
ကာတွန်းရုပ်ရှင် လို-တို-ရှင်း
12000 (ကျပ်)
“ဒီသုံးလေးနှစ်အတွင်း တိုးတက်လာတဲ့ AI ကြောင့် ကာတွန်းရုပ်ရှင်၊ ပုံတူပန်းချီ၊ ကယ်ရီကေးချားပုံထုတ်ခြင်းတွေကို လူတိုင်းလိုလိုလုပ်လာကြတယ်။ အရသာတော့ သိပ်မရှိလှဘူး။ လူသားက ကိုယ်ဘာဖြစ်ချင်တာလဲသိပါမှ Al ကို အရသာရှိအောင်ခိုင်းတတ်မှာ”
(ဆရာအောပီကျယ်ရဲ့ ဒုတိယအကြိမ်ထုတ်ဝေခြင်းအတွက် အမှာစကားမှ)
လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ရယ်စရာမဂ္ဂဇင်းမှာအခန်းဆက်ဖော်ပြခဲ့တဲ့ ဆရာအော်ပီကျယ်ရဲ့ ‘ကာတွန်းရုပ်ရှင် လို-တို-ရှင်း’ ကို ကနေ့ခေတ် AI ခေတ်ကြီးထဲမှာ ဒီလိုစာအုပ်မျိုးလိုအပ်သေးတယ်လို့ယုံကြည်တဲ့အတွက် ယွန်းဝဿန်စာပေတိုက်က ‘ကာတွန်းရုပ်ရှင် လို-တို-ရှင်း’ ကို ဒုတိယအကြိမ်အဖြစ်ထုတ်ဝေထားပါတယ်။
ရုပ်ရှင်နဲ့ကာတွန်းပညာကိုပေါင်းစပ်ထားတဲ့အတွက် ကာတွန်းချစ်သူတွေ၊ ကာတွန်းပညာကိုလေ့လာနေသူတွေ၊ ကာတွန်းရုပ်ရှင်ကိုလက်တွေ့လုပ်နေသူတွေ မဖြစ်မနေဝယ်ယူဖတ်ရှုသင့်တဲ့စာအုပ်ပဲဖြစ်ပါတယ်။ စာအုပ်ထဲမှာ အခန်းကြီး ၆ ခန်းပါဝင်ပြီး အခန်းတစ်ခန်းခြင်းဆီမှာ စာနဲ့အတူသရုပ်ဖော်ကာတွန်းတွေ၊ ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလက်ရာတွေကို ဝေဝေဆာဆာဖော်ပြထားပါတယ်။
ပညာရပ်တစ်ခုကိုလေ့လာလိုက်စားရာမှာ ပင်ပန်းပါတယ်။ ပျင်းစရာလည်းကောင်းမှာပါ။ ဒါပေမယ့် စိုက်လိုက်မတ်တပ် ဆက်လုပ်ရင်ပျော်မွေ့လာပါလိမ့်မယ်လို့ ဆရာအော်ပီကျယ်က လူငယ်မျိုးဆက်သစ်တွေကို အားပေးစကားဆိုထားပါတယ်။
| စာမျက်နှာ | 160 (woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 6 × 0.3 × 9.1 inches |
| ပုံနှိပ်မှတ်တမ်း | ဂျာနယ်လစ်စာပေ၊ 2026 မေလ (ဒုတိယအကြိမ်) |
3 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ