
စေ့စပ်ညှိနှိုင်းမှုအတတ်ပညာ
24000 (ကျပ်)
“အောင်မြင်တဲ့ ညှိနှိုင်းမှုဆိုတာ ကိုယ်တောင်းဆိုတာအားလုံးကို ရအောင်လုပ်ဖို့ဖြစ်ပြီးတော့ ဘယ်အရာမှ ပြန်ပေးစရာမလိုဘဲနဲ့ တောင်းဆိုနိုင်ဖို့ လိုပါတယ်”
ထိရောက်တဲ့ ညှိနှိုင်းတောင်းဆိုမှုတွေက လူတွေကို ထက်မြက်လာစေပြီး ဘဝရဲ့ အချိုးအကွေ့တိုင်းအတွက် စိတ်ပိုင်းဆိုင်ရာ အားသာချက်တွေကိုလည်း ပေးပါတယ်။ အဲဒီအားသာချက်တွေကတော့ လူတစ်ယောက်ကို ဘယ်လိုအကဲဖြတ်မလဲ၊ ကိုယ့်အပေါ် အကဲဖြတ်တာတွေကို ဘယ်လိုပြောင်းလဲစေနိုင်မလဲနဲ့ အဲဒီအသိဉာဏ်တွေကို သုံးပြီးတော့ ကိုယ်လိုချင်တာတွေကို ဘယ်လိုရယူနိုင်မလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်။
ညှိနှိုင်းမှုတွေကို နေ့စဉ်လုပ်ဆောင်နိုင်ဖို့အတွက် ပထမဆုံးအဆင့်တစ်ခုအနေနဲ့ကတော့ ညှိနှိုင်းမှုကို မနှစ်သက်တဲ့ ကိုယ့်ရဲ့စိတ်ကို ကျော်လွှားဖို့ ဖြစ်ပါတယ်။ ညှိနှိုင်းမှုကို ကြိုက်နှစ်သက်ဖို့ မလိုပါဘူး။ လောကကြီးက ဘယ်လိုလည်ပတ်နေတယ်ဆိုတာကို သိဖို့ပဲ လိုပါတယ်။
ညှိနှိုင်းမှုဆိုတာ တစ်စုံတစ်ယောက်ကို ခြိမ်းခြောက်တာမျိုး မဟုတ်သလို နင်းခြေပစ်တာမျိုးလည်း မဟုတ်ပါဘူး။ လူအဖွဲ့အစည်းကို ထူထောင်ထားတဲ့ စိတ်ခံစားမှုကို ဦးစားပေးတဲ့ ကစားပွဲတစ်ခုကို ကစားခြင်းမျိုးလို့ ရိုးရိုးလေး မြင်နိုင်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ကိုယ်လိုချင်တာကို နည်းမှန်လမ်းမှန်နဲ့ တောင်းဆိုတတ်ဖို့ပဲ လိုပါတယ်။ ဒါကြောင့်မို့ ကိုယ်ထင်တဲ့အတိုင်း မှန်တယ်လို့ ပြောနိုင်ဖို့အတွက် ကိုယ့်ရဲ့ ဩဇာကို တည်ဆောက်ရယူနိုင်ဖို့ လိုပါတယ်။
အောင်မြင်တဲ့ ညှိနှိုင်းရေးသမားဆိုတာ ကိုယ်တောင်းဆိုတာအားလုံးကို ရအောင်လုပ်ဖို့ဖြစ်ပြီးတော့ ဘယ်အရာမှ ပြန်ပေးစရာမလိုဘဲနဲ့ တောင်းဆိုနိုင်ဖို့ လိုပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာလည်း ကိုယ်နဲ့ ပြိုင်ဘက်တွေရဲ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးထားနိုင်ဖို့ လိုပါသေးတယ်။ အဲဒီလိုတွေ လုပ်နိုင်ဖို့ သုံးရမယ့် နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ လေ့လာသွားနိုင်ပါလိမ့်မယ်။ ဒီစာအုပ်ရဲ့ အနှစ်သာရအရတော့ ညှိနှိုင်းမှုကို လက်ခံထားနိုင်ဖို့နဲ့ လေ့လာသင်ယူတဲ့အခါမှာလည်း စိတ်ပညာပိုင်းတွေကို သတိထားဆောင်ရွက်ရမယ့် နည်းလမ်းတွေနဲ့ ကိုယ်လိုချင်တာကို ရအောင်တောင်းဆိုနိုင်ဖို့ ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ FBI မှာ လုပ်ကိုင်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက် ကာလအတွင်း ရလာခဲ့တဲ့ သဘောတရားတွေနဲ့ လက်တွေ့လုပ်ကိုင်မှုတွေက ရလာခဲ့တဲ့ နည်းလမ်းအသစ်တွေကို စိတ်လှုပ်ရှားဖွယ်ရာ ဖတ်ရှုရမှာပါ။ အဲဒီနည်းလမ်းအသစ်ကနေ လေ့လာသူတွေကို ကိုယ့်ရဲ့ပြိုင်ဘက်တွေက ဘယ်လိုမျိုး အန္တရာယ်မပေးနိုင်အောင် လုပ်မလဲ၊ သူတို့ရဲ့ ဦးတည်ရာကို ဘယ်လိုပြောင်းလဲပစ်မလဲ ဆိုတာနဲ့ ပြိုင်ဘက်ကို ဖြိုခွင်းဖို့အတွက် သုံးနိုင်မယ့် ညှိနှိုင်းမှုပညာတွေကို မြင်ရနိုင်ပါတယ်။
ဒီစာအုပ်မှာ မရေတွက်နိုင်တဲ့ ဓားစာခံတွေကို လွှတ်ပေးနိုင်ခဲ့တဲ့ ညှိနှိုင်းမှုဇာတ်လမ်းတွေ၊ အလုပ်၊ ငွေကြေး၊ စီးပွားရေးနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းမှု သင်ခန်းစာတွေကို လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။ ညှိနှိုင်းမှု စကားဝိုင်းတွေမှာ သင်လိုချင်တာရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဒီစာအုပ်ကနေ လေ့လာသင်ယူလိုက်ပါ။
| စာမျက်နှာ | 321 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.6 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာပေလမ်း 2026 ဩဂုတ်လ (ပထမအကြိမ်) |
14 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ