
ပန်းပွင့်အိပ်မက်
7000 (ကျပ်)
ယခုစာအုပ်မှာ ကိုယ်ချစ်တဲ့သူကတစ်ယောက်၊ ကိုယ့်ကို ချစ်တဲ့သူက တစ်ယောက်နဲ့ ဇာတ်လမ်းကို လှစွာတည်ဆောက်ထားပါတယ်။ ၀တ္ထုထဲမှာ သူချသ်တဲ့ကောင်မလေး သူ့(ဇာတ်ကောင်)တို့ ကွဲကွာသွားပြီး၊ သူ(ဇာတ်ကောင်) ကို ချစ်တဲ့ ကောင်မလေးနဲ့ ပြန်တွေ့တဲ့ အခန်းစာ ခေတ်ကြီးတစ်ခုလုံးကို မြင်တွေ့နေရသလိုပါပဲ။
သူ(ဇာတ်ကောင်)က ကျောင်းသားဘ၀ကလို မဟုတ်ပဲ အလုပ်ကြမ်းသမား တစ်ယောက်ဖြဟ်နေပြီး သူ့(ဇာတ်ကောင်) ကို ချစ်တဲ့ မိန်းကလေးဟာလဲ ဘ၀ကို (ကျွန်တော့်မိတ်ဆွေ ကဗျာဆရာကိုထက်ရဲ့ စကားလုံးကိုယူသုံးရရင်) ဘ၀ကို ထိုးကျွေးပြီး ဖြတ်သန်းနေရပုံက စိတ်ပျက်ဖွယ်နေ နေ့ရက်များ၊ ချစ်ခြင်းမေတ္တာ၊ မူးယစ်ဆေးဝါး၊ အနာဂတ်ပျောက်ဆုံးခြင်းနှင့် မယုံကြည်နိုင်ဖွယ်များ ပြည့်နှက်နေပြီး ကျွန်တော်တို့ရဲ့ စိတ်ကောင်းရှိပြီး အချစ်၀တ္ထုစာရေးဆရာ မင်းမူပိုင်က ချစ်ခြင်းမေတ္တာအမူးပြု၍ စိတ်ပျက်ဖွယ် နေ့ရက်များကို သူတို့ ကျော်ဖြတ်နေပုံ၊ မူးယစ်ဆေးဝါးနဲ့ အနာဂတ်ပျောက်ဆုံးခြင်းကို ရင်ဆိုင်တုံ့ပြန်ကြပုံများကို အလွမ်းအမော ရင်မောဖွယ်ရာများနဲ့ တဖျက်ဖျက် လင်းလက်နေသော မေတ္တာကိုပါ နေ့ရအောင် ဖောပြရေးသားထားပါသည်။
| စာမျက်နှာ | 183(Creamy Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4x 0.3 x 8 inches |
| ပုံနှိပ်မှတ်တမ်း | လမ်းပြကြယ်စာအုပ်တိုက်၊ 2023 မတ်လ(ပထမအကြိမ်) |
9 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ