ဘဝခရီးသည်၏အဖော်မွန်

( 0 မှတ်ချက်)

8000 (ကျပ်)

တွေးတောကြံစည်နေခြင်းသည် အကြံဉာဏ်များ ရရှိနေခြင်း မဟုတ်၊
မိမိ၏စိတ်အာရုံတွင် အကြံဉာဏ်များကို လှည့်ပတ် ကပြနေစေခြင်းဖြစ်၏။

                                                                လောက်ဇူ( တရုတ်ပညာရှိ )
===

အရှေ့တိုင်းအသိပညာနှင့် အယူအဆများကို နှစ် ၂၀ ကျော်ကြာ လေ့လာ ခဲ့သော အမေရိကန် စီမံခန့်ခွဲရေးအတိုင်ပင်ခံနှင့် စာရေးဆရာစတန်လေ၊ အမ်၊ ဟာမန်က တရုတ်တွေးခေါ်ပညာရှိကြီးလောက်ဇူ၏ တောက်တယ်ကျင်းကျမ်းကို အဓိပ္ပါယ် ဖွင့်ဆိုရေးသားသည့် စာအုပ်ဖြစ်သည်။ လောက်ဇူ(Lao -Tzu) သည် ခရစ်တော်မပေါ်မီ နှစ် ၆၀၀၊ ဘီစီ ၆ ရာစုခန့်က ပေါ်ထွန်းခဲ့သော တရုတ်ပညာရှိဖြစ်ပြီး ၎င်းဖော်ထုတ်ခဲ့သော တောက် အယူအဆသည် တရုတ်နိုင်ငံမှ ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ပျံ့နှံ့ရောက်ရှိခဲ့ပြီး ယနေ့တိုင် လူအများ လိုက်နာကျင့်သုံးနေသော အယူအဆတစ်ရပ်လည်း ဖြစ်၏။ တရုတ်ဘာသာစကားအရ တောက် Tao ဆိုသောဝေါဟာရသည် အင်္ဂလိပ်လို Way(လမ်း)ဟူ၍ အဓိပ္ပာယ်ထွက်ရှိရာ မြန်မာပြန်သူဆရာမောင်ပေါ်ထွန်းက ဘ၀ခရီးလမ်းဟု ဖွင့်ဆိုထား၏။

စာအုပ်တွင် ထိုအယူအဆ တစ်ချက်ချင်းစီကို မူရင်းရေးသားသူက ၎င်းကြုံတွေ့ခဲ့သော ဖြစ်ရပ်များ၊ မှတ်သားထားသော ဖြစ်စဉ်များနှင့် နှိုင်းယှဉ် ချိန်ထိုးကာ ဖွင့်ဆိုရေးထားရာ စာမျက်နှာတိုင်း အဓိပ္ပာယ်ပြည့်ဝ၍ နေပါသည်။

လောက်ဇူ ဖော်ထုတ်ခဲ့သော မူလ တောက်အယူအဆသည်ပင် အစီအစဉ်တကျ ရေးထားခြင်း မရှိလေရာ စာဖတ်သူအနေဖြင့် နှစ်သက်ရာ မည်သည့်စာမျက်နှာ ဖတ်မိသည်ဖြစ်စေ တစ်မုဟုတ်ချင်း ဉာဏ်ပွင့်လင်းသွားပြီး စိတ်အင်အားများ မုချ ရောက်ရှိလာမည် ဖြစ်ပေသည်။

စာအုပ်နှင့်စပ်လျဉ်း၍ စာရေးသူ စတန်လေဟာမန်၏ အမှာတစ်နေရာ၌” အချို့သော စာရေးဆရာများက လောက်ဇူ၏ အတွေးအခေါ်များကို   အခြားသော အနောက်တိုင်း၊ အရှေ့တိုင်း တွေးခေါ်ရှင်ကြီးများ၏  အတွေးအခေါ်များနှင့် ဆက်နွှယ်၍ ဖွင့်ဆိုကြသည်။ ကျွန်ုပ်ကမူ ယင်းသို့   မဟုတ်ဘဲ မူလအတွေးအခေါ်ကို ပို၍သဘောပေါက်နိုင်အောင် ခေတ်ပြိုင် စီးပွားရေးလုပ်ငန်းများမှ လက်တွေ့ဖြစ်ရပ်များနှင့် ဆက်စပ်၍ ဖွင့်ဆိုထား၏။   အထူးသဖြင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသော ဈေးကွက်ထဲမှ    မျက်မြင်ဖြစ်ရပ်များနှင့် လက်တွေ့ယှဉ်ဟပ်၍ ဖွင့်ဆိုထားခြင်းဖြစ်သည်။

အထူးသဖြင့် ဤစာအုပ်သည် လူ့ဘ၀ခရီးလမ်းတွင် စပ်ကူးမပ်ကူး  အခြေအနေသို့ ရောက်ရှိနေသူများအတွက် အလွန် အကျိုးရှိနိုင်သည်။

လက်ရှိဘဝအခြေအနေ လက်ရှိလုပ်ငန်းအနေအထား အကျဉ်းအကျပ်  တွေ့ကာ စိတ်ဆင်းရဲနေကြ သူများအတွက် အဆိုပါအခြေအနေများကို  ဟန်ချက်ညီအောင် ဤစာအုပ်က ကူညီပါလိမ့်မည် “ဟု ဖော်ပြပါရှိ၏။

စာမျက်နှာ

141 (Woodfree Paper)

စာအုပ်အရွယ်အစား

5.1 x 0.3 x 7.5 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2026 စက်တင်ဘာလ(တတိယအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဘဝခရီးသည်၏အဖော်မွန်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မောင်ပေါ်ထွန်း စာအုပ်များ