
နွန်ချီ (Nunchi)
14000 (ကျပ်)
နွန်ချီဆိုတာဟာ ကိုရီးယားလူမျိုးတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်လောက်ကတည်းက အသုံးပြုခဲ့တဲ့ ရှေးဟောင်းအနုပညာတစ်ခုပါ။ မြန်မာလိုပြောရရင် “ချက်ကနဲဆို နားခွက်က မီးတောက်တယ်”ပေါ့။
ဘဝမှာ လူတွေကို နားလည်တဲ့သူဟာ ခြေတစ်လှမ်းပိုမြန်တယ်။ တချို့လူတွေက စကားအများကြီးမပြောဘဲ အခြေအနေကို ဖတ်တတ်တယ်။ ဘယ်အချိန်မှာ ဘာပြောသင့်လဲ၊ ဘယ်အချိန်မှာ နားထောင်သင့်လဲ၊ လူတစ်ယောက်ရဲ့ မျက်နှာအမူအရာ၊ အသံနေအသံထားနဲ့ အခန်းတစ်ခန်းလုံးရဲ့ စိတ်ခံစားမှုကို သူတို့သတိထားမိတယ်။
ကိုရီးယားလူမျိုးတွေက အဲဒီစွမ်းရည်ကို Nunchi – နွန်ချီ လို့ ခေါ်ကြပါတယ်။
“နွန်ချီဆိုတာ လူတွေကို နားလည်တတ်ဖို့ပါ”
ဘဝမှာ IQ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ အလုပ်ကြိုးစားတတ်ရုံနဲ့လည်း မပြီးဘူး။ လူတွေကြားမှာ ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လိုပြောဆိုရမလဲ၊ ဘယ်အချိန်မှာ တိတ်တိတ်နေသင့်လဲဆိုတာ သိဖို့လည်း လိုပါတယ်။
နွန်ချီရှိတဲ့သူက အခြေအနေကို အရင်ကြည့်တယ်။ တစ်ဖက်လူရဲ့ စိတ်အနေအထားကို အရင်ခံစားတယ်။ ကိုယ့်စကားတစ်ခွန်းက ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာ သတိထားတယ်။ ဒါကြောင့် နွန်ချီဟာ Relationship, Business, Leadership နဲ့ လူမှုဆက်ဆံရေးတိုင်းမှာ လိုအပ်တဲ့ Soft Skill တစ်ခုပါ။
လူတွေကြားမှာ နေရတာ ပင်ပန်းတယ်ဆိုရင်…
စကားပြောပြီးတိုင်း နောင်တရတတ်တယ်ဆိုရင်…
ကိုယ်ကောင်းကောင်းပြောတာတောင် တစ်ဖက်လူက အထင်လွဲခံစားသွားတတ်တယ်ဆိုရင်…
အလုပ်ခွင်၊ မိတ်ဆွေ၊ မိသားစု၊ ချစ်သူဆက်ဆံရေးတွေမှာ ပိုနူးညံ့ပြီး ပိုပါးနပ်ချင်တယ်ဆိုရင်…
“နွန်ချီ- Nunchi”ကို ဖတ်သင့်ပါတယ်။
တကယ်ပါ… လူတွေကို နားလည်တတ်ခြင်းဟာ ဘဝကို ပိုလွယ်ကူစေပါတယ် ❤️
နွန်ချီဟာ သင့်ကို တစ်ခါမှ မမြင်ဖူး၊ မသိဖူးတဲ့ အခွင့်အရေးတံခါးတွေကို ဖွင့်ပေးနိုင်ပါလိမ့်မယ်။
| စာမျက်နှာ | 207 (woodfree papaer) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.3 x 8.5 inches |
| ပုံနှိပ်မှတ်တမ်း | ဉာဏ Publishing House ၊2026 ဇွန်လ (ပထမအကြိမ်) |
9 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ