
ကိုယ့်ကိုယ်ကိုယ် သိအောင်လုပ်
10000 (ကျပ်)
💢 သင့်ဘဝကို ပြောင်းလဲဖို့ လိုနေတာ စိတ်ဓာတ်ခွန်အား မဟုတ်ဘူး။ ဆင်ခြေတွေရပ်ပြီး စလုပ်ဖို့ပါပဲ။
💢 လုပ်ချင်တာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ မလုပ်ဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး။ အမှားလုပ်မိမှာ ကြောက်တယ်။ အချိန်မတန်သေးဘူးလို့ တွေးတယ်။ တစ်ခါတလေ ကိုယ်တိုင်တောင် ကိုယ့်အတွေးတွေရဲ့ အကျဉ်းသားဖြစ်နေတတ်တယ်။
💢 အဲဒီလိုနဲ့ပဲ နောက်တစ်ရက်၊ နောက်တစ်လ၊ နောက်တစ်နှစ်ကို ဖြတ်သန်းနေဦးမှာလား။
💢 ဒီစာအုပ်မှာ စာရေးသူက ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်ဖို့ အပြုသဘောဆောင်တဲ့ စကားလုံးလှလှတွေကိုပဲ ပြောမနေပါဘူး။ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတဲ့ အတွေးတွေ၊ အကြောင်းပြချက်တွေကို ရင်ဆိုင်ခိုင်းပြီး လက်တွေ့လုပ်ဆောင်မှုဆီ တွန်းပို့ပါတယ်။
💢 ဒီစာအုပ်မှာ ဘဝကို ပြောင်းလဲဖို့ အခြေခံအဖြစ် အသုံးပြုနိုင်တဲ့ ကိုယ်ပိုင်ခံယူချက် ၇ ခုကို အဓိကထား ဆွေးနွေးထားပါတယ်။
▪️ I Am Willing — လိုချင်တာကိုပဲ ပြောမနေဘဲ အဲဒီအတွက် ပေးဆပ်ဖို့ အသင့်ရှိပါ။
▪️ I Am Wired to Win — ရှုံးနိမ့်မှုကိုပဲ ကြိုတွေးမနေဘဲ အနိုင်ရဖို့ ကိုယ့်အရည်အချင်းကို အသုံးချပါ။
▪️ I Got This — အရာရာကို သေချာမှ စမယ်ဆိုတဲ့ အတွေးကို ရပ်လိုက်ပါ။
▪️ I Embrace the Uncertainty — မသေချာမှုတွေကို ကြောက်မနေဘဲ ရင်ဆိုင်ရဲပါ။
▪️ I Am Not My Thoughts; I Am What I Do — ကိုယ့်အတွေးတွေထက် ကိုယ်တကယ်လုပ်ဆောင်တဲ့အရာတွ
က ပိုအရေးကြီးပါတယ်။
▪️ I Am Relentless — အခက်အခဲတွေကြောင့် လမ်းတစ်ဝက်မှာ လက်မလျှော့ပါနဲ့။
▪️ I Expect Nothing and Accept Everything — မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါလည်း အခြေအနေကို လက်ခံပြီး ရှေ့ဆက်ပါ။
💢 ဒီစာအုပ်က သင့်ကို နေ့ချင်းညချင်း အောင်မြင်သူတစ်ယောက် ဖြစ်သွားစေမယ့် မှော်ဆန်တဲ့နည်းလမ်းတွေ ပေးမှာမဟုတ်ပါဘူး။
💢 ဒါပေမဲ့ သင်ကိုယ်တိုင် တားဆီးထားတဲ့ အကန့်အသတ်တွေကို မြင်လာစေမယ်။ အတွေးထဲမှာပဲ အချိန်ကုန်နေမယ့်အစား လက်တွေ့စတင်လုပ်ဆောင်တတ်လာစေမယ်။
💢 အတွေးတွေထဲမှာပဲ ပိတ်မိမနေပါနဲ့။ သင့်ဘဝကို သင်ကိုယ်တိုင် ပြန်ထိန်းချုပ်လိုက်ပါ။
💢 တစ်ခုတော့ သေချာတယ်။
💢 သင့်ဘဝကို ပြောင်းလဲပေးမယ့်သူက တခြားတစ်ယောက် မဟုတ်ဘူး။
💢 သင်ကိုယ်တိုင်ပဲ။
| စာမျက်နှာ | 144 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 × 0.2 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2026ခုနှစ် ၊ နိုဝင်ဘာလ ၊ (ပထမအကြိမ်) |
28 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ