သူခိုးနှင့်ခွေးများ

( 0 မှတ်ချက်)

15000 (ကျပ်)

နိုဘယ်ဆုရ အီဂျစ်စာရေးဆရာ နာဖစ် မာဖုဇ် (Naguib Mahfouz) ၏ လက်ရာဖြစ်သော “The Dogs and the Thieves” (အာရဗီမူရင်း Al-Liss wa al-Kilab) သည် ခေတ်သစ် အာရဗီစာပေလောက၏ ထိပ်တန်းဝတ္ထုတစ်ပုဒ်အဖြစ် သတ်မှတ်ခံထားရသည်။ ၁၉၆၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော ဤဝတ္ထုသည် လူမှုရေးတရားမျှတမှု၊ အကျင့်ပျက်ခြစားမှုနှင့် လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများကို အနုပညာမြောက် ပုံဖော်ထားသည်။ ဇာတ်လမ်း၏ ဗဟိုချက်မှာ ထောင်မှလွတ်မြောက်လာသော ဆာအိဒ် မာဟရမ် (Said Mahran ) ဆိုသူဖြစ်သည်။

သူသည် မိမိ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးပြီး မိမိကို သစ္စာဖောက်သွားသော သူငယ်ချင်းဟောင်းနှင့် ဇနီးဟောင်းထံသို့ လက်စားချေရန်  ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်၊ သူသည်လူ့အဖွဲ့အစည်း၏ မတရားမှုများကို တော်လှန်ရန် ကြိုးစားသော်လည်း၊ ပတ်ဝန်းကျင်၏ လှည့်ဖျားမှုများနှင့် မိမိကိုယ်တိုင်၏ အမှားများကြောင့် တစ်စထက်တစ်စအကျပ်ရိုက်ကာ အထီးကျန်ဆန်သော ခရီးလမ်းသို့ ရောက်ရှိသွားသည်။ ဤဝတ္ထုသည်  ရိုးရှင်းသော လက်စားချေဇာတ်လမ်းတစ်ပုဒ် မဟုတ်ပါ။ လူတစ်ယောက်၏ ဘဝသည် မည်မျှအထိပြိုလဲသွားနိုင်သနည်း၊ မတရားမှုများအကြားတွင် လူ့ကျင့်ဝတ်သည် မည်သို့ပျောက်ဆုံးသွားသနည်းဆိုသည့် စူးစမ်းထားသော အတွေးအခေါ်မြောက် ဝတ္ထုဖြစ်သည်။ “နိုဘယ်လ်ဆုရှင် နာဖစ် မာဖုဇ်၏  လက်ရာဖြစ်သည့်အတိုင်း အီဂျစ်နိုင်ငံ၏ လူမှုရေးပြောင်းလဲမှုများနှင့်အတူ ယနေ့ခေတ်ကာလတိုင်အောင် အဓိပ္ပာယ်သက်ရောက်နေဆဲဖြစ်သည်။

စာပေချစ်သူများအတွက် အကြံပြုချက်း အကယ်၍ သင်သည် လူ့သဘာဝ၏ အမှောင်ဘက်ခြမ်းနှင့် ဇာတ်ကောင်တစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို အသားပေးထားသော စာပေမျိုးကို နှစ်သက်သူဖြစ်ပါက ဤဝတ္ထုသည် လက်မလွှတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါလိမ့်မည်။

စာမျက်နှာ

203(Woodfree Paper)

စာအုပ်အရွယ်အစား

5.3x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အမြွှာညီနောင်၊ 2026 ဩဂုတ်လ (ပထမအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သူခိုးနှင့်ခွေးများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒီနိုဗို စာအုပ်များ