လူတိုင်း အရောင်းသမား

( 0 မှတ်ချက်)

18000 (ကျပ်)

ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ကုမ္ပဏီပိုင်ရှင် စသဖြင့် တစ်ယောက်ကို “ခင်ဗျားက အရောင်းသမားပဲ” လို့ ပြောလိုက်ရင် လတ်တလောမှာတော့ ဇဝေဇဝါဖြစ်သွားမှာ အသေအချာပါပဲ။ ဘာလို့လဲဆိုတော့ အရောင်းသမားဆိုတာ ယူနီဖေါင်းလေးဝတ်၊ တစ်လမ်းဝင် တစ်လမ်းထွက်၊ လက်ဆွဲအိတ်လေးကိုင်၊ ရောင်းမယ့် ပစ္စည်းလေးကိုင်၊ ဒါမှမဟုတ် စာရွက်စာတမ်းတွေကိုင်ပြီး ပတ်ရောင်းနေကြသူတွေလို့ပဲ ပြေးမြင်လိုက်ကြတာကိုး။

ကျွန်တော်အပါအဝင် အများစုက အရောင်းသမားဆိုတာ တစ်ဖက်က customer ကို မဝယ် ဝယ်အောင် ဆွဲဆောင်တာ၊ ကလိမ်ကကျစ်ကျတာ၊ အတင်းထိုးရောင်းတာလို့ ပဲ မြင်တတ်ကြတာကိုး။

စတီးဂျော့ဗ် ကို လူတွေက နည်းပညာသမားလို့ပဲ မြင်ကြတယ်။ ဘယ်သူကမှ သူ့ကို အရောင်းသမားတစ်ယောက်လို့ မမြင်ဘူး။ နာမည်ကြီး ဆရာဝန်တစ်ယောက်ကို လူတွေက သိပ်တော်တဲ့ ဆရာဝန်လို့ပဲ မြင်ကြတယ်။ အရောင်းတော်တဲ့ ဆရာဝန်လို့ မမြင်ကြဘူး။ ဒီလိုဆို မေးကြည့်ပါဦးမယ်။ ဆရာဝန်က ဘာရောင်းရလို့လဲလို့ မေးကြဦးမယ်။ ဆရာဝန်ဆိုတာ သူ့ဝန်ဆောင်မှု၊ ကျွမ်းကျင်မှု တွေကို သူ့လူနာတွေကို ရောင်းနေရတာ။ အဲလိုပဲ စာသင်တဲ့ ဆရာ၊မ တစ်ဦးဟာ သူ့ကျွမ်းကျင်မှုတွေကို ကျောင်းသားတွေကို ရောင်းနေရတာ။ သူ့ဘာသာ ဘယ်လောက်ပဲ တော်တော် ကျောင်းသားနားမလည်ရင် အဲဒီဆရာ၊မ ဆီမှာ ကျောင်းသားများလာမှာ မဟုတ်ဘူး။

ဒါကြောင့် အရောင်းဆိုတာ ပစ္စည်းတစ်ခုခုကို တစ်လမ်းဝင် တစ်လမ်းထွက်၊ ဒါမှမဟုတ် ဆိုင်မှာထိုင်ပြီး ရောင်းနေတဲ့ သူတွေပဲ သိရမယ့် အရည်အသွေးတစ်ရပ် မဟုတ်တော့ပါဘူး။ ခင်ဗျားမှာ ရှိတဲ့ ဝန်ဆောင်မှု၊ ပစ္စည်းကို လူတွေ ဝယ်ချင်လာအောင် စည်းရုံးနိုင်ဖို့ ဆိုတာ ဒီနေ့ခေတ် အရေးကြီးတဲ့ စွမ်းရည်တစ်ရပ်ပဲ။

ကျွန်တော် အရောင်းစာအုပ်တွေ ဖတ်ဖူးသလောက် သူတို့က ဖောက်သည်ကို ဘယ်လို ဆက်ဆံရမယ်၊ ဘယ်လို ပြောဆိုရမယ်၊ ဖောက်သည် စောဒကတက်ရင် ဘယ်လို ဖြေရှင်းရမယ်ဆိုတာတွေ များတယ်။

ဒီစာအုပ်က အဲလိုစာအုပ်မျိုး ကြက်တူရွေး နှုတ်တိုက်သင်သလို သင်ထားတဲ့ (technique) စာအုပ်မဟုတ်ပါဘူး။ အရောင်းမဟုတ်တဲ့ အရောင်းကျွမ်းကျင်မှု(No-sales selling skills) တွေ အကြောင်းပါ။

ကိုယ်ပြောတဲ့ စကားကို အိမ်က သားသမီးက နားမထောင်ဘူးဆိုရင် သူနားဝင်လာအောင် ဘယ်လိုပြောသင့်လဲဆိုတဲ့ သဘောတရား(concept) ပိုင်းကို တင်ပြထားတဲ့ စာအုပ်ပါ။ ကိုယ့်အိုင်ဒီယာ ကို သူ နားလည် လက်ခံလာအောင် ပြောဆို စည်းရုံးနိုင်ခြင်းဆိုတာဟာလည်း အရောင်းစွမ်းရည်တစ်ခုပဲ။

ကိုယ်က ကုမ္ပဏီ ဝန်ထမ်းတစ်ဦး ဆိုပါစို့။ ကိုယ့် တင်ပြချက်ကို အထက်လူကြီး နားလည်အောင် ဘယ်လို ပြောရမလဲ၊ လက်အောက်ငယ်သားတွေကိုကော ကိုယ့်အတွေးကို သဘောပေါက်လာအောင် ဘယ်လိုပြောရမလဲ။

အဲလိုပဲ ကိုယ်က ဝန်ဆောင်မှုတစ်ခု၊ ပစ္စည်းတစ်ခုကို တစ်ဖက်သား ဝယ်ချင်လာအောင် စည်းရုံးဖို့၊ ကိုယ့်အမြင်တွေကို တစ်ဖက်သားသဘောပေါက်လာဖို့ ၊ သူ့ရင်ထဲကို ရောက်ဖို့ ဘယ်လို အချက်တွေကို သုံးပြီး ပြောရမလဲဆိုတွေဟာ Non-sales selling skills တွေပါပဲ။

ဒါကြောင့် ပစ္စည်းတစ်ခုခု၊ ဝန်ဆောင်မှု တစ်ခုခုကို စီးပွားရေးအလို့ငှာ ရောင်းချနေမှ အရောင်းသမားမဟုတ်ပါဘူး။ ကိုယ့်အလုပ်၊ လုပ်ငန်းခွင်ပြင်ပ မှာ လူတွေနဲ့ ဆက်ဆံနေရသူတွေတိုင်းဟာ ရောင်းချမှုဆိုင်ရာ စွမ်းရည်တွေကို တစ်နည်းမဟုတ် တစ်နည်းတော့ သုံးနေကြရတာပါပဲ။ ဒီစွမ်းရည်တွေ မရှိသူနဲ့ ရှိသူဆိုတာ hard skills လို့ခေါ်တဲ့ လုပ်ငန်းကျွမ်းကျင်မှုတူရင်တောင် ရောင်းချခြင်းမဟုတ်တဲ့ အရောင်းစွမ်းရည် သာသွားသူကတော့ တစ်ပန်းသာသွားမှာပါပဲ။

ဘွဲ့တူတူရသူချင်း၊ ရာထူးတူသူချင်း၊ လုပ်ငန်းကျွမ်းကျင်မှု တူသူချင်း ရေရှည်မှာ ကွာခြားသွားရခြင်းဟာ ဒီ မိမိရဲ့ အရည်အသွေး၊ ကျွမ်းကျင်မှုတွေကို တစ်ဖက်သားကို ဝယ်ချင်လာအောင်၊ လက်ခံနိုင်လာအောင် ရောင်းချနိုင်ခြင်းကြောင့်ပါပဲ။

ဒါကြောင့် ကိုယ့်အလုပ်၊ လုပ်ငန်းခွင်ပြင်ပမှာ လူတွေနဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်ဆံနေရတယ်၊ကိုယ့်ရဲ့ အရည်အသွေး၊ကျွမ်းကျင်မှုတွေကို တစ်ဖက်သား နားလည်လာအောင်၊ သဘောပေါက်လာအောင် ပြောဆိုစည်းရုံးနေရတဲ့ သူတွေဆိုရင်တော့ ဒီစာအုပ်ကို ဖတ်ကြည့်ရင် အလွန် အသုံးဝင်မှာ ဖြစ်ပါတယ်။

စာမျက်နှာ

264 (Woodfree paper)

စာအုပ်အရွယ်အစား

5.6× 0.4 ×8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2026 မေလ (ပထမအကြိမ်)

13 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လူတိုင်း အရောင်းသမား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒီပါ စာအုပ်များ