စာဆိုတော်ဦးနု၏ဘင်္ဂလားသွားမှတ်တမ်း

( 0 မှတ်ချက်)

25000 (ကျပ်)

စာဆိုတော်ဦးနုသည် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား(ဗဒုံမင်း) (၁၇၄၅-၁၈၁၉) လက်ထက်တွင် ထင်ရှားခဲ့သော စာဆိုပညာရှိတစ်ဦး ဖြစ်သည်။ “ရွှေတောင်သာဂသူ’ဟူသော မင်းပေးဘွဲ့ ချီးမြှင့်ခံရသည်။ ရမ္မာဝတီ(ရမ်းဗြဲ)မြို့ဝန်၊ အကောက်ဝန်၊ အထောက်တော် အဖြစ်လည်း အမှုထမ်းသည်။ စာဆိုသည် ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၆၇ ခု၊ နတ်တော်လဆန်း ၁ဝ ရက်၊ စနေနေ့ (၃၀ နိုဝင်ဘာ ၁၈ဝ၅) တွင် အမရပူရနေပြည်တော်မှ ဘင်္ဂလားသို့ သွားခဲ့သည့် ခရီးသွားအတွေ့အကြုံများနှင့် အတွေးအမြင်များကို အခြေခံကာ ခရီးစဉ်မှတ် လင်္ကာမှတ်တမ်းတစ်စောင် ရေးခဲ့ပါသည်။

`ဘင်္ဂလားသွားမှတ်တမ်း´ဟု အမည်တွင်သော ဤမှတ်တမ်းသည်မြန်မာ့ခရီးသွားမှတ်တမ်းစာပေနယ်၌ အစောဆုံး နိုင်ငံခြားသွား မှတ်တမ်းဖြစ်ကာ မဟာစည်သူ ဦးရွဲ၏ ‘ဘင်္ဂလားသွားစာတမ်း’ထက် ၂၈နှစ်၊ ကင်းဝန်မင်းကြီး၏ ‘လန်ဒန်သွားနေ့စဉ်မှတ်စာတမ်း ထက် ၆၇ နှစ်၊ “ပြင်သစ်နိုင်ငံသွား နေ့စဉ်မှတ်တမ်း’ထက် ၆၉ နှစ် စောပါသည်။ မြောင်လှမြို့စား မြန်မာသံတော်ဆင့် ဦးခြိမ့်၏ “ပူတကေ စပိန်အီတာလျံသွားမှတ်တမ်း ထက် ၇၂ နှစ် စောပါသည်။ ယခုဆိုလျှင် ဤမှတ်တမ်း၏ သက်တမ်းမှာ နှစ်ပေါင်း ၂၂၀ ရှိပြီ ဖြစ်ပါသည်။

စာမျက်နှာ

179 (Woodfree paper)

စာအုပ်အရွယ်အစား

7.7 x 0.6 x 10.7 inches

ပုံနှိပ်မှတ်တမ်း

အမြွှာညီနောင်၊ 2025 ဒီဇင်ဘာလ (ပထမအကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စာဆိုတော်ဦးနု၏ဘင်္ဂလားသွားမှတ်တမ်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မောင်သန်းဝင်း(ရန်ကုန်တက္ကသိုလ်) စာအုပ်များ