မကြည်ပြာနှင့်ယုဇနမခင်ပျို

( 0 မှတ်ချက်)

8000 (ကျပ်)

ဘဝဆိုသည်မှာ သွားရောဂါကု ဆရာဝန်ထံသွားခြင်းတစ်မျိုးဖြစ်သည်ဟု ဆိုမိန့်ခဲ့သော ပညာရှင်တစ်ယောက်တလေမှ မပေါ်ပေါက်ခဲ့ဘူးလား။ ရင်ထဲက နာကျင်နေသော အချစ် ကြည်ပြာကို သွားဆရာဝန်သုံးသောညှပ်ဖြင့် ဆွဲနုတ်၍ လွှင့်ပစ်လိုက်ချင်ပါသည်။
ထိုအခါ ကျွန်တော့်ကိုမေ့ဆေးပေးရန် သတိရပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်ရင်ထဲမှာ မကြည်ပြာရှိနေသေးသောကြောင့် ဖြစ်ပါသည်။ လူဆိုသည်မှာ မဟုတ်မှန်းသိလျက်နှင့် ယုံတတ်သော၊ ဟုတ်သည်ထင်သော သတ္တဝါဖြစ်၏။ သို့မဟုတ်မှန်းသိလျက်နှင့် ကြောက်ရွံ့သောကြောင့် ဟုတ်သည်ဟု ထင်နေသော သတ္တဝါဖြစ်၏။

အလုပ်တစ်ခုကို မဖြစ်မှန်းသိလျက်နှင့် ယုံကြည်ဟန်ဆောင်ကာ လုပ်နေကြသော လူတွေထဲမှာ၊ အချစ်တစ်ခုကို မချစ်မှန်းသိလျက်နှင့် ချစ်ဟန်ဆောင်ကာ ချစ်နေသောသူသည် အမိုက်မဲဆုံး ဖြစ်၏။

( ခမ်းနားကြီးကျယ်သောအချစ် အင်းလျားဆောင်မှာနေသည် – မှ )
===

စာအုပ်တွင် ဝတ္ထုပုဒ်ရေ ၂၀ ပါဝင်ပြီး ဆရာဇော်ဇော်အောင်က အမှာ၌ ” ယခု ဝတ္ထုများ သည် ဇာတ်လမ်းမဲ့ခြင်း Plotless နှင့် ပိုင်းစ စိတ်မြွှာခြင်း Fragmentation သဘောဆောင်သော ဝတ္ထုများ ဖြစ်ပါသည်။ အရှိအတိုင်း၊ ပကတိအတိုင်း တင်ပြလိုက်ခြင်းဖြစ်၏။ ကောင်း၏ ညံ့၏ ပြောရန်မှာ ကျွန်တော့်ကိစ္စမဟုတ်ပါ။ ကြိုက်သင့် မကြိုက််သင့်၊ ဖတ်သင့် မဖတ်သင့် ပြောရန်မှာ ကျွန်တော့်ကိစ္စ သာ၍ မဟုတ်ပါ ” ဟု ထိထိရှရှလေး ဆိုထားသည်။

စာမျက်နှာ

192 (Woodfree paper)

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2025 နိုဝင်ဘာလ (စတုတ္ထအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မကြည်ပြာနှင့်ယုဇနမခင်ပျို” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဇော်ဇော်အောင် စာအုပ်များ