နှလုံးသည်းပွတ်တို့မည်သည် ဘာသာပြန်၍မရနိုင်စကောင်း

( 0 မှတ်ချက်)

15000 (ကျပ်)

ဆွေမျိုးချင်း မသင့်မမြတ်ဖြစ်ရာမှ ဆွေမျိုးနီးစပ်တော်သော ချစ်သူမြဝင်းလတ်နှင့် ဝေးရာ တောင်တန်း တစ်နေရာရှိ သစ်ထုတ်လုပ်ရေးလုပ်ငန်းဆီသို့ လွင့်ပါးလာသည့် တက္ကသိုလ်ကျောင်းသား သီဟကျော်၏ဘဝကို အခြေခံသော ဆရာငြိမ်းကျော် ၏ လူငယ်မေတ္တာဖွဲ့ဝတ္ထု ဖြစ်သည်။ ယင်းကောက်ဆိုသော တောင်ပေါ်ရွာလေး၌ အသည်းကွဲဝေဒနာကို ကုစားနေထိုင်ရင်း ရုတ်တရက် ရောက်လာသူတွေက သူငယ်ချင်းအချို့နှင့် ချစ်ရသူ မြဝင်းလတ်၊ သူတို့ ဖျောင်းဖျမှုကြောင့် သီဟကျော် ရန်ကုန်ပြန်လိုက်လာပြီး တက္ကသိုလ်ပြန်တက်စဉ် ချစ်သူချင်း အဆင်ပြေကာမှ သီဟကျော်ဘဝထဲ တိုးဝင်လာသူက ရီရီစိုးဆိုသော ဆွေမျိုးထဲက မွေးစားသမီးတစ်ဦး ..၊

နဂိုကတည်းက ပြဿနာရှိ၍ ချစ်သူချင်း ကွေကွင်းရမလောက် ဖြစ်နေချိန်တွင် သပွတ်အူလို ထပ်မံ ရှုပ်ထွေးလာသော အခြေအနေက မရိုးသား ..၊ ရီရီစိုး သီဟကျော်ကို ချဉ်းကပ်လာပုံက တစ်မျိုးထူးနေ၏။

သည်တွင် အထင်အမြင် လွဲမှားချင်သော ချစ်သူ မြဝင်းလတ်နှင့် ရီရီစိုးတို့ကြား ဗျာများလာရသူက သီဟကျော်၊ ဇာတ်လမ်းက သိမ်မွေ့သလို ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်လာသည်။ အမွေကိစ္စကြောင့် ဆွေမျိုးချင်း မသင့်မတင့်အရေးတွေက လူငယ် စုံတွဲအပေါ်  အကြီးအကျယ် ရိုက်ခတ်လာပြန်ကာ အချစ်စစ် အချစ်မှန်တို့မည်သည် ဖြောင့်ဖြူးခြင်း မရှိ ဆိုရိုးအတိုင်း လွမ်းမောဖွယ်ရာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

စာမျက်နှာ

247 (Woodfree Paper)

စာအုပ်အရွယ်အစား

5.8 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2026 စက်တင်ဘာလ(တတိယအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နှလုံးသည်းပွတ်တို့မည်သည် ဘာသာပြန်၍မရနိုင်စကောင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ငြိမ်းကျော် စာအုပ်များ