မော်ဖင်း(ကျေးလက်ဆရာဝန်တစ်ဦး၏မှတ်တမ်းများ)

( 0 မှတ်ချက်)

15000 (ကျပ်)

စာအုပ်ပါ ပထမဆုံးဝတ္ထုတို ၇ ပုဒ်မှာ ကျေးလက်ဆေးရုံတွင် ကြုံတွေ့ခဲ့ရသည့် ဝါနု ဆရာဝန်ငယ်လေး၏ အတွေ့ အကြုံများကို လက်ရာမြောက်စွာ ပုံဖော်မှတ်တမ်း တင်ထားခြင်း ဖြစ်ပြီး ထိုခေတ်ကာလက ရုရှားနိုင်ငံ၏ ဆေးပညာသင်ကြားရေးစနစ်၊ ဆေးကုသမှုပုံစံများ၊ လူနေမှု စနစ်များ၊ နိုင်ငံရေး အခြေအနေများကို ထင်ဟပ်ပြသ နေသည့် ဝတ္ထုများ ဖြစ်ကြပါသည်။

“မော်ဖင်း” ဆိုသော ဝတ္ထုမှာ ဝတ္ထုရှည် ဖြစ်ပြီး အချို့သော စာအုပ်တိုက်များက သီးခြား ခွဲထုတ်ကာ ထုတ်ဝေကြ သည့် ဝတ္ထုတစ်ပုဒ်လည်း ဖြစ်ပါသည်။ မော်ဖင်းခေါ် ဘိန်းဖြူကို စွဲလမ်း သွားသည့် ဆရာဝန်တစ်ယောက်၏ အတွေ့အကြုံနှင့် ခံစားချက်များကို နက်နက်နဲနဲ ပုံဖော်ထားနိုင်သည့် ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်သည့်အပြင် စာရေးဆရာကြီး မီခေးလ်ဘူလ်ဂါကော့ဗ်ကိုယ်တိုင်က ဆေးစွဲသူတစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် “မော်ဖင်း” ဝတ္ထုသည် စာရေးဆရာ၏ ကိုယ်ရေးအတ္ထုပတ္တိတစ်စိတ်တစ်ပိုင်းဟုလည်း ယူဆနိုင်ပါသည်။

မူရင်းစာအုပ်ပါ နောက်ဆုံး ဝတ္ထုတို တစ်ပုဒ်ဖြစ်သည် “The Murderer” ဝတ္ထုကိုမူ လက်ရှိ အခြေအနေ များအရ ထည့်သွင်းရန် မသင့်ဟု ယူဆသဖြင့် ယခု ဘာသာပြန်စာအုပ်တွင် ချန်လှပ်ထားခဲ့ပါသည်။ ရုရှား စာရေးဆရာကြီး မီခေးလ်ဘူဂါကော့ဗ်၏ လက်ရာများမှာ မြန်မာစာဖတ် ပရိသတ်နှင့် အနည်းငယ် စိမ်းနေသေးသဖြင့် ယခုစာအုပ်သည် မြန်မာဘာသာပြန် စာပေလောကအတွက် တစ်ထောင့် တစ်နေရာမှ အကျိုးပြုနိုင်လိမ့်မှာဖြစ်ပါတယ်။

===
စာအုပ်တွင် လူသားစိတ်၏ နူးညံ့မှု၊ အားနည်းချက်နှင့် တာဝန်ဝင်စားမှုတို့ကို အလှဆင်မထားဘဲ တကယ့်ဘဝအတိုင်း ဖော်ပြထားပါသည်။ ဝါနုဆရာဝန်ငယ်တစ်ယောက်၏ ကိုယ်တွေ့အတွေ့အကြုံများမှတဆင့် လူ့ဘဝ၏ ဖိအားများ၊ ဆုံးဖြတ်ချက်များနှင့် စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမှုများကို နက်နက်နဲနဲ တွေ့မြင်နိုင်စေပါသည်။ ထို့အပြင် “မော်ဖင်း” ဝတ္ထုမှတဆင့် ဆေးစွဲခြင်း၏ အန္တရာယ်နှင့် လူ့စိတ်၏ ပျက်စီးနိုင်မှုကို ရင်ခုန်ဖွယ် ဖတ်ရှုနိုင်ပြီး ထိုခေတ် ရုရှားနိုင်ငံ၏ ဆေးပညာစနစ်၊ လူနေမှုဘဝနှင့် လူမှုအခြေအနေများကိုပါ နားလည်လာစေပါသည်။ လူ့ဘဝအမှန်တရားများကို နက်ရှိုင်းစွာ ခံစားလိုသူ စာဖတ်သူတိုင်းအတွက် ဖတ်သင့်သော စာအုပ်တစ်အုပ် ဖြစ်ပါသည်။

စာမျက်နှာ

220 (Woodfree paper)

စာအုပ်အရွယ်အစား

5.3 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အမြွှာညီနောင်၊ 2025 ဒီဇင်ဘာလ (ပထမအကြိမ်)

10 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မော်ဖင်း(ကျေးလက်ဆရာဝန်တစ်ဦး၏မှတ်တမ်းများ)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ထက်ခေါင်ကျော် စာအုပ်များ