင်းစစ်ဖြစ်အောင် တိုင်းရင်းသားတွေကို လက်နက်ပေးတယ် ၊ အိမ်ကြက်ချင်းခွပ်ရင် မြွေမသေတုတ်မကျိုးဘဲ သူတို့အကျိုးဖြစ်ထွန်းမှာကို သိတယ်
ယနေ့အိမ်နီးချင်းပေါက်ဖော်ကြီးတွေ ဘာတွေလုပ်နေကြလဲဆိုတာကို ကျွန်တော်တို့တွေ သိပ်သတိမထားမိကြပါဘူး ၊ တရုတ်က ၀င်လာတဲ့ ပစ္စည်းတွေကို သုံးပြီး လူ့အဆင့်အတန်းတစ်ခုကို မြိန့်မြိန့်ြကီး ခံစားနေတဲ့အချိန်မှာ တရုတ်ကြီးက အမေရိကန်လို နိုင်ငံကြီးနဲ့ ရင်ဘောင်တန်းပြီး ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်ဖို့ ကြိုးစားနေပါပြီ
ဒီစာအုပ်ထဲမှာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး သုံးသပ်ချက်များစွာကို တွေ့ရတယ် ၊ FB မှာအရမ်းလည်း မပြောရဲဘူး ၊ တော်ကြာနေ တရုတ်မ ယောင်္ကျားက အကောင့်ကို Political Policy နဲ့ငြိပါတယ်ဆိုပြီး ပိတ်နေမှဖြင့် ...