
သားအိမ်ကင်ဆာ မေး-ဖြေ ၁၀၀
3000 (ကျပ်)
သားအိမ်ကင်ဆာဆိုတာ အမျိုးသမီးတိုင်း စိုးရိမ်ကြောင့်ကြနေတဲ့ရောဂါတစ်မျိုးဖြစ်ပါသည်။ သားအိမ်ကင်ဆာမှာ ဘာအမျိုးအစားတွေ ရှိသလဲ၊ ဆေးတွေကြောင့် သားအိမ်ကင်ဆာဖြစ်တတ်သလား၊ သားအိမ်ကင်ဆာကို ခွဲစိတ်ဖို့ မလိုဘဲ ကုသနည်းရှိသလား၊ သားအိမ်ကင်ဆာပြန်ဖြစ်ရင် ခွဲစိတ်ရတော့မှာလား၊ သားအိမ်ကင်ဆာကို ဘယ်လိုရင်ဆိုင်ကိုင်တွယ်ရမလဲဆိုတဲ့ သားအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားသင့်ပါတယ်။
သားအိမ်ကင်ဆာ အစပျိုးနေသူ၊ ကုသမှုခံယူနေသူ၊ ကုသပြီးလို့ နောက်ဆက်တွဲစောင့်ကြည့်နေသူတို့ အပါအဝင် အလုံးအကျိတ်ခွဲထုတ်ခြင်း၊ ကင်ဆာပါရဂူက ဆေးပေးခြင်း၊ ဓာတ်ရောင်ခြည်နဲ့ ဓာတ်ကင်ခြင်းတို့ဖြင့် သားအိမ်ကင်ဆာရောဂါရှင်အမျိုးသမီးများရဲ့ အရေးကြီးတဲ့လိုအပ်ချက်တွေကို ဤစာအုပ်က ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
သားအိမ်ကင်ဆာဟာ ရောဂါတစ်ခုသာဖြစ်ကြောင်း၊ ကူးစက်တတ်တဲ့ရောဂါမဟုတ်ကြောင်း သိထားဖို့ လိုအပ်ပါတယ်။ သားအိမ်ကင်ဆာဟာ ပထမဆုံး အဖြူဆင်းများခြင်း၊ သွေးဆင်း ပုံမမှန်ခြင်း၊ သို့မဟုတ် သွေးဆင်းများခြင်းတို့ကြောင့် အများဆုံးဖြစ်တတ်ပါတယ်။ သားအိမ်ကင်ဆာဝေဒနာခံစားနေရတဲ့ အမျိုးသမီးတိုင်း ဒီစာအုပ်ဖတ်ပြီးအခါမှာ စိုးရိမ်ပူပန်မှုတွေ ကင်းဝေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သားအိမ်ကင်ဆာအကြောင်းလို့ ရေးထားပေမယ့် တခြားဆက်နွှယ်နေတဲ့ရောဂါ ဝေဒနာတွေရဲ့ သဘောသဘာ၀၊ လက္ခဏာတွေကိုလည်း ဖော်ပြထားပါတယ်။
ကင်ဆာတိုက်ပွဲရှေ့တန်းစစ်မျက်နှာက အတွေ့အကြုံအပေါ် ဆင်ခြင်သုံးသပ်ပြီး အမှန်တကယ် သိသင့်သိထိုက်တဲ့အချက်တွေကို စုဆောင်းရေးသားထားခြင်းဖြစ်ပါတယ်။ ယနေ့ခေတ် အမျိုးသမီး ကြီးငယ်မရွေး သားအိမ်ကင်ဆာဖြစ်မှာကို ကြိုတင်တွေးတောပြီး စိုးရိမ်မနေကြဘဲ ကင်ဆာကျော်လွှားနိုင်ကြစေဖို့ သားအိမ်ကင်ဆာဆိုင်ရာ နောက်ဆုံးပေါ် သိပ္ပံနည်းပညာအချက်လက်များကို အမေးအဖြေနှင့်တကွ ယခုစာအုပ်ထဲမှာ ပါဝင်ပါတယ်။
| စာမျက်နှာ | 128(Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 6 x 0.3 x 8.9 inches |
| ပုံနှိပ်မှတ်တမ်း | တူဒေးစာပေ၊ 2012 စက်တင်ဘာလလ၊ (ပထမ-ကြိမ်) |
4 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ