Organizational Behavior အဖွဲ့အစည်းဆိုင်ရာအပြုအမူ အတွဲ(၁)

( 0 မှတ်ချက်)

20000 (ကျပ်)

Organizational Behavior ဘာသာရပ် ဆိုတာကတော့လူ့အမူအကျင့်ဆိုင်ရာ လက်တွေ့ အသုံးချ သိပ္ပံ ပညာရပ် (Applied Behavioral Science ) တစ်ခုဖြစ်ပြီး အဓိကအားဖြင့် …

– စိတ်ပညာ (Psychology)
– လူမှုရေးစိတ်ပညာ (Social Psychology)
– လူမှုဆက်ဆံရေး ပညာ (Sociology)
– မနုဿဗေဒပညာ (Anthropology)
– နိုင်ငံရေးသိပ္ပံပညာ (Political Sciences)
– စီးပွားရေးပညာ (Economics)  စတဲ့နယ်ပယ်တွေနဲ့ဆက်စပ်လျှက်ရှိတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။

တနည်းဆိုရရင်တော့ အထက်ပါဘာသာရပ်များစွာမှ ဖော်ထုတ်ရရှိတဲ့အပြုအမူဆိုင်ရာ၊ အမူအကျင့်ဆိုင်ရာ လေ့လာတွေ့ရှိချက်တွေအပေါ် မှာ အခြေခံတည်ဆောက်ထားသော ဘာသာရပ် တစ်ခုပဲ ဖြစ်ပါတယ်။ လက်တွေ့နယ်ပယ်မှာလည်း OB ဘာသာရပ် ဆိုတာ စီမံခန့်ခွဲမှု လုပ်ငန်းစနစ်ရဲ့ ခွဲခြားမရတဲ့ ၊ မပါမဖြစ် အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပြီး အဖွဲ့အစည်းများကိုစီမံခန့်ခွဲရတဲ့မန်နေဂျာတွေ၊ စီမံခန့်ခွဲရသူတွေ၊ စီးပွားရေး (သို့) အဖွဲ့အစည်းတစ်ခုကို ဦးဆောင်သူနေသူတွေ လေ့လာသင့်တဲ့ မန်နေဂျာ လက်စွဲ ဘာသာရပ် တစ်ခုဖြစ်ပါတယ်။ HR ဘာသာရပ်ရဲ့ အခြေခံ ဘာသာရပ် တစ်ခုလည်း ဖြစ်ပါတယ်။ OB ပိုင်မှ HR နိုင်မယ် လို့တောင် ဆိုကြလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ OB ဘာသာရပ် ဆိုတာ လူတွေရဲ့ စိတ်တွေ သဘောထားတွေ အပြုအမူတွေ လူ့သဘောသဘာဝ အကြောင်းတွေကိုဘက်စုံထောင့်စုံက လေ့လာတဲ့ ဘာသာရပ် ဖြစ်နေလို့ပဲ။

 

ဒါ့အပြင် OBဘာသာရပ်မှာ အဖွဲ့အစည်းတစ်ခုအတွင်း ရှိ လူတစ်ဦးချင်းစီရဲ့ အမူအကျင့်၊ စွမ်းဆောင်ရည်နှင့် လုပ်ဆောင်ချက်များကို လေ့လာရတဲ့အပြင်၊ အုပ်စုလိုက် အနေဖြင့်ရော၊ အဖွဲ့အစည်း တစ်ခုလုံးအနေနဲ့ပါ ဘယ်လို စွမ်းဆောင်ရည်တွေရှိသလဲ၊ ဘယ်လို လုပ်ဆောင်ချက်တွေ၊ ဘယ်လို အပြုအမူတွေ ၊ ဘယ်လို ယဉ်ကျေးမှုတွေ ရှိနေ သလဲ ဆိုတာကိုပါကို လေ့လာရပါတယ်။

 

ဒီစာအုပ်မှာ OB ဘာသာရပ် ရဲ့ အကြောင်း လူတွေ ရဲ့ အကြောင်းကို အသေးစိတ် လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။

စာမျက်နှာ

357(Woodfree paper)

စာအုပ်အရွယ်အစား

5.7 x 0.6 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ခုနှစ်စဉ်ကြယ်စာပေ 2025 ၊ ဇွန်လ(ပထမအကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“Organizational Behavior အဖွဲ့အစည်းဆိုင်ရာအပြုအမူ အတွဲ(၁)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ပြည့်ဖြိုးမောင် စာအုပ်များ