
ကမ္ဘာကိုပြောင်းလဲစေခဲ့သောအမျိုးသမီးသိပ္ပံပညာရှင်များ
12000 (ကျပ်)
ယခုစာအုပ်ကတော့ Rachel Ignotofsky ရေးသားပြီး စာရေးဆရာ စောဝေလျှံ ဘာသာပြန်ဆိုထားတဲ့ “ကမ္ဘာကိုပြောင်းလဲစေခဲ့သော အမျိုးသမီးသိပ္ပံပညာရှင်များ” (Women in Science) ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ သိပ္ပံပညာလောကမှာ အခက်အခဲတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး လမ်းသစ်ထွင်ခဲ့ကြတဲ့ အမျိုးသမီးတွေအကြောင်းမို့ ဖတ်ရှု့သင့်ပါတယ်။
ဒီစာအုပ်ဟာ ကမ္ဘာ့သမိုင်းတစ်လျှောက် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာ (STEM) နယ်ပယ်တွေမှာ ထူးခြားပြောင်မြောက်စွာ အောင်မြင်ခဲ့ကြတဲ့ အမျိုးသမီးသူရဲကောင်း (၅၀) ဦးရဲ့ အကြောင်းကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ထားတာဖြစ်ပါတယ်။
မာရီကျူရီ (Marie Curie) ကဲ့သို့ ထင်ရှားသူများသာမက သမိုင်းမှာ ပျောက်ကွယ်နေခဲ့တဲ့အမျိုးသမီးသိပ္ပံပညာရှင်တွေရဲ့ အကြောင်းကိုပါ တစ်စုတစ်စည်းတည်း လေ့လာနိုင်မှာပါ။အတားအဆီးတွေကြားကနေ သူတို့ရဲ့ အိမ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ခဲ့သလဲဆိုတာကို ရေးသားထားတာမို့ ဖတ်ရှုသူတိုင်းအတွက် ကြီးမားတဲ့ ခွန်အားကို ပေးစွမ်းပါတယ်။
ရှေးဟောင်းကမ္ဘာကနေ ခေတ်သစ်သိပ္ပံလောကအထိ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ ရှာဖွေတွေ့ရှိမှုတွေကို ရှင်းလင်းလွယ်ကူစွာ ဖတ်ရှုရမှာဖြစ်ပါတယ်။သိပ္ပံနဲ့ နည်းပညာကို စိတ်ဝင်စားသူများ။အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးတွေရဲ့ ဘဝမှတ်တမ်းတွေကို လေ့လာချင်သူများ။သားငယ်၊ သမီးငယ်တွေကို စိတ်ဓာတ်တက်ကြွစေမယ့် စာအုပ်မျိုး လက်ဆောင်ပေးချင်တဲ့ မိဘများဝယ်ယူသင့်ပါတယ်။
| စာမျက်နှာ | 160 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.9 x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ရွှေသစ္စာစာပေ၊ 2026 မတ်လ (ပထမအကြိမ်) |
10 in stock





မီချစ်လုံး –
မိန်းကလေး တိုင်းဖတ်သင့်တဲ့ စာအုပ်လေးပါ…
အမျိုးသမီးတွေဟာ လင်ယူသားမွေး အိမ်မှုကိစ္စ
လုပ်နေတာထက် အများကြီး တန်ဖိုးရှိ အများကြီး စွမ်း
ဆောင်နိုင်တယ် ဆိုတာကို မီးမောင်းထိုးပြထားတဲ့ စာအုပ်လေးပါ
စာအုပ်ထဲကအမျိုးသမီးတွေအကြောင်းဖတ်ရင်း
စိတ်ခွန်အားတွေအများကြီးရပါတယ်
စွမ်းဆောင်ရှင် အမျိုးသမီးတွေအကြောင်းနဲ့ သူတို့ရဲ့
ခံယူချက်တွေကို တိုတိုရှင်းရှင်းထိထိမိမိဖော်ပြထားတာမို့
ဝယ်ဖတ်ရတာတန်တဲ့ စာအုပ်လေးပါ…