လွတ်မြောက်ရန်မစွမ်းနိုင်သော
20000 (ကျပ်)
ထောင်ချောက်ဆိုတဲ့ အဓိပ္ပါယ်ကိုသိလား…
မလွတ်မြောက်နိုင်ခြင်း…တဲ့။ သင်တို့မှာရော ပိတ်မိနေရတဲ့ ထောင်ချောက်တွေရှိလား၊ နောင်တတွေရော ပါရဲ့လား။
‘လွတ်မြောက်ရန်မစွမ်းနိုင်သော’ ဆိုတဲ့ ဒီဇာတ်လမ်းထဲမှာ အတိတ်တွေထဲပိတ်မိနေတဲ့ ကောင်လေးရှိတယ်။ နောင်တတွေကို တနင့်တပိုးထမ်းထားရတဲ့ကောင်လေးရှိတယ်။
ဖြစ်ချင်တဲ့ဆန္ဒတွေကို ဘေးချိတ်ထားရပြီး လုပ်မှဖြစ်မယ့်အရာကိုလုပ်နေရတဲ့ ယူကျုံးမရဖြစ်မှုနဲ့အတူ ကိန်းအောင်းနေတဲ့ စိတ်ဒဏ်ရာတွေကို ထွေးပိုက်ရှင်သန်နေရတဲ့ ကောင်လေးရှိတယ်။
အချစ်ကြောင့် ကိုယ်စိတ်နှစ်ပါးဆင်းရဲနေရတဲ့ကောင်လေးလည်းရှိတယ်။
တစ်ယောက်ကိုဒဏ်ရာတစ်မျိုးစီနဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ ပြည့်လျှံနေတဲ့လူနာပေါင်းများစွာဟာလည်း မတူညီတဲ့ခံစားချက်မျိုးစုံနဲ့ ပိတ်မိနေရတယ်။ သင်ရော ဒီထောင်ချောက်မှာ မွန်းကြပ်ခြင်းတွေခံစားရင်းနဲ့ ခဏတာပိတ်မိနေဖို့အသင့်ဖြစ်ပြီလား။
~~~
မိဘတွေရဲ့ရင်းနှီးမှုကနေအစပြုလို့ သူငယ်ချင်းဖြစ်ခဲ့ကြတဲ့ ထက်မြတ်ရှိန်လင်းနဲ့ သုခပြည့်လျှံ။
လင်းဟာ ဖောက်ဖျက်ချင်သော်လည်း မလွန်ဆန်နိုင်တဲ့သူငယ်ချင်းစည်းကြောင့် တိတ်ဆိတ်နေရတယ်။ သုခကတော့ဒီလိုတွေးတယ်။ ‘အတ္တတွေ လောဘတွေကြောင့် ဆင်ခြင်နိုင်စွမ်းမရှိ မီးပုံထဲခုန်ဆင်းလောင်ကျွမ်းကြတဲ့ ပိုးစုန်းကြူးတွေကိုငါမုန်းတယ်၊ ငါ လင်းကို အဲ့လိုမျိုး ဘယ်တော့မှအဖြစ်မခံဘူး’ တဲ့။ ဒီလိုပြောတဲ့ သုခပြည့်လျှံကိုယ်တိုင်ကရော အတ္တကင်းရဲ့လား။
လူ့စိတ်ဟာ အတ္တဆိုတဲ့အကြောက်တရားပေါ် မူတည်ပြီးဖွဲ့စည်းထားတဲ့အတွက် လူမှန်ရန် အတ္တရှိကြတာချည်းပါပဲ။ အချစ်တစ်ခုကိုလည်း ရယူဖို့ကြိုးစားမှမဟုတ်ပါဘူး။ မရယူရဲတဲ့စိတ်နဲ့ ဖက်တွယ်ထားဖို့ကြိုးစားရင်လည်း အတ္တပါပဲ။
ထက်မြတ်ရှိန်လင်းရဲ့အစ်ကိုဆိုသူ ဘုန်းနေရောင်လင်းကတော့ သုခကိုရည်ရွယ်ပြီး ‘အချစ်ခံလူတန်းစားတွေဟာ အပြစ်ကင်းသလိုမျက်နှာနဲ့ သိပ်အတ္တကြီးကြတယ်’ လို့ပြောတယ်။ ဒီလိုပြောတဲ့ ဘုန်းနေရောင်လင်းကိုယ်တိုင်ရဲ့ ကိုယ်ပိုင်ထောင်ချောက်လေးထဲမှာ ပိတ်မိနေရပုံတွေက ဇာတ်လမ်းကို ဘယ်လိုပါဝင်ထောက်ပံ့ပေးနေဦးမလဲ…။
အတ္တတွေ၊ မာနတွေကြားက အဓိပ္ပာယ်အများကြီးပါဝင်နေတဲ့ ဒီလူသားတွေရဲ့ဇာတ်လမ်းကို စာရေးသူမီ ရေးသားထားတဲ့ “လွတ်မြောက်ရန်မစွမ်းနိုင်သော” ဆိုတဲ့ ဇာတ်လမ်းထဲမှာ ဖတ်ရှုခံံစားလို့ရပါတယ်။ အစ၊ အလယ်၊ အဆုံး ဘယ်လိုဇာတ်ကွက်ဖြစ်လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့ အမျိုးအစားလည်းဖြစ်ပါတယ်။ စာဖတ်သူဟာ သိပ်ကိုမွန်းကြပ်တဲ့ခံစားချက်ကိုကြိုက်တဲ့သူဆိုရင် လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။
| စာမျက်နှာ | 317(woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.2 ×0.5 ×8 inches |
| ပုံနှိပ်မှတ်တမ်း | Book Case By Saw ၊ 2025 စက်တင်ဘာလ(ပထမအကြိမ်) |
5 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ