ဆုံမှတ်များ

( 0 မှတ်ချက်)

18000 (ကျပ်)

“ငါတို့ ဒီအတိုင်းလေးပဲ ရှိနေပေးရအောင်။ ငါတကယ် စိတ်သက်သာရာရသလို ခံစားရတယ်” လူတစ်ယောက်နဲ့ တစ်ယောက် ဆုံဆည်းကြတယ်ဆိုတာ အကြောင်းတရားတစ်ခုခုကြောင့် ဖြစ်လာတာမျိုးလား…။

မေရီယန်း-
မိသားစုရဲ့ နွေးထွေးမှုတွေနဲ့ ဝေးကွာနေပြီး၊ ပတ်ဝန်းကျင်နဲ့ တစ်သားတည်းမကျဘဲ အေးအေးဆေးဆေးနေတတ်တဲ့ လူကုံထံအသိုင်းအဝိုင်းက ကောင်မလေး။

ကော်နယ်လ်-
သာမန်မိသားစု ကနေ ကြီးပြင်းလာတဲ့ အရည်အချင်းရှိပြီး ကျောင်းမှာ ပျိုတိုင်းကြိုက်တဲ့ ကောင်လေး။

သူတို့နှစ်ယောက်ဟာ အိုင်ယာလန်မြို့ငယ်လေးတစ်မြို့က အထက်တန်းကျောင်းတစ်ခုမှာ စတင်ဆုံတွေ့ခဲ့ကြသူတွေပါ။ တစ်ယောက်နဲ့တစ်ယောက် လုံးဝမတူညီတဲ့ နောက်ခံဘဝ၊ မတူညီတဲ့ လူမှုအဆင့်အတန်းကြားမှာ သူတို့နှစ်ဦးဟာ သူငယ်ချင်းမကျ၊ ချစ်သူမကျ ဖြစ်ခဲ့ကြတဲ့ ဝိုးတဝါး ဆက်ဆံရေးတစ်ခုကို အစပျိုးခဲ့ကြတယ်။ မေရီယန်းနဲ့ကော်နယ်လ် နှစ်ယောက်စလုံးမှာ စာဖတ်သူတွေလည်း ကိုယ့်ကိုယ်ကိုယ် ရှာတွေ့နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ စတင်ခဲ့တဲ့ ဒီဇာတ်လမ်းဟာ အရွယ်ရောက်တဲ့အထိ ဘဝရဲ့ အနိမ့်အမြင့်၊ အခက်အခဲတွေ၊ လူမှုဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာ အတက်အကျတွေကို ဖြတ်ကျော်ရင်း သူတို့ရဲ့ ဘဝလမ်းကြောင်းတွေ ဘယ်ကို ဦးတည်သွားမလဲ…။

“နင်ပဲ တခြားလူတွေနဲ့ တွေ့ချင်တာဆို။ ဒီမှာ ငါနဲ့အတူတူ နေချင်တယ်ဆိုတာကို နင်မပြောဘဲနဲ့ ငါဘယ်လိုသိမှာလဲ”

နှစ်တွေအကြာကြီး ကြာခဲ့တာတောင်မှ တစ်ယောက်အနားကနေ တစ်ယောက် မခွာနိုင်ဖြစ်ရတဲ့ ဆွဲငင်အားတွေက ဘာလဲ။ လူတွေအားလုံးရဲ့ အကြည့်တွေကြားထဲမှာ ကော်နယ်လ်တစ်ယောက် မေရီယန်းကို တင်းကျပ်စွာ ဖက်ထားရင်း ပြောလိုက်တဲ့ “ချစ်တယ်” ဆိုတဲ့စကားလုံးဟာ စစ်မှန်တဲ့ သံယောဇဉ်တစ်ခုရဲ့ အစလား၊ ဒါမှမဟုတ် ဘဝရဲ့ အချိုးအကွေ့တစ်ခုရဲ့ အဆုံးသတ်လား။

စာအုပ်အနေနဲ့ရော၊ Series အနေနဲ့ပါ ပရိသတ် ရင်ကို ကိုင်လှုပ်နိုင်ခဲ့တဲ့ Normal People ကို မှူးက “ဆုံမှတ်များ” အမည်နဲ့ ဘာသာပြန်ဆိုထားပါတယ်။ ပညတ်ချက်တွေကြားထဲက သာမန်လူနှစ်ဦးရဲ့ ဆုံမှတ်တွေဟာ ဘဝဆုံးတဲ့အထိ ရှိနိုင်ပါဦးမလား။ ဒီအဖြေတွေကို စာအုပ်မှာ ရှာတွေ့ဖို့ကရော ဒီစာအုပ်ရဲ့ အမှန်တကယ်ပေးချင်တဲ့အရာ ဟုတ်ပါ့မလား။

လူနှစ်ဦး အတူရှိခြင်းဆိုတာထက် အများကြီးပိုတဲ့ ခံစားနိုင်မှုတွေ၊ ကိုယ်တယောက်တည်းမှာပဲ ဒီခံစားချက်တွေရှိနေတာမဟုတ်ပါလားဆိုတဲ့ နှစ််သိမ့်မှုတွေကို ဒီစာအုပ်က ပေးစွမ်းနိုင်တယ်လို့ Normal People ရဲ့ ပရိသတ်တွေကတော့ ဆိုပါတယ်။

ဒီစာအုပ်ကိုဖတ်ပြီးရင်တော့ သင်လည်း တစ်စုံတစ်ယောက်ရဲ့ဘဝထဲမှာ အမှတ်တရတွေနဲ့အတူ အမြဲတမ်းရှိနေတာကို ခံစားမိမှာပါ။

စာမျက်နှာ

287 (woodfree papaer)

စာအုပ်အရွယ်အစား

5.5×0.5×8.3 inches

ပုံနှိပ်မှတ်တမ်း

ရွက်လွှာရိပ်စာပေ ၊2026 ဇွန်လ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆုံမှတ်များ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မှူး စာအုပ်များ