ထိရောက်ကျွမ်းကျင်စွာအနိုင်ယူလိုက်ပါ
14000 (ကျပ်)
Professional နယ်ပယ်ကြိုးဝိုင်းထဲမှာ သင့်ရဲ့စွမ်းအင်ကို မြှင့်တင်နိုင်စေမယ့် စာအုပ် …
-ယနေ့ခေတ် ပရော်ဖက်ရှင်နယ်လောကမှာ ရပ်တည်ဖို့ဆိုတာ ကျွမ်းကျင်မှုအသစ်တွေကို အမြဲသင်ယူနေဖို့ လိုပါတယ်။ အရင်ကလို သင့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုဆိုတဲ့ လက်ရုံးရည်တစ်ခုတည်းနဲ့ မရတော့ပါဘူး။ သင့်ရဲ့နေရာတည်မြဲဖို့ဆိုရင် နှလုံးရည်လို့ဆိုရမယ့် လူမှုဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုလို Soft skills အရေးတကြီးလိုအပ်လာပါပြီ။-ဒီအတွက် Ronnie Screwvala ရဲ့ ကမ္ဘာကျော်လက်ရာဖြစ်တဲ့ “Skill It, Kill It: Up Your Game”ကို မြန်မာဘာသာပြန် “ထိရောက်ကျွမ်းကျင်စွာ အနိုင်ယူလိုက်ပါ” ဆိုတဲ့စာအုပ်ကို သင်ဇာစိုးထင်က ဘာသာပြန်ထုတ်ဝေလိုက်ပါပြီ။ မူရင်းစာရေးသူ Ronnie Screwvala ဆိုတာ အိန္ဒိယနိုင်ငံမှာ UTV Group လို ဧရာမလုပ်ငန်းကြီးတွေကို ထူထောင်ခဲ့ပြီး မီဒီယာ၊ ဖျော်ဖြေရေးနဲ့ ပညာရေးနယ်ပယ်တွေမှာ မယုံနိုင်စရာအောင်မြင်မှုတွေ တည်ဆောက်နိုင်ခဲ့တဲ့ စွန့်ဦးတီထွင်သူကြီးတစ်ဦးပါပဲ။
ဒီစာအုပ်ထဲမှာ သင့်ရဲ့ပန်းတိုင်တွေဆီကို အရောက်လှမ်းနိုင်ဖို့၊ စိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ဖို့နဲ့ ကိုယ်ပိုင်ဘဝကို ပိုမိုတောက်ပအောင် ဖန်တီးနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လက်တွေ့ကျကျ လမ်းညွှန်မှုတွေ၊ အတွေးအခေါ်တွေနဲ့ နည်းလမ်းကောင်းတွေကို ပေါင်းစပ်ပေးထားပါတယ်။
-ဒီစာအုပ်က ဘာတွေ ပေးစွမ်းနိုင်မှာလဲဆိုတော့…
“စွမ်းရည်တွေကို ထုတ်ဖော်မြှင့်တင်ဖို့”။ ။ ခေတ်နဲ့အညီ အမြဲတမ်းပြောင်းလဲနေတဲ့ ဒီပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့နည်းပညာပိုင်းဆိုင်ရာ စွမ်းရည် (Technical Skills) တွေရော၊ လူမှုဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုလို ပျော့ပျောင်းတဲ့ စွမ်းရည် (Soft Skills) တွေကိုပါ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကို ဒီစာအုပ်က နားလည်အောင် ရှင်းပြပေးပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တီထွင်ဖန်တီးပြီး စျေးကွက်ထဲမှာ ဘယ်လိုတန်ဖိုးရှိတဲ့သူတစ်ယောက် ဖြစ်လာမလဲဆိုတာကိုပါ လမ်းညွှန်ပေးမှာပါ။
“စိန်ခေါ်မှုတိုင်းကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်ဖို့”။ ။ အလုပ်မှာပဲဖြစ်ဖြစ်၊ ဘဝမှာပဲဖြစ်ဖြစ် အခက်အခဲဆိုတာ ကြုံလာတတ်တာပါပဲ။ ဒါတွေကို ကြောက်ရွံ့ပြီး နောက်ဆုတ်နေမယ့်အစား၊ ဒီစာအုပ်က အခက်အခဲတိုင်းမှာ သင်ခန်းစာရှိတယ်၊ အခွင့်အရေးရှိတယ်ဆိုတာကို သင့်ကို နားလည်အောင် ကူညီပေးပါလိမ့်မယ်။ ပြဿနာတွေကို သင်ယူမှုအတွက် လှေကားထစ်တွေအဖြစ် ဘယ်လိုအသုံးချမလဲဆိုတာ သင်ပေးမှာပါ။
“ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ အရည်အချင်းတွေကို တည်ဆောက်နိုင်ဖို့”။ ။ အဖွဲ့အစည်းကို ဦးဆောင်နေသူဖြစ်စေ၊ ကိုယ့်ဘဝကို ကိုယ်တိုင်ဦးဆောင်နေသူဖြစ်စေ ခေါင်းဆောင်မှုဆိုတာ အရေးကြီးပါတယ်။ ဒီစာအုပ်က ထိရောက်တဲ့ ခေါင်းဆောင်မှုပုံစံတွေ၊ ဖိအားတွေကြားထဲကနေတောင် ဘယ်လိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမလဲဆိုတဲ့ အဖိုးတန်နည်းလမ်းတွေကို မျှဝေထားပါတယ်။
“မလျှော့တဲ့ စိတ်ဓာတ်နဲ့ ဇွဲလုံ့လကို ပိုင်ဆိုင်နိုင်ဖို့”။ ။ပန်းတိုင်ရောက်ဖို့ဆိုတာ လွယ်ကူတဲ့ခရီးမဟုတ်ပါဘူး။ လမ်းတစ်လျှောက်မှာ စိတ်ပျက်အားငယ်ရတာတွေ၊ စိတ်ဓာတ်ကျရတာတွေ ရှိနိုင်ပါတယ်။ ဒီစာအုပ်က အဲဒီလိုအချိန်တွေမှာ ဘယ်လိုစိတ်ဓာတ်ခိုင်မာအောင် နေရမလဲ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ မလျှော့တဲ့ဇွဲကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို တိုက်တွန်းအားပေးပါလိမ့်မယ်။
ဒီစာအုပ်ဟာ မိမိရဲ့ကိုယ်စွမ်းကိုယ်စ တိုးတက်ချင်တဲ့လူငယ်တွေ၊ အလုပ်မှာ ကိုယ့်စွမ်းဆောင်ရည်ကို ပိုမြင့်ချင်တဲ့သူတွေ၊ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ဖို့ ရည်ရွယ်ထားသူတွေ၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေတဲ့သူတွေအတွက် တကယ်ကို ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
“ထိရောက်ကျွမ်းကျင်စွာ အနိုင်ယူလိုက်ပါ” ကို ဖတ်ပြီး ပရော်ဖက်ရှင်နယ်နယ်ပယ်ကြိုးဝိုင်းထဲမှာ ပိုပြီး စွမ်းအင်အပြည့်နဲ့ ယုံကြည်မှုရှိရှိ ရပ်တည်နိုင်မှာပါ။
| စာမျက်နှာ | 243(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာပေလမ်း 2025 ၊ ဩဂုတ်လ (ပထမအကြိမ်) |
30 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ