ဟိုဝေးဝေးက တောင်ကုန်းလေး
8500 (ကျပ်)
မြို့လေးနဲ့ တောင်ကုန်းဟာ ခွဲလို့မရဘူး…မြို့ကလေးရဲ့နာမည်ကို ရွတ်လိုက်တာနဲ့ ဒီတောင်ကုန်းလေးရှိနေတာ လူတိုင်းလိုလိုသိကြတယ်… တောင်ကုန်းလေးလို့ ဆိုလိုက်တာနဲ့ မြို့ကလေးကို ပြေးမြင်တတ်ကြတယ်…တောင်ကုန်းလေး တစ်ခုကလွဲပြီး ကျန်တဲ့ဧရိယာတွေက ဖျာလိပ်လေးတစ်ခုဖြန့်ခင်းထားသလို ပြန့်ပြန့်ပြူးပြူးရှိနေတဲ့ မြေပြင်သက်သက်နဲ့ မြင့်မြင့်မားမား တခြားတခြားသော တောင်တန်းတွေ မရှိဘဲ မြေပြန့်ထက် သိသိသာသာလေးမြင့်နေလို့သာ “တောင်” လို့ အမည်သညာထည့်ခေါ်ရတဲ့ တောင်ကုန်းလေး တွဲဖက်တည်ရှိနေတဲ့ ဒီမြို့လေးမှာ တောင်ကုန်းပေါ်က အိမ်ကလေးသုံးလုံးဟာ စိတ်ဝင်စားစရာ ဇာတ်လိုက်ပေါ့…
မြို့ခံလူတွေ ပြောတတ်ကြတာကတော့ “ထူးဆန်းတယ်” တဲ့… ဟုတ်မယ် … ဒီတောင်ကုန်းပေါ်က အိမ်လေးသုံးလုံးမှာ ဘယ်သောအခါမှ မြို့ခံ လူသက်သက် မနေတတ်ကြဘူး…တစ်ဝေးတစ်နယ်က လူတွေ လာလာပြီး နေတတ်ကြတာ ထူးတန်းတာပေါ့… ပြီးတော့ သူတို့တွေက အကြာကြီးလည်း မနေတတ်ကြဘူး…ဘယ်ချိန် ဘယ်ခါ ပြောင်းရွှေ့သွားတယ်ဆိုတာလည်း မြို့ခံတွေ မသိကြဘူး…ရောက်လာကြတယ် …နောက် ထွက်သွားကြတယ် ဆိုတာမျိုး…သေချာတာကတော့ သူတို့က အကြာကြီး မနေတတ်ကြတဲ့ လူစိမ်းတွေပဲ…
ရေစက်ပါရင် ဆုံစည်းတတ်ကြတယ်တဲ့… ဒါဆို တောင်ကုန်းလေးပေါ်မှာ ဆုံစည်းခဲ့ကြတဲ့ ဒီအဖြစ်ဟာ ရှေးကဖန်တဲ့ရေစက်တွေ ထင်ပါရဲ့… ကြောင်လေးတွေကိုချစ်တဲ့…မျက်ရည်တွေကို တားဆီးပေးချင်တဲ့ …ဒဏ်ရာတွေကို ကုစားပေးချင်တတ်တဲ့ စာရေးဆရာ နဲ့ သူ့ရဲ့ အိမ်နီးချင်းတွေက ဘယ်သူတွေများလဲ…
သေချာကတော့ တောင်ကုန်းလေးပေါ်က စာရေးဆရာနဲ့ သူ့အိမ်နီးချင်းတွေက ဒီလောကကြီးထဲက လူသားအချို့ကို ကိုယ်စားပြုမှာ သေချာပါတယ်…ဘဝအပျက်နဲ့ ရှေ့ဆက်လို့ မရနိုင်တာကိုလည်း စာရေးဆရာက သူ့အိမ်နီးချင်းတွေကို မေတ္တာနဲ့ မျှဝေပေးလိမ့်မယ် ထင်ပါတယ်…
| စာမျက်နှာ | 144(Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6× 0.3 ×8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2025ခုနှစ် ၊ ဇွန်လ ၊ (ပထမအကြိမ်) |
21 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ