သုစရိတစက်ဝန်း

( 0 မှတ်ချက်)

7000 (ကျပ်)

ဒီစာအုပ်ကို ဆရာမဂျူးက “ကျွန်မ အလွန်နှစ်သက်တဲ့ ထပ်ခါထပ်ခါ ဖတ်လေ့ရှိတဲ့ ကိုတာရဲ့ “သုစရိတစက်ဝန်း” စာအုပ်ကို တင်ပြပါတယ်။ သူတလူ ငါတမင်း လောဘ၊ ဒေါသ ၊ မောဟ စတဲ့ ကိလေသာတွေ ထူပိန်းလှတဲ့ လူ့အသိုင်းအဝိုင်း တစ်ခုထဲမှာ မျှော်လင့်ချက်တွေ ကုန်ဆုံးလုနီးပါး ခံစားနေရသူများ ရှိခဲ့ရင် ကျွန်မတို့ရဲ့ မိုးကောင်းကင်ကြီး ပြာလဲ့နေပါသေးတယ် လို့ အားတင်းဖို့ အချင်းချင်းအားပေးဖို့ အလွန်သင့်တော်တဲ့စာအုပ်တစ်အုပ်ဖြစ်လို့ပါ” လို့ ပြောထားပါတယ် ..

ဆရာ ကိုတာရဲ့ အမှာစာမှာလည်း အောက်ပါအတိုင်း ရေးသားထားပါတယ် ..

” ကျွန်တော်တို့ပြည်မှာ သုစရိတစက်ဝန်းတွေ များများရှိရင် ကောင်းမယ် ။ Simplicity Circle ဆိုတဲ့ အင်္ဂလိပ်စကားတစ်ခွန်းရှိသည် ။ ရိုးခြင်းစက်ဝန်းလို့ တိုက်ရိုက်အနက်ရှိမှာပေါ့ ။ သုစရိတစက်ဝန်း ( သု – ကောင်းတာ ၊ စရိတ – စရိုက် ၊ ကောင်းတဲ့အဝန်းအဝိုင်း ရှိသူများ၏ အဝန်းအဝိုင်း ) ချဲ့ပြီး အဓိပ္ပာယ်ကောက်လိုက်တာက လှသွားအောင် ပိုပြီး ငုံမိသွားအောင်ပါ ။

သုစရိတစက်ဝန်းထဲက ကောင်းသောစရိုက်ရှိတဲ့သူတွေဟာ စာဖတ်ကြတယ် ။ ပတ်ဝန်းကျင်ကို စောင့်ရှောင်ကြတယ် ။ သစ်ပင်စိုက်ကြတယ် ။ ကျန်းမာအောင်နေတယ် ။ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာကို စားကြတယ် ။ ကိုယ်ကျင့်တရား ကောင်းကြတယ် ။ အများကို ကူညီကြတယ် ။ ငြိမ်းချမ်းကြတယ် ။

ဒီစာအုပ်ကလေးက နေပုံထိုင်ပုံအကြောင်းဟောတဲ့ စာအုပ်ပါ ။ နေထိုင်ပုံကို လိုက်ဖ်စတိုင်လို့ ခေါ်ကြတာပေါ့ ။ လိုက်ဖ်စတိုင်တွေ ပြောင်းကုန်လို့ လူတွေမပျော်ကြတာတဲ့ ။ ဥတုပျက်တာ ၊ သဘာဝပျက်တာလည်း လူတွေရဲ့ နေထိုင်ပုံက အရင်းခံပဲလို့ ပြောနေကြတယ် ။ နေထိုင်ပုံ ပြောင်းလဲသွားအောင်လုပ်တာက မဝယ်ချင် ဝယ်ချင်အောင်လုပ်တဲ့ လူတွေရဲ့လောကကို နှိုးဆွနေတဲ့ စားသုံးခြင်းဝါဒ ( Consumerism) ကြောင့်လို့လည်း တွက်ပြတယ် ။ ကျွန်တော်တို့ဆီ အဲ့ဒီဝါဒကြီး ရောက်လာမှာပါပဲ ။ သတိရှိရင်လည်း ဘာလာလာပေါ့ ။

ဒီစာအုပ်လေးဟာ ကောင်းသောအကျင့်စရိုက်ဆိုတာ ဘာလဲ ။ ရိုးရှင်းအောင် ဘယ်လိုနေမလဲ ။ ငြိမ်းချမ်းအောင် ဘယ်လိုနေမလဲ ။ ဘဝနဲ့ သပ္ပါယဖြစ်အောင် ဘယ်လိုနေမလဲ ။ အဲ့ဒီမေးခွန်းတွေကို ဖြေဖို့ အားထုတ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

120(Woodfree Paper)

စာအုပ်အရွယ်အစား

5.2× 0.2 ×7.5 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2025ခုနှစ် ၊ ဇူလိုင်လ ၊ (ပထမအကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သုစရိတစက်ဝန်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကိုတာ စာအုပ်များ