
ဝိဘဇ္ဇ
20000 (ကျပ်)
လူသားတစ်ဦးချင်းတွင် ဖြစ်ပေါ်ကြုံတွေ့နေရသော ပြဿနာများ၊ အခက်အခဲများ၊ ကိစ္စရပ်များ၊ ပဋိပခများ၊ အငြင်းပွားဖွယ်များကို အမှန်အတိုင်း ရှူမြင်ခံစားသိရှိ ဖြေရှင်းနိုင်ရန်အတွက် ဒဿနပညာသည် အဓိကအရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။
စာရေးသူသည် စီးပွားရေးပညာကို လေ့လာနေသူတစ်ယောက် ဖြစ်ပါသည်။ စတော့အရောင်းအဝယ်လုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် ငွေကြေးစီမံခန့်ခွဲမှုပညာရှင်အဖြစ် လုပ်ကိုင်၍ ကိုယ်တိုင်စတော့ အရောင်းအဝယ် ပြုလုပ်ချိန်တွင် စတော့ရှယ်ယာရောင်းဝယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုများတွင် ဆုံးဖြတ်ချက်များ မှန်ကန်ကောင်းမွန်စေရန်အတွက် စိတ်ပိုင်းဆိုင်ရာများနှင့်ပတ်သတ်သော စိတ်ပညာစာအုပ်များ ဖတ်ရှု၍ လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ စီးပွားရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် အာမခံပညာရှင်အဖြစ် လုပ်ကိုင်ခဲ့ချိန်တွင် တွေးခေါ်မှုပိုင်းဆိုင်ရာ ဒဿနဗေဒပညာကို စိတ်ဝင်တစားဖြစ်ခဲ့သောကြောင့် စတော့ရောင်းဝယ်ခြင်းနှင့် အာမခံပညာရပ်များအတွက် အထောက်အပံ့ဖြစ်စေသော ဒဿနပညာဆိုင်ရာ စာပေများကို ဖတ်ရှုလေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။
ယခုစာအုပ်တွင် ဝိဘဇ္ဇဝါဒဆိုသည့် အယူဝါဒပိုင်းဆိုင်ရာ တွေးတောသုံးသပ်ချက်များ၊ ဝိဘဇ္ဇ = စူးစမ်းဝေဖန်၊ ပိုင်းခြား၊ စိစစ်ခြင်းဆိုသည့် အယူအဆများ အပေါ်တွင် အခြေခံ၍ လူ့အဖွဲ့အစည်းတစ်ခုတွင် လက်တွေ့ရင်ဆိုင်ကြုံတွေ့နေရသော အယူအဆပိုင်း ဆိုင်ရာများအပေါ်တွင် အခြေခံ၍ အတွေ့အကြုံနှင့် ယူဆချက်များကို ရေးသားထားခြင်း ဖြစ်ပါသည်။
| စာမျက်နှာ | 224 (woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.4 x 8 inches |
| ပုံနှိပ်မှတ်တမ်း | ဆိပ်ကမ်းသာပေ၊ 2026 ဧပြီလ (ပထမအကြိမ်) |
10 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ