ခေတ်ကျပ်ကြီးမှာ ခွန်အားရှိစွာနေထိုင်နည်းများ
6500 (ကျပ်)
ခေတ်ကျပ်ကြီးဟာ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ယူဆောင်လာပေမဲ့ တစ်ချိန်တည်းမှာပဲ ကြီးမြတ်သော စိတ်ဓာတ်ခွန်အားတွေကို မွေးထုတ်ပေးနိုင်ပါတယ် ..
– ဒီခက်ခဲတဲ့ ကာလတွေ ပြီးဆုံးသွားတဲ့အခါ
သင်ဟာ ပိုပြီး ပညာရှိသူ ဖြစ်နေပါလိမ့်မယ် ( သင်ယူမှုနှင့် ကျွမ်းကျင်မှုတွေကို မမေ့ဘဲ တိုးတက်အောင် လုပ်ဆောင်ခဲ့ရင် )
သင်ဟာ ပိုပြီး ခိုင်မာတဲ့သူ ဖြစ်နေပါလိမ့်မယ် ( လဲကျတိုင်း ပြန်ထနိုင်တဲ့ စိတ်ဓာတ်ကို နေ့စဉ် တည်ဆောက်ခဲ့ရင် )
သင်ဟာ ပိုပြီး စာနာတတ်တဲ့သူ ဖြစ်နေပါလိမ့်မယ် ( အခက်အခဲ ကြုံဖူးသူမို့ အခြားသူကို နားလည်ပေးနိုင်ရင် )
ဒီစာအုပ်ထဲမှာ
အခန်း (၁) ခေတ်ကျပ်ကြီးမှာ ရှင်သန်ဖို့ စိတ်ခွန်အား
အခန်း (၂) အခက်အခဲကို ကျော်လွှားနိုင်သော စိတ်ဓာတ် (Mental Resilience) ကို တည်ဆောက်ခြင်း
အခန်း (၃) မရေရာမှုများကြားက မျှော်မှန်းချက်နှင့်ပန်းတိုင်ငယ်များ
အခန်း (၄) ခေတ်ကျပ်မှာ မီးမငြိမ်းခဲ့သူများ
အခန်း (၅) ဘာသာရေးနှင့် ဝိညာဉ်ရေးရာဖြင့် စိတ်ခွန်အားကုစားခြင်း
အခန်း (၆) စိတ်ကျန်းမာရေးပြဿနာကို သတိပြုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း
အခန်း (၇) ခေတ်ကျပ်နှင့် လူငယ်တို့၏ စိတ်ထားတတ်ရန် လိုအပ်မှု
အခန်း (၈) ခေတ်ကျပ်မှာ ရှင်သန်နိုင်မယ့် ငွေရှာနည်းလမ်းများ
အခန်း (၉) ခေတ်ကျပ်မှာ ပျော်စရာများကို ကြံဖန်ရှာခြင်း
အခန်း (၁၀) ခေတ်ကျပ်မှာ လူငယ်များ လမ်းမှားမရောက်အောင် ကာကွယ်ခြင်း
အခန်း (၁၁) ခေတ်ကျပ်မှာ လူကြီးမိဘများကလူငယ်များကို ဘယ်လိုခွန်အားပေးသင့်လဲ
အခန်း (၁၂) လူငယ်များက လူကြီးမိဘများအပေါ် ဘယ်လိုတုံ့ပြန်သင့်လဲ
အခန်း (၁၃) ကိုယ့်ကို မကောင်းတဲ့သူများကို ရင်ဆိုင်ပုံ စိတ်ခွန်အား
အခန်း (၁၄) စာဖတ်ခြင်းဖြင့် အမှောင်ထုကို အနိုင်ယူခြင်း
အခန်း (၁၅) ကိုယ့်ဆီ တည့်တည့်တိုးလာသော အခက်အခဲများကို ရင်ဆိုင်ခြင်း
အခန်း (၁၆) မြန်မာပြည်မှ ခေတ်ကျပ်ကို ကျော်လွှားခဲ့သူများ၏ သာဓကများ
အခန်း (၁၇) ဗိုလ်ချုပ်အောင်ဆန်း၏ ခေတ်ကျပ်ကို ကျော်လွှားခြင်း
အခန်း (၁၈) လူငယ်နှင့် AIနည်းပညာ – အနာဂတ်၏ သော့ချက်
အခန်း (၁၉) YouTube ပေါ်မှာ ပညာရှာဖွေပြီး အားသာချက်ယူခြင်း
အခန်း (၂၀) Telegram ကို တိုးတက်ရေးအတွက် အသုံးချခြင်း
အခန်း (၂၁) မုဒိတာမပွားနိုင်တဲ့သူ(မနာလိုသူ)တွေကို ဘယ်လို လျစ်လျူရှုမလဲ
အခန်း (၂၂) နောက်ဆုံး ဘာလာလာဒေါင်းတဲ့ စိတ်ဓာတ်နှင့် စုပေါင်းခွန်အား
စိတ်ဓာတ်ခွန်အား၏ မီးမငြိမ်းစတမ်း …
စတဲ့ အကြောင်းအရာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ် …..
| စာမျက်နှာ | 111(woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.2 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ၊ 2025 အောက်တိုဘာလ (ပထမအကြိမ်) |
16 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ