ခေါင်ရမ်းပန်းတစ်ပွင့်

( 2 မှတ်ချက်)

25000 (ကျပ်)

သဘာ၀နှင့်ဆန့်ကျင်သော မေတ္တာဘွဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်နေရင်း မှပင် ခုခံကျ/ကာလသားရောဂါဆိုင်ရာ အခြေခံအကြောင်းအရာများကို ယခင် ခေတ်ကာလ အခြေအနေများမှတစ်ဆင့် ယနေ့မျက်မှောက်ခေတ်တိုးတက်လာသော ဆေးဝါးခေတ်စနစ်အထိ အဆင့်ဆင့်ပြောင်းလဲလာပုံကို သရုပ်ဖော်ပြထားပါတယ်။

၀တ္ထုဇာတ်အိမ်အရ သမားရိုးကျမဟုတ်သော သံယောဇဉ်တစ်ခုကို အခြေခံထားပြီး ဇာတ်ပို့၊ ဇာတ်ရန်  မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖွဲ့စည်းထားကာ သာမာန်လူများ ဝင်ရောက် ကျင်လည်ရန် ခက်ခဲသော လူမှုအသိုင်းအဝိုင်းတစ်ခုအတွင်းမှ အကြောင်းအရာများ၊ ထောင့်ငါးရာနှင့် ငါးရာနှစ်ဆယ့်ရှစ် မေတ္တာနှင်ပတ်သက်၍ ယခင်အချိန်က ဆိုးရွားစွာ ရှိခဲ့ဖူးသော ခွဲခြားနှိမ့်ချဆက်ဆံခြင်းများအား ပေါ်လွင်အောင် ရေးသားပုံဖော်ထားပါသည်  ။

ယခုနောက်ပိုင်း ကာလများတွင် လူငယ်များကို ခုခံကျ/ကာလသား ရောဂါဆိုင်ရာများ၊ အန္တရာယ်ကင်းသော လိင်မှုဆိုင်ရာများ၊ မျိုးဆက်ပွားနှင့် သားဆက်ခြားဆိုင်ရာ ပညာပေးခြင်းများ ဆောင်ရွက်ရာတွင် သတင်းအချက်အလက်များကို လူငယ်များခေါင်းထဲသို့ တိုက်ရိုက်သွင်းခြင်းထက်စာလျှင် ယခုကဲ့သို့ စာပေအနုပညာ  အင်အားကိုအသုံးပြု၍ နှလုံးသားထဲ စွဲမြဲဝင်ရောက်သွားအောင် ပညာပေးခြင်းက ပိုမိုထိရောက် စေမှာဖြစ်ပါတယ်။
===
စာအုပ်တွင်းမှ ကောက်နှုတ်ဖော်ပြချက်

စာမျက်နှာ

406(woodfree paper)

စာအုပ်အရွယ်အစား

5.3 ×0.8 ×8.2 inches

ပုံနှိပ်မှတ်တမ်း

Book Case By Saw ၊ 2025 ဩဂုတ်လ(ပထမအကြိမ်)

5 in stock

ခေါင်ရမ်းပန်းတစ်ပွင့် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. နီနီအေး –

    အလွန်ကောင်းပါတယ်..

  2. San Lin Aung –

    အရမ်းကောင်းပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဖြိုးကိုကို စာအုပ်များ