ဘုရားသခင်ကိုစိန်ခေါ်သူ
12000 (ကျပ်)
အသိဥာဏ်ရှိတဲ့ လူသားတွေဟာ ဘဝရဲ့အဓိပ္ပါယ် (meaning of life)ကို ရှာဖွေဖို့ ကြိုးစားကြတယ်။ အသက်ရှင်နေရခြင်းဟာ ရည်ရွယ်ချက်တခုခုရှိရမယ်လို့ ယူဆတာကိုး။ ဘဝရဲ့အဓိပ္ပါယ်ဆိုတာ ဘာလဲ။ ဘာအတွက် အသက်ရှင်နေသလဲ။ လူသားတွေဟာ ဘယ်ကလာသလဲ။ သေလွန်တဲ့အခါ ဘယ်ကိုသွားမလဲ။ ဒီမေးခွန်းအားလုံးအတွက် ကျနော်တို့မှာ တိကျတဲ့အဖြေမရှိပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်လဲ ယုံကြည်ပုံခြင်း မတူနိုင်ဘူး။
ဒီစာအုပ်မှာ လူသားတွေရဲ့အစနဲ့ ပတ်သက်ပြီး ပုံပြင်ကြီးသုံးပုဒ် အကြောင်းကို ပြောပြသွားပါတယ်။ ဗြဟ္မာကြီးပုံပြင်၊ အာဒံ ဧဝပုံပြင်နဲ့ ဆင့်ကဲဖြစ်စဥ်ပုံပြင်ရယ်ပေါ့။ ထိုပုံပြင်ကြီးသုံးပုဒ်မှာ လူသားတွေ စတင်ဖြစ်ပေါ်လာပုံခြင်း မတူဘူး။ ဗြဟ္မာကြီးပုံပြင်မှာ လူသားတွေက လေထဲကစတယ်။ အာဒံ ဧဝပုံပြင်မှာဆို ကုန်းပေါ်ကစပြီး ဆင့်ကဲ့ဖြစ်စဥ်ပုံပြင်မှာတော့ ရေထဲကစတင်ပါတယ်။
—
“လူအများစုဟာ ဆင့်ကဲဖြစ်စဥ်ကို နားလည်ဖို့ရာ မကြိုးစားချင်ဘူး။ လူဟာ မျောက်မှ ဆင်းသက်လာတယ်ဆိုတဲ့ အဆင့်မှာတင် ရပ်တန့်လိုက်တယ်။ သက်ရှိဆဲလ်တွေ ဘယ်လိုပေါ်ပေါက်လာသလဲ။ ရိုးစင်းသော သက်ရှိဆဲလ်လေးမှ အဆင်မြင့် ရှုပ်ထွေးသော သက်ရှိတွေ ဘယ်လိုဆင့်ကဲပြောင်းလဲလာသလဲ။ ငါးတွေရဲ့ ရေယက်မှ စန္ဒယား တီးနိုင်သော လက်ချောင်းတွေ ဘယ်လိုရခဲ့သလဲ။ ရိုးစင်းသော အာရုံခံ အစက်အပြောက်လေးမှ ကြည်လင်သော မျက်လုံးတွေ ဘယ်လိုဖြစ်လာသလဲ သိလိုစိတ်မရှိဘူး။ သူတို့အတွက် ဘုရားသခင်က ဖန်ဆင်းတယ် (သို့) ဗြဟ္မာကြီးတွေမှ ဖြစ်တည်လာတယ်လို့ ယုံကြည်လိုက်ခြင်းက သက်သာရာ ရစေတယ်။ အဓိပ္ပာယ် မရှိသော်လဲ နားဝင်လွယ်တယ်။ အရာရာတိုင်းက ရေကန်အသင့်၊ ကြာအသင့် ပေါ်ပေါက်လာတယ် ဆိုမှတော့ ဘာထပ်စဥ်းစားစရာ လိုသေးလဲ။
လူတယောက်ဟာ ငါးတကောင်၊ မှိုတပွင့်၊ သရက်တပင်နှင့် ဆွေမျိုးတော်စပ်တယ်။ ဘိုးဘေးတခုတည်းမှ ဆင်းသက်လာတယ်ဆိုတဲ့ အတွေးဟာ နားလည်ရ ခက်တယ်။ နှစ်ပေါင်းထောင်ချီ အရိုးစွဲလာသော ဘာသာရေး ပုံပြင်တွေမှ ကွဲထွက်နေလိမ့်မယ်။ သို့သော် ယုံကြည်သက်ဝင်မှုအပေါ် အခြေခံသော ဘာသာရေး ပုံပြင်တွေဟာ အချိန်ကာလတခုသာ ရပ်တည်နိုင်လိမ့်မယ်။ ယုံကြည်မှု ပျောက်ဆုံးရင် ထိုအရာတွေပါ လိုက်ပါပျောက်ဆုံးမယ်။ အချက်အလက်တွေပေါ် အခြေခံသော သိပ္ပံနည်းကျ သီအိုရီတခုကတော့ ကမ္ဘာတည်သရွေ့ ဆက်လက်တည်ရှိနေလိမ့်မယ်။
လူသားမျိုးစိတ်တွေ အမြောက်အမြားရှိတဲ့အထဲ ကျွန်တော်တို့ဟာ ပညာရှိသော လူသားလို့ အဓိပ္ပာယ်ရသော ဟိုမိုဆေးပီးယန်း (Homo sapiens) တွေ ဖြစ်တယ်။ အကျိုးအကြောင်း၊ ဆင်ခြင်တုံတရား လက်ကိုင်ထားတယ်။
ဉာဏ်ပညာပေါ် အခြေခံသော စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိတယ်။ ဒီလို အရည်အချင်းတွေ ပိုင်ဆိုင်ထားသော ပညာရှိ လူသားတွေဟာ ဘာကြောင့် မျက်ကန်းတစ္ဆေ ယုံကြည်မှုအပေါ် အခြေခံသော ပုံပြင်တွေမှာ ဖက်တွယ်နေမလဲ။ ဘာကြောင့် လူဟာ မျောက်မှ ဆင်းသက်တယ်ဆိုတဲ့ အပေါ်ယံ အသိလောက်မှာ ရပ်တန့်နေမလဲ။ အချက်အလက်တွေပေါ် အခြေခံသော သိပ္ပံနည်းကျ သီအိုရီတခုကို ခံစားနားလည်ဖို့ရာ မထိုက်တန်ပေဘူးလား။”
– စာရေးသူ၏ တတိယအကြိမ်ထုတ်ဝေခြင်းအတွက် အမှာ မှ –
| စာမျက်နှာ | 177 |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.4 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | The Book Town၊ 2025 ဖေဖော်ဝါရီလ (တတိယအကြိမ်) |
7 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ