ဧရာဝတီမြစ်ကြီးသိပါသည်

( 1 မှတ်ချက်)

13000 (ကျပ်)

လူတယောက်ဟာ သူ့ရဲ့ မွေးရပ်ဇာတိမြေ သို့မဟုတ် ငယ်ဘဝရဲ့ ကျင်လည်ခဲ့ရာ ဒေသနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို မမျှော်လင့်ဘဲ နားစွန်နားဖျား ကြားမိတာမျိုးဖြစ်ဖြစ် ၊ ရုတ်တရက် အကြောင်းတစ်စုံတစ်ရာကြောင့် အမှတ်ရမိသွားတဲ့အခါမျိုးတွေမှာ တခုတ်တရ ပြန်လည်အောက်မေ့ သွားမိတတ်ကြတယ် ..

ဒီစာအုပ်က အောက်ပြည်အောက်ရွာလို့ခေါ်ကြတဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ ရွာလေးတရွာကို ရောက်လာတဲ့ အညာသားလေး တယောက်ရဲ့ အကြောင်းဖြစ်တယ် ..

ဧရာဝတီတိုင်း ၊ ဝါးခယ်မမြို့နယ် ၊ ဧရာဝတီမြစ်ကြီးနံဘေးက လမုတန်း ရွာကလေးမှာ ငယ်ဘဝရဲ့ အမှတ်တရတွေ များစွာရှိခဲ့တဲ့ စာရေးသူရဲ့ ပြန်လည် အောက်မေ့ သတိရမှုတွေအကြောင်းဆိုလည်း မမှားပါဘူး ..

ဒီစာအုပ်ထဲမှာ ဆန် ရေ စပါး အသားငါး ပေါကြွယ်ဝတဲ့ မြစ်ဝကျွန်းပေါ်မှာ ရှင်သန်လှုပ်ရှားနေတဲ့ လူတွေရဲ့ အကျင့်စရိုက် ၊ ဓလေ့စရိုက်တွေ ..

ပညာရေး ၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ..
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် …..

စာမျက်နှာ

192 (Woodfree paper)

စာအုပ်အရွယ်အစား

5.6 × 0.3 ×8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2026 ဇွန်လ (ပထမအကြိမ်)

20 in stock

ဧရာဝတီမြစ်ကြီးသိပါသည် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. စိုးဘားဒိုင် –

    မကွေးတိုင်း၊မြို့သစ်မြို့နယ်အတွင်းမှာ
    ရှိတဲ့ အိုင်တိုရွာကလေးကနေ ဧရာဝတီတိုင်း၊
    ဝါးခယ်မမြို့နယ်၊လမုတန်းရွာကလေးကို ဘဘုန်းကြီးနဲ့အတူ လိုက်ပါလာပြီး ရွာကျောင်းမှာ ကျောင်းတက်ပညာသင်ကြားရင်း ဘုန်းကြီးကျောင်းနဲ့ရွာကလေးမှာ နေသားကျလာကာ ပျော်ရွှင်လာတဲ့ ၅နှစ်သားလေးဖိုးအူ
    နဲ့ လမုတန်းရွာအတွေ့အကြုံ လွမ်းမောဖွယ်ရာ
    တွေကို ရေးဖွဲ့ထားတဲ့ လုံးချင်းဝတ္ထု။
    အမေတစ်ခုသားတစ်ခုဖြစ်လို့ မျက်စိအောက်က အပျောက်မခံနိုင်ဘဲ ဂရုတစိုက်ရှိနေခဲ့တဲ့ ဒေါ်ချစ်စိန်ဟာ သားလေးကိုယ်တိုင်က ဘဘုန်းနဲ့အတူ မြစ်ဝကျွန်းပေါ်ကို လိုက်ပါသွားချင်လို့ ဇွတ်လိုက်သွားခဲ့တာကို နောက်ဆုံးအချိန်အထိ လိုက်တားပေမယ့် သားဖိုးအူလေးကတော့ ဘဘုန်းနဲ့လိုက်သွားခဲ့တယ်။ဘဘုန်းရဲ့ဂရုတစိုက်စောင့်ရှောက်မှု၊ကပ္ပိယကြီးဦးစန်းရဲ့ မျက်စိအောက်မှာပဲ ဖိုးအူလေးဟာ အညာဒေသနဲ့တခြားစီဖြစ်နေတဲ့ မြစ်ဝကျွန်းပေါ်ရွာကလေးမှာ နေသားကျအောင်လေ့ကျင့်ရင်း အဆင်ပြေလာခဲ့တယ်။
    ဘဘုန်းမှာ အသက် ၇၀ကျော်အမေအို
    ကြီးတစ်ယောက်ရှိပြီး၊အမေအိုကြီးက ကျန်းမာရေးချူချာတော့ တဲအိမ်ကလေးပေါ်
    မှာပဲနေရတယ်။ဆရာမလေးတစ်ယောက်က
    ဆေးဝါးလာရောက်ကုသပေးတယ်။ဖိုးအူက အဲဒီအဘွားနဲ့အတူ အိပ်ရတယ်။အဖွားအတွက်လိုအပ်တာလေးတွေလုပ်ပေးရင်း မြေအဘွားအရင်းအချာလို သံယောဇဥ်ကြီးလာရတယ်။ဖိုးအူဟာ လမုတန်းရွာကလေးမှာ ကျောင်းနေရင်း ကျောင်းနေဘက်သူငယ်ချင်းတွေလည်းရလာတယ်။ဖိုးအူ ရေကူးသင်တယ်။လှေလှော်သင်တယ်။ကစားနည်းတွေသင်တယ်။
    ဒီလိုနဲ့ဖိုးအူလေးဟာ လမုတန်းရွာကလေးကို ချစ်လာသလို အဘွားကိုလည်း ပိုပိုလို့ချစ်လာခဲ့တယ်။အဘွားကိုသနပ်ခါးသွေးပေးတယ်၊ထမင်းခွံ့ပေးတယ်၊ခရေကုံးကလေးကုံးပေးတယ်၊ညအိပ်ရင်မြေးအဘွားဖက်ပြီးအိပ်ကြတယ်။ရွာကလေးနဲ့ပိုရင်းနှီးလာ၊ ရွာသားကလေးဖြစ်လာတဲ့ဖိုးအူဟာ ဘဘုန်းနဲ့ဆွမ်းခံလိုက်၊ကျောင်းသွား၊သူငယ်ချင်းတွေနဲ့
    ဆော့ကစားရင်း ပျော်ရွှင်နေခဲ့တယ်။
    ဖိုးအူလေးရဲ့ပျော်ရွှင်မှုတွေဟာ အဘွား
    ဆုံးသွားချိန်မှာ ပျောက်ကွယ်သွားခဲ့ရတယ်။ဖိုးအူအမေ့ကို ပိုပိုသတိရလာတယ်၊လွမ်းလာတယ်၊လမုတန်းရွာမှာ မပျော်တော့ဘူး။ဒါကို
    ဘဘုန်းက ဖိုးအူလေးဆန္ဒကိုဖြည့်ပေးဖို့ ဖိုးအူရဲ့အမေဒေါ်ချစ်စိန်ကို ခေါ်လိုက်ပြီး ဖိုးအူကိုအမေ့လက်ထဲ ပြန်ထည့်ပေးလိုက်တယ်။
    ဆရာလူခါးက ဒီဝတ္ထုလေးကို သူ ၇နှစ်
    သားအရွယ်က ဘဘုန်းနဲ့အတူ နေထိုင်ခဲ့ရတဲ့လမုတန်းရွာကလေးနဲ့ သူ့အတွေ့အကြုံတွေကို
    ပြန်လည်တမ်းတတဲ့အနေနဲ့ ရေးသားလိုက်တယ်လို့ အမှာပါးထားတယ်။လမုတန်းရွာကလေးနဲ့အနီးအနားရွာမှာပြုလုပ်လေ့ရှိတဲ့ နတ်စားတဲ့အကြောင်းကိုလည်း အသေးစိတ်ရေးထားတယ်။
    ဝတ္ထုရေးဟန်က ပထမနာမ်စား ကျွန်တော်အထိုင်ကိုယူပြီး တတိယနာမ်စားနဲ့
    ရေးသားထားတာဖြစ်တယ်။အဲဒီတော့ ဖိုးအူရဲ့
    ခံစားမှုတွေကိုလည်း ကျွန်တော်နာမ်စားနဲ့ပြော
    ပြသလို ပြောနိုင်ခဲ့တယ်။တတိယနာမ်စားနဲ့ရေးတာဖြစ်လို့ ရွာကလေးရဲ့ဝန်းကျင်၊ဓလေ့၊
    နေထိုင်ရှင်သန်ကြပုံ စတာတွေကို စာရေးဆရာက ပိုပြီးပုံဖော်ရေးသားခွင့်ရလိုက်ပါတယ်။အဲဒါကပဲ မြစ်ဝကျွန်းပေါ်ရွာကလေးတစ်ရွာရဲ့ အတ္ထုပ္ပတ္တိကောက်ကြောင်းဟာ ဝတ္ထုထဲမှာပေါ်လွင်လာခဲ့တယ်။
    ဆရာလူခါးက ပထမနာမ်စားနေရာကို
    တတိယနာမ်စားနေရာကနေ ရယူရေးသားထားတာဖြစ်လို့ ခံစားမှုတွေကို ရေးသားရာမှာ
    ၅နှစ်သားလေးရဲ့ ခံစားမှု၊တုန့်ပြန်မှု၊စုပ်ယူမှု
    တွေကို ၅နှစ်သားလေးရဲ့ အသိ၊ခံစားမှုကို သေချာရေးသားထားခဲ့တာကို သတိပြုမိတယ်။စကားပြေကလည်း လွမ်းမောနွေးထွေးတဲ့ စကားပြေအရေးအသားဖြစ်လို့ ထူးထူးခြားခြား ဇာတ်လမ်း၊ဇာတ်ကွက်တွေမပါဝင်ဘဲ အမှတ်တရရေးသားချက်များနဲ့ပဲ ဝတ္ထုအရသာကို ပေးသွားတယ်။
    ဝတ္ထုကလေးကချစ်စရာကောင်းတယ်။
    ဇာတ်ကောင်ကလေးလေးဖိုးအူကလည်းချစ်စရာကောင်းတယ်။ရွာကလေးကလည်းချစ်စရာကောင်းတယ်။ရွာသူရွာသားတွေကလည်းချစ်စရာကောင်းတယ်။ဒါကြောင့်ပဲ ဝတ္ထုဟာ အချစ်တွေနဲ့လူးနယ်ပြီး အရသာရှိလာရတာဖြစ်ပါတယ်။ဝတ္ထုတလျှောက်လုံးအရေးအသားအပေါ်မှာ ခါထွက်မသွားအောင်စေးကပ်ထားနိုင်တာကလည်း ဒီဝတ္ထုအရေးအသားရဲ့ သပ်ရပ်မှုကို အရောင်တင်ပေးနေတယ်လို့ ဆိုရမှာပါ။
    အညာရွာကလေးက ကလေးလေးတစ်ယောက် မြစ်ဝကျွန်းပေါ် ရွာကလေးဆီကို ရောက်ရှိလာပြီး၊နယ်စိမ်း အတွေ့အကြုံအစိမ်းမှာ နေသားကျလာရင်း မြစ်ဝကျွန်းပေါ်ရွာကလေးမှာ ဝန်းကျင်ကောင်းကလေးဖြစ်လာတာကို တဖြောင့်သွားအတိုင်း ရေးသားသွားတဲ့ ရိုးစင်းတဲ့ဝတ္ထုတစ်ပုဒ်ပါပဲ။ရိုးစင်းခြင်းရဲ့အလှတရားတွေကို ပုံဖော်ထုဆစ်လိုက်နိုင်တဲ့ ဝတ္ထုတစ်ပုဒ်လို့ဆိုရမှာပါ။
    ကျွန်တော်ကတော့ ဆရာလူခါးရဲ့ အရေး
    အသားစေးကပ်မှုအပေါ် အမှတ်ပေးမိပါတယ်။ရိုးရှင်းပြီး အလင်္ကာမြောက်တဲ့ အရေးအသားတစ်ခု ဖန်တီးရတာ လက်ဝင်ပါတယ်။
    ဆရာလူခါး လက်တွေ့ခဲ့တယ်လို့ ခံစားရပါတယ်။ချစ်ခြင်းမေတ္တာကို လူသားတွေနဲ့ချည်း
    ဖွဲ့ထားတာမဟုတ်ဘဲ ဝန်းကျင်အလှတွေနဲ့ပါ
    တန်ဆာဆင်လိုက်တဲ့အခါ ဝတ္ထုမှာ အဓိကဇာတ်ကောင်ဟာ ဖိုးအူလေးတစ်ယောက်တည်းမဟုတ်တော့ဘဲ လမုတန်းရွာကလေးပါ ထင်ထင်ရှားရှားထွက်ပေါ်လာခဲ့တယ်။ဒီဝတ္ထုရဲ့အဲဒီအလှဟာ ကြည်နူးစရာကောင်းသလို နှစ်လိုဖွယ်ရာလည်းကောင်းပါတယ်။ဖိုးအူလေးကိုရော၊လမုတန်းရွာကလေးကိုရော ရင်ထဲထည့်ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုပါရစေ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

လူခါး စာအုပ်များ