
မယ့်ကိုယ်စားမွှေးမြလေသလား
11000 (ကျပ်)
အထက်တန်းကျောင်းဘဝကပင် ချစ်သူတွေ ဖြစ်ခဲ့သော ချစ်ခိုင်နှင့်ခင်ချိုသစ် နှစ်ဖက်အုပ်ထိန်းသူတွေ မသိအောင် သူငယ်ချင်းများ အသိသက်သေပြု၍ တရားရုံးတက် လက်ထပ်လိုက်ကြသည်။ သတင်းအစအနရသွားသော မိန်းကလေးရှင် အုပ်ထိန်းသူတွေက သူတို့လွန်လွန်ကျွံကျွံ မဖြစ်ခင် ချော့မော့၍ ပညာစုံလင်ချိန် ပေးစားမည်ပြောကာ ခင်ချိုသစ်ကို အိမ်ပြန်ခေါ်သွားကြ၏။
ဒါကလည်း ခင်ချိုသစ်ဘက်က ချစ်ခိုင်ကို အချိုသတ်ခြင်း မဟုတ်၊ ငယ်ငယ်ရွယ်ရွယ် ပညာမပြည့်စုံသေးခင် အိမ်ထောင်ပြုလိုက်က အိမ်ထောင့်နွံထဲ နစ်သွားကာ ရည်ရွယ်ချက်တွေပျောက်သွားမှာ စိုး၍ဖြစ်သည်။ ချစ်ခိုင်ကို အိမ်အဝင်အထွက်ပြုရန် ဖိတ်ခေါ်ထားသလို သူတို့သမီးကိုလည်း အတင်းမချုပ်ချယ်။
အမှတ်ကောင်းသော ခင်ချိုသစ် မန္တလေးဆေးတက္ကသိုလ် တက်ခွင့်ရသလို ချစ်ခိုင်လည်း ရန်ကုန်တက္ကသိုလ် တက်ရောက်ခွင့်ရ၊ သို့ပေမဲ့ တစ်ယောက် တစ်မြို့စီ ဖြစ်နေ၍ ဆုံတွေ့ရန်မလွယ်၊ အချိန်တွေ ကုန်ဆုံးသွားသည်နှင့်အမျှ သူတို့ဇာတ်လမ်းမှာ မီးဝေး ချိပ်ပမာ၊ ချစ်သူနှစ်ဦး ဝေးကွာစေခဲ့သူမှာ ခင်ချိုသစ်အစ်ကို ကိုဆွေအောင်ဆိုသူ ..၊ ချစ်ခိုင် တက္ကသိုလ် တက်ရင်း ဝါသနာအရ ဒါရိုက်တာကြီးတစ်ဦးဆီမှာ ရုပ်ရှင်ပညာသင်ယူသည်။ သည်ကြားထဲ ချစ်ခိုင်အပေါ် စာနာနားလည်သည့် သူငယ်ချင်းလွင်မာနှင့် ချစ်ခိုင် သံယောဇဉ် နှောင်တွယ်မိကြသည်။ အဆက်ပြတ်သလို ဖြစ်နေသော ခင်ချိုသစ်ထံ ချစ်ခိုင် လက်ထပ်စာချုပ် ပြန်ပို့လိုက်သည်။
တကယ်တော့ ခင်ချိုသစ်က ဖောက်ပြန်ခဲ့သည် မဟုတ်၊ ဆေးပညာသင်ယူရင်း အချိန်ကိုသာ စောင့်နေသူ၊ လက်ထပ်စာချုပ် ပြန်ရောက်လာတော့ ခင်ချိုသစ် ကြေကွဲရလေသည်။ သို့သော် ချစ်ခိုင်ကို သူမပြတ်နိုင်၊ အနေဝေးသွား၍ စိမ်းကားခဲ့ပြီလား။ ချစ်ခိုင်တစ်ယောက် ရုပ်ရှင်နယ်မှာ ရုန်းကန်ကျင်လည်ရင်း အောင်မြင်သည့် ဒါရိုက်တာ ဖြစ်လာသလို ခင်ချိုသစ်လည်း ဆရာဝန်ဖြစ်ခဲ့ပြီ။ သူတို့ဘဝတွေ ပြန်လည်ပေါင်းစုံဖို့ အခါသင့်လေပြီ။ ဤတွင် ချစ်ခိုင် ဆုံးဖြတ်ရခက်လာသည်။
” ငယ်ကအချစ် အနှစ်တစ်ရာမမေ့သာ “ဆိုသကဲ့သို့ ခင်ချိုသစ်နှင့် ရည်မှန်းခဲ့သောဘဝ တည်ထောင်ရမည်လား။ သူ့အနွံအတာ ခံယူနိုင်သော လွင်မာကို ရွေးရမည်လား။ ဘာပဲဖြစ်ဖြစ် ခင်ချိုသစ်က သူ့အပေါ် အချစ်မပြယ်သေး၊ အချိန်ကိုသာ သည်းခံစောင့်ဆိုင်းနေခဲ့သူ ..။
ဆရာငြိမ်းကျော်၏ ရေးဟန်အတိုင်း သိမ်မွေ့ ညက်ညောသော အရေးအဖွဲ့က စာဖတ်သူကို ဆွဲခေါ်သွားပြီး ဇာတ်လမ်းနောက် ကောက်ကောက်ပါသွားစေသော လူငယ်မေတ္တာဖွဲ့ ဝတ္ထု ဖြစ်ပေသည်။ ” မယ့်ကိုယ်စား မွှေးမြလေသလား ” ဆိုသော ဂီတနက်သန် ကိုစောညိန်း၏ စာသားလေးကမူ မည်သူ့ကို ရည်ညွှန်းမှန်း မသိ။ ဆရာငြိမ်းကျော်၏ ရေးဖွဲ့မှုကမူ တမြည့်မြည့် တမြမြ ခံစားသွားရသည်က အမှန်ဖြစ်လေသည်။
သိပ်သည်းစွတ်စိုသော မြေမျက်နှာပြင်သည် အရောင်ပြောင်းနေလေ၏။ မိုးရေဖြင့် စိမ်းခဲ့သော မြက်ပင်တွေ ခြောက်စပြုလာ၏။ နှင်းရည်ဖြင့် ရှင်သန်ခဲ့သော မြက်ပင် စေးပျစ်ပင်တွေ ခြောက်ကာကျိုးကာ ရှိလေသည်။ သဲမြေဖွေးဖွေးကို မြင်ရလေ၏။ သစ်ရွက်သစ်ကိုင်းတို့တွင် ဖုန်မှုန့်တွေ ကပ်ငြိလျက်ရှိပေပြီ။ ဝေးလံသော နေရာတွေကို ကြည့်လိုက်တိုင်း မြေငွေ့နှင့် မြူပါးပါးကို လှမ်းမြင်နေရ၏။ နွေဦး၏ ရနံ့သည် အာရုံတွင် အသစ် ဖြစ်နေ၏။
| စာမျက်နှာ | 264 (Burma Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.8 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2026 ဩဂုတ်လ(ဒုတိယအကြိမ်) |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ