မီလျံနာတစ်ယောက်လိုတွေးပါ

( 0 မှတ်ချက်)

15000 (ကျပ်)

ချမ်းသာကြွယ်၀မှုဆိုတာ တစ်နေ့တည်း၊ တစ်ရက်တည်းမှာ ဖြစ်လာတဲ့အရာမဟုတ်ပါဘူး။ သင် နေ့စဉ်ရွေးချယ်တဲ့ ငွေကြေးဆိုင်ရာအတွေးအခေါ်၊ အလေ့အကျင့်နဲ့ ဆုံးဖြတ်ချက်တွေက တဖြည်းဖြည်း တည်ဆောက်ပေးတဲ့ ရလဒ်တစ်ခုသာဖြစ်သည်။

“မီလျံနာတစ်ယောက်လို တွေးပါ”ဆိုတာ ချမ်းသာသူတစ်ယောက်လို ဟန်ဆောင်ဖို့ မဟုတ်ပါဘူး။ ချမ်းသာမှုကို တည်ဆောက်နိုင်တဲ့ စနစ်တကျ အတွေးအခေါ်ကို ရွေးချယ်ဖို့ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ငွေဘယ်လောက်ရှိလဲ၊ ဝင်ငွေဘယ်လောက်ကောင်းလဲဆိုတာထက် ငွေကြေးအပေါ် ဘယ်လိုမြင်လဲ၊ ကောင်းမွန်တဲ့ ငွေကြေးဆိုင်ရာအလေ့အကျင့် ဘယ်လိုတည်ဆောက်ထားလဲ၊ ကိုယ့်ရှိထားတဲ့ ငွေကြေးနဲ့ပိုင်ဆိုင်မှုတွေကို တိုးပွားအောင် ဘယ်လိုအသုံးချလဲဆိုတာပါ။ဘဝကို ပြောင်းလဲစေမယ့်အရာက သင့်ဝင်ငွေမဟုတ်ပါဘူး သင့်အတွေးအခေါ်ပါ။ သင့်ရဲ့တွေးပုံခေါ်ပုံ ပြောင်းလာတဲ့နေ့ကစပြီး သင့်ရွေးချယ်မှုတွေပြောင်းလာမယ်။ ရွေးချယ်မှုတွေပြောင်းလာတဲ့နေ့ကစပြီး သင့်ဘဝလည်း ပြောင်းလာမယ်။

ဒီစာအုပ်မှာ ငွေကြေးအတွေးအခေါ်၊ ငွေရှာနည်းနဲ့ စုဆောင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာစုတွေပါဝင်ပါတယ်။ အဓိကအားဖြင့်တော့ ဆင်းရဲခြင်းချမ်းသာခြင်းကိုဖြစ်စေတဲ့ ငွေကြေးအတွေးအခေါ်နဲ့ ခံယူချက်၊ ကိုယ့်ရဲ့တိုးတက်ကြီးပွားမှုအပေါ်သက်ရောက်မှုရှိတဲ့ ပတ်ဝန်းကျင်၊ ဝင်ငွေကောင်းပေမဲ့ အသုံးနဲ့အဖြုန်းမကွဲရင် ဖြစ်လာနိုင်တဲ့ ငွေကြေးဖိစီးမှု၊ အနာဂတ်အတွက် အရေးကြီးတဲ့ Retirement Planning၊ ငွေကြေးလွတ်လပ်မှုကိုရရှိစေမယ့် စုဆောင်းရင်းနှီးမြှုပ်နှံမှုတွေ စသဖြင့် ဖတ်ရှုရမှာဖြစ်ပါတယ်။

စာမျက်နှာ

155 (Woodfree Paper)

စာအုပ်အရွယ်အစား

5.2 x 0.3 x 7.5 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2026 ဇူလိုင်လ (ပထမအကြိမ်)

23 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မီလျံနာတစ်ယောက်လိုတွေးပါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

DR.MOE စာအုပ်များ