မောင်ထားရစ်ခဲ့သည့်နောက်

( 0 မှတ်ချက်)

15000 (ကျပ်)

ဆရာမယုဒါရဲ့ဝတ္ထုတွေက သန္တရသအများဆုံးပေးပြီးစာအလှပြေပြစ်ချောမွေ့လှသူပါတယ်။အခုလိုဝတ္ထုရှည်ဆိုရင် အနုစိတ် ရေးပြဖွဲ့တတ်ပါတယ်။အကြောင်း အကျိုး၊အလစ်အဟာမရှိအကွက်ကျကျဆွဲခေါ်သွားတဲ့အခါ ခံစားမှုချိတ်ဆက်မိမိနဲ့ ဇာတ်လမ်းနောက်ကိုတကောက်ကောက်လိုက်မိပါတယ်။စိတ်ခံစားချက်မှုအတိုင်းအမျိုးသမီးဇာတ်ကောင်တွေ နေရာက ရေးတာများပြီးစေတနာပါလှတယ်။ဆင်ခြင်သတိတွေလည်းပေး…အတုခိုးမမှားစေရအောင် စာနာတတ်တဲ့ရသအဖွဲ့ဖြစ်ပါတယ်။ဒီဝတ္ထုတွေဟာ ရိုးစင်းလှပ ညှို့ယူနိုင်ပါတယ်။မိန်းမပျိုရဲ့ချစ်ခြင်းတိတ်တခိုးနဲ့အတူရေမွှေးရနံ့နဲ့ မေတ္တာရနံ့ ဟာ တစ်အုပ်လုံးမွှေးပျံ့ နေတာပါပဲ။
*****

မောင်ထားရစ်ခဲ့သည့်နောက်’…ဝတ္ထုရှည်ဟာက အတော်နှစ်သက်စရာကောင်းပါတယ်၊အချစ်ရဲ့
နင့်သည်းချစ်တတ်မှုနဲ့ ကိုပြသပါတယ်။ သူ့ချစ်သူကောင်လေးကိုရင်ထဲစွဲသွားရပါတယ်။အသည်းကွဲထရိုင်ရို’မှာ #Trio သကြားလုံးလေးအမည်နဲ့ အချစ် သင်္ကေတပါ။ဈေးကြီးတဲ့သကြားလုံးကြိုက်သလေးကို…ချစ်ပါလျက်ချစ်ခွင့်မပန်ရဲတဲ့ ဘဝဟာ ‘နှင်းဆီနီအိပ်မက်’လိုဖြစ်တတ်တာပဲလို့ သတိထားမိ စေတဲ့ဝတ္ထုပါ။

သူကကျွန်မရဲ့ဝါကျတွေကိုချစ်တယ်’ မှာမဂ္ဂဇင်းတိုက်စာကို စာမူသွားပို့မိရာက ရလာတဲ့အကျိုးဆက်နဲ့ဆင်ခြင်တွေးတောစရာတွေမှာ အချစ်ကနေဝန်တိုမှုသံသယကိုမွေးဖွားစေတာမျိုးဖွဲ့ပြသွားတယ်။
အချစ်စစ်စစ်မှာတော့အချစ်ကိုရေမွှေးပုလင်းခွံလွတ်နဲ့ နှိုင်းပြတာကလည်းဝတ္ထုအနားသတ်ကိုလှစေခဲ့တယ်။

‘#ဝတ်မှုန်သီတဲ့ကြိုး’မှာ တော့ ငြိလုံးလေးတွေကိုတစိမ့်စိမ့်ပြရင်းအချစ်နဲ့သံယောဇဥ်ကြား လှည့်ကွက်လေးနဲ့ကစားသွားတဲ့အခါ ဖတ်ရသူရင်ထဲမှာ ..ဝိုးခနဲ။
မေ့ချစ်ဦး’ကိုတော့ အလွမ်းဆုံး နဲ့ ‘အနှမျောဆုံးအချစ်’ ပဲလို့ပြောလိုက်ပါရစေ ။ချစ်သူကိုခွဲခွာရရုံမက ပြန်ဆုံချိန်ဟာ ဆွေးမြည့်စရာဖြစ်စဥ်တစ်ခုကြောင့် မေမွန်ဆိုတဲ့အမျိုးသမီးကိုစာနာမိပါရဲ့
*****

ဒီရသအဖွဲ့တွေဟာ ဖတ်ရုံနဲ့ မပြီးပဲ.. ဖတ်ရင်း ဝမ်းနည်းစိတ်ဆိုး၊ပြုံးရ ဆွေးရတဲ့အခါ အချိန်အရွယ်မရွေး ဖြစ်ပေါ်တတ်တဲ့မေတ္တာဖွဲ့ ဝတ္ထုအဖြစ် “မောင်ထားခဲ့သည့်နောက်နှင့်အခြားဝတ္ထုရှည်များ”က စွဲဆောင်မှု အပြည့်နဲ့ စာဖတ်သူ ဆယ်ကျော်သက်တွေအပြင် အရွယ်သုံးပါးစလုံးဆင်ခြင်သတိနဲ့ ပညာပေးတာလေးတွေကိုပါညွှန်းထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

စာမျက်နှာ

222 (Woodfree paper)

စာအုပ်အရွယ်အစား

5.3 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကောင်းကင်မေစာပေ 2026 မတ်လ (ပထမအကြိမ်)

39 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မောင်ထားရစ်ခဲ့သည့်နောက်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ယုဒါ စာအုပ်များ