
AUTISM ပျိုးထောင်နည်း(မိဘလက်စွဲ)
11000 (ကျပ်)
မိဘတစ်ယောက်ဖြစ်ရတာ တကယ်မလွယ်ကူလှသလို ကိုယ့်ကလေးမှာ ထူးခြားတဲ့ ဖွံ့ဖြိုးမှုပုံစံလေးတွေ ရှိနေတဲ့အခါ စိုးရိမ်ပူပန်စိတ်တွေနဲ့ ဘာလုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်ရတာမျိုးကို မိဘတိုင်း ကြုံဖူးကြပါလိမ့်မယ်။
ဒီစာအုပ်ကတော့ ကလေးရဲ့ အပြုအမူတွေအပေါ် စိုးရိမ်စိတ်နဲ့ ဟိုပြေးဒီပြေး မေးမြန်းနေစရာမလိုဘဲ အိမ်မှာတင် ကိုယ်တိုင်ဆန်းစစ်ပြီး လက်တွေ့ကုသပျိုးထောင်ပေးနိုင်မဲ့ လမ်းညွှန်စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။
ဒီစာအုပ်ရဲ့ အဓိကထူးခြားချက်က သီအိုရီတွေအများကြီးနဲ့ ပျင်းစရာမကောင်းဘဲ မိဘတွေ အိမ်မှာတင် ချက်ချင်းလက်တွေ့လုပ်လို့ရတဲ့ နည်းလမ်းတွေချည်းပဲ သီးသန့်စုစည်းပေးထားတာပါ။ အချိန်အကြာကြီးစောင့်ပြီး အဖြေရှာနေစရာမလိုဘဲ အိမ်တွင်းလေ့ကျင့်ခန်းတွေနဲ့ ကလေးကို အကောင်းဆုံးကူညီပေးနိုင်အောင် ပံ့ပိုးပေးထားပါတယ်။
ဒီစာအုပ်ဟာ ဆရာဝန်တစ်ယောက်က ဆေးပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ခြောက်ကပ်ကပ် ရေးထားတာမျိုး
မဟုတ်ဘဲ ကလေးတစ်ဦးချင်းစီရဲ့ အခက်အခဲကို မိဘတစ်ယောက်လို စာနာနားလည်ပေးပြီး တစ်ဖက်ကလဲသိပ္ပံနည်းကျ လက်တွေ့ကျကျ အဖြေရှာပေးထားတဲ့ သွေးချင်းနီးစပ်တဲ့ လမ်းညွှန်ချက်တွေဖြစ်လို့ ဖတ်ရတာ အလွန်ပေါ့ပါးပြီး ထိရောက်မှုရှိလှပါတယ်။
Autism ရှိတဲ့ကလေးတစ်ယောက်အနေနဲ့လဲ ဘဝမှာ ရပ်တည်ဖို့အတွက် သူ့အတိုင်းအတာနဲ့သူ ညှိယူရှင်သန်ဖို့တော့ လိုအပ်နေဦးမှာပါပဲ။ ကိုယ့်ကလေးမှာ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ လိုအပ်ချက်လေးတွေ ရှိနေသလို ခံစားရလို့ပဲဖြစ်ဖြစ်၊
ကလေးငယ်တွေကို စနစ်တကျ ပြုစုပျိုးထောင်ပေးချင်လို့ပဲဖြစ်ဖြစ် မိဘတိုင်း ဆရာတိုင်း ဆောင်ထားသင့်တဲ့
“လက်တွေ့သုံး မိဘလက်စွဲ”စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 144 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.8 x 0.4 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | သားငယ်၊ ၂၀၂၆ ဩဂုတ်လ၊ (ပထမအကြိမ်) |
22 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ