
ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော တီထွင်ဖန်တီးမှုများ
6000 (ကျပ်)
စာအုပ်အမည်မှာ ညွှန်းဆိုထားတဲ့အတိုင်းပါပဲ၊
ဒီစာအုပ်ထဲမှာဖော်ပြထားတဲ့ တီထွင်မှုတွေက လူ့သမိုင်းကို ပုံဖော်ခဲ့ကြတဲ့၊ ကမ္ဘာကြီးကို တော်လှန်ပြောင်းလဲသွားစေခဲ့တဲ့ တီထွင်ဖန်တီးမှုတွေ ဖြစ်ပါတယ်။
လူ့သမိုင်းအစ “မီး”ကို အသုံးပြုတတ်လာမှု၊ “ကျောက်လက်နက်”တွေကို တီထွင်ဖန်တီး အသုံးပြုတတ်လာမှု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အခြေခံကျကျ ပြောင်းလဲသွားစေခဲ့တဲ့ “ဘီး”ကို တီထွင်မှု၊ အဲဒီနောက် ကမ္ဘာကြီးရဲ့ အသွင်သဏ္ဌာန်ကိုပါ ပြောင်းလဲသွားစေခဲ့တဲ့ စက်မှုတော်လှန်ရေး၊ နောက်ဆုံး ကွန်ပျူတာ၊ အီလက်ထရောနစ်နဲ့ ဒစ်ဂျစ်တယ်တော်လှန်ရေးအထိ တီထွင်ဖန်တီးမှုများ။
စက်မှု၊ ဆေးပညာ၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စစ်လက်နက်၊ လျှပ်စစ်၊ အာကာသလေ့လာရေး၊ ကွန်ပျူတာနဲ့ အင်တာနက်၊ ဒရုန်းနဲ့ ဉာဏ်ရည်တုနည်းပညာ စတဲ့ နယ်ပယ်အသီးသီးက အရေးအပါဆုံး တီထွင်ဖန်တီးမှုများအပြင် ထင်ရှားကျော်ကြားတဲ့ တီထွင်ဖန်တီးသူများအကြောင်း။
ကလေးတွေ၊ လူငယ်တွေအတွက်သာမက မိဘဆရာများအတွက်ပါ ဗဟုသုတ ကောင်းစွာရရှိစေမယ့်စာအုပ်။ ဓာတ်ပုံ၊ သရုပ်ဖော်ပုံပေါင်း များစွာဖြင့်။
လူသားတွေဟာ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အရ ခြေနှစ်ဖက်ပေါ် မတ်မတ်ရပ်နိုင်ကတည်းက တီထွင်ဖန်တီးဉာဏ်နဲ့ ရှင်သန်လာခဲ့တဲ့ သတ္တဝါတွေပါ။ လူသားတွေမှာ ” ရှိနေတဲ့ဝန်းကျင်နဲ့ အနေအထားတွေကို ကျော်လွန်ပြီး စိတ်ကူးယဉ်နိုင်စွမ်းရှိခြင်း”နဲ့”အဲဒီစိတ်ကူးတွေကို လက်တွေ့အသုံးချနိုင်ခြင်း”ဆိုတဲ့ ထူးခြားတဲ့ အရည်အသွေး ရှိနေပါတယ်။ ဒီစာအုပ်ထဲက တီထွင်ဖန်တီးမှုတွေဟာ ကမ္ဘာကြီးကို တော်လှန်ပြောင်းလဲစေခဲ့တဲ့ တီထွင်ဖန်တီးမှုတွေ ဖြစ်တာကြောင့် ဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 166 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ပင်ဝါးရုံ၊ 2026 ဧပြီလ (ပထမအကြိမ်) |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ