၁၀ဆ သီအိုရီ

( 0 မှတ်ချက်)

16000 (ကျပ်)

အောင်မြင်မှုနဲ့ ကျရှုံးမှုကြားက တစ်ခုတည်းသော ခြားနားချက်က ဘာများဖြစ်မလဲ?
– ကမ္ဘာကျော်စွန့်ဦးတီထွင်သူ၊ အိမ်ခြံမြေလုပ်ငန်းရှင်နဲ့ အရောင်းမြှင့်တင်ရေးနည်းပြ ဂရန့်ကာဒုန်း (Grant Cardone) ကတော့ “၁၀ ဆ သီအိုရီ” လို့ ခေါ်တဲ့ အယူအဆက အဲဒီမေးခွန်းရဲ့ အဖြေဖြစ်တယ်လို့ ဆိုပါတယ်။

သုညကနေ စခဲ့ပြီး ဒေါ်လာ သန်းထောင်ချီတန်တဲ့ လုပ်ငန်းတွေ တည်ထောင်နိုင်ခဲ့သူတစ်ဦးအနေနဲ့ ဂရန့် ကာဒုန်းဟာ သူလုပ်ခဲ့တဲ့ စီးပွားရေးတိုင်း၊ ကူညီခဲ့တဲ့ လုပ်ငန်းတိုင်းမှာ သူ့ရဲ့ လက်စွဲတော်ဖြစ်တဲ့ ၁၀ ဆ သီအိုရီ ကို အမြဲတမ်း အသုံးချခဲ့ပါတယ်။

၁၀ ဆ သီအိုရီက ဘာကိုဆိုလိုသလဲ..။
• ရည်မှန်းချက် ချမှတ်ရာမှာ
ကိုယ်တွက်ထားတာထက် ၁၀ ဆ ပိုမြင့်တဲ့
ရည်မှန်းချက်ကို ချပါ။
• လုပ်ကိုင်ဆောင်ရွက်ရာမှာလည်း
ပုံမှန်ထက် ၁၀ ဆ ပိုပြီး အားထုတ်ပါ။

ဒါဟာ အတိုင်းအဆမဲ့ အောင်မြင်မှုနဲ့ ပန်းတိုင်တွေကို သိမ်းပိုက်ဖို့ လိုအပ်တဲ့ တစ်ခုတည်းသော လက်နက်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။  ဒီနည်းလမ်းနဲ့ဆိုရင် မအောင်မြင်တာ မရှိနိုင်ဘူးလို့လည်း စာရေးသူက အာမခံထားပါတယ်။

ဒီစာအုပ်မှာဆိုရင်…
• အောင်မြင်သူနဲ့ မအောင်မြင်သူတွေကြားက ကွာခြားချက်တွေ၊
• အောင်မြင်မှုအပေါ် လူအများ အထင်မှားနေတဲ့အချက်တွေကို တစ်ခုချင်း ရှင်းလင်းထားပုံ၊
• အောင်မြင်မှု ရဖို့အတွက် လိုအပ်တဲ့အရာတွေကို အသေးစိတ်ဖော်ပြထားပုံ စတဲ့အကြောင်းအရာတွေကို အခန်း ၂၃ ခန်းခွဲပြီး လေ့လာနိုင်မှာပါ။

ဒီစာအုပ်က သင့်ကို ပန်းခင်းတဲ့လမ်းကို လမ်းညွှန်မှာ မဟုတ်ပါဘူး။ အောင်မြင်မှုဆီသွားတဲ့ခရီးဟာ ခက်ခဲကြမ်းတမ်းတယ်ဆိုတာကို ကြိုသတိပေးပြီး၊ အဲဒီလမ်းပေါ်မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို အကောင်းဆုံးတုံ့ပြန်နိုင်မယ့် နည်းလမ်းတွေကို ပြသပေးထားပါတယ်။

ဒီစာအုပ်ကိုဖတ်ပြီး သင့်ဘဝရဲ့အောင်မြင်မှုတွေကို
၁၀ ဆ မြှင့်တင်လိုက်ပါ။

စာမျက်နှာ

273 (woodfree papaer)

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.5 inches

ပုံနှိပ်မှတ်တမ်း

ဉာဏ Publishing House ၊2026 ဇွန်လ (ပထမအကြိမ်)

9 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“၁၀ဆ သီအိုရီ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Team NYANA စာအုပ်များ